ချစ်ထုံးဖြည်ပါ.....

in #esteem8 years ago

image

ချစ်ထုံးဖြည်ပါ.....

ဒါဟာ မန္တလေးရဲ့ ဒဿနတွေ ထဲက တစ်ခုပါ။
မန္တလေးသူ၊ မန္တလေးသားတွေပေမယ့်၊ မဆုံသော လမ်းတွေ ရှိခဲ့တယ်။
ချစ်ထုံးတွေ မဖြည်နိုင်ဖြစ်ရတယ်။
တစ်သွယ်တည်းပေမယ့်၊ မဆုံသောလမ်းတွေ ဖြစ်ခဲ့တယ်။
အတူ ပေါင်းစည်းဖို့၊
ရည်ရွယ်ခဲ့တာပဲ.....
သို့ပေမယ့်၊ အခြေခံတွေ မတူကြတော့၊ လွဲခဲ့ကြတယ်။
အလွဲကို ဆက်ချင်ရင်တောင်၊ ဆက်ထုံးတွေနဲ့ ဖြစ်နေမယ် မို့လား....

တကယ်တော့၊ ကျနော်တို့ မြို့တော်ဝန်ကြီးက
အင်မတန် အမြော်အမြင် ကြီးပါတယ်။

မန္တလေးရဲ့ အလွမ်းဇာတ်တွေကို သင်္ကေတပြုဖို့၊
ဒီသရုပ်ကို သူခြယ်လိုက်တယ်။

ဒီဆက်ထုံးဟာ၊
မန္တလေးမှာ အချစ်တွေ မပေါင်းစည်းနိုင်ခဲ့ခြင်းရဲ့ သင်္ကေတ။

ဒီဆက်ထုံးဟာ၊
ခေါင်းချင်းဆိုင်ပေမယ့်၊ အဖုအထစ်တွေနဲ့ ပေါင်းစည်းရခြင်း သင်္ကေတ။

image

မန္တလေးကို ချစ်စိတ်တွေ တူပေမယ့်၊
အခြေခံတွေ ကွဲလွဲကြတော့၊ လွဲခဲ့ရခြင်း အမှတ်သရုပ်။

မန္တလေးကျုံးကြီးကို အလှဆင်ဖို့၊ သူတို့ တည်ရှိနေကြတယ်။
သို့ပေမယ့်....

မန္တလေးကို ချစ်တဲ့သူတိုင်းက၊ ဒီပုံကို မြင်တိုင်း ဒီနေရာကို သွားကြည့်ချင် ကြလိမ့်မယ်။
မပြင်ပါနဲ့။
မပြင်လိုက်ပါနဲ့....

အဟောင်းကို ၊ အသစ်ပြင်ပေမယ့်
အသစ်မှာလည်း အလွဲတွေနဲ့ ဆိုတာကို
မန္တလေး သူ မန္တလေးသားတွေ ခံစားမိကြမယ်။

မန္တလေးကို အခြေပြုပြီးဖြစ်လာတဲ့ အချစ်တွေကလည်း၊
ကျုံးရဲ့စတီးလက်ရန်းလို ဆက်ထုံးတွေ များစွာ နဲ့ ရှိနေနိုင်တာပဲ။

ဆက်ထုံးများကို ချစ်ပါ။
ဒါဟာ၊
မန္တလေးမှာ လွဲခဲ့သူတွေရဲ့ သင်္ကေတလည်း ဖြစ်ကောင်းဖြစ်မှာပါ။

မင်းသေ့

photo : facebook

image

Coin Marketplace

STEEM 0.06
TRX 0.30
JST 0.055
BTC 74271.78
ETH 2312.96
USDT 1.00
SBD 0.51