အလွမ်း ရင့်ရင့် အမုန်း ခက်ခက်
"ရဲတွေက ဖမ်းသွားပြီလား ဘယ်သူတိုင်လိုက်တာလဲ
"သူပဲ ဖုန်းဆက်ပြီး ဝန်ခံလိုက်တာ
"ဘာ ဘယ်သူကို ဖမ်းသွားတာလဲ ပြောဦးလေ ပြော
မေသော်တာ နောက်ကရောက်လာပြီး ထက်မြက်နဲ့ ကမ္ဘာလွှမ်းကို မေးနေသည်။
"အကို ပြောလေ အကို ကမ္ဘာ ပြောဦးလေ ဘာပြောနေကြတာလဲ
နှစ်ယောက်စလုံး တစ်လုံးမှမပြောပဲ စိတ်မကောင်းတဲ့ မျက်လုံးလေးနဲ့ မေသော်တာကို ကြည့်နေသည်။
"ပိုင်လေးလို့တော့ မပြောနဲ့နော် ပိုင်လေးက အဲလိုမဟုတ်ဘူး ပိုင်လေးက အဲလိုဆိုးသွမ်းတဲ့လူ မဟုတ်ဘူး
"ညီမလေး တကယ်တော့လေ
"ဟဲ့ ထက်မြက်ရေ ငါလည်း ပြောစမ်းပါဦး
ငိုယိုပြီး ပြေးလာတဲ့ ဒေါ်နှင်းကြည်။မိထွေးသာပြောတယ် အရေးကြုံတော့ ဖိနက်တောင် မပါပဲပြေးလာသည်။
"အဟင့် အဟင့် ထက်မြက်ရယ် ဟုတ်လား ပြောပာဦး ထက်မြက်ရဲ့ ပါးစပ်ပိတ်မနေနဲ့ ဖဲဝိုင်းကနေကြားခဲ့တာ ဟုတ်ရဲ့လား သိရိကို စော်ကားမို့ လုပ်တဲ့ကောင်ကို သတ်လိုက်တာဆို
"ဘာ လူသတ်တာ
ပြောရင်းနဲ့ မေသော်တာ မြေကြီးပေါ်ကို ထိုင်ချလိုက်သည်။ ထိုင်ချလိုက်တာနဲ့တူတူ မျက်ရည်စတို့ ဝဲတက်လာသည်။
"သော် ကိုယ်ရှိတယ်နော် ကိုယ်တို့ အမှုလိုက်လို့ ရတာပဲလေ နော် သော်
"မိသော်တာ ငိုလိုက် ငိုလိုက် တင်းခံမထားနဲ့ သော်တာ ငိုချလိုက်
"အီးးးးဟီးးးး အီးးးးဟီးးးး
မေသော်တာ ငိုချလိုက်သည်။
ပိုင်ဖြိုးရဲ့ ရည်းစားမကျ သူငယ်ချင်းမကျ သိရိကို စော်ကားမို့ လုပ်တဲ့ကောင်နဲ့ ချရင်းနဲ့ ဓားနဲ့ထိုးမိသွားချင်းဖြစ်သည်။ နောက်တော့ သူကိုယ်တိုင်ပဲ ရဲကို ဖုန်းဆက်လိုက်သည်။ မေသော်တာတို့ အမှုလိုက်ရင်း လေးလကျော်ကျော်ကြာလာသည်။ နောက်ပိုင်းရောက်တော့ ဒေါ်ကြင်ကြင် သူ့မြေးနဲ့ မေသော်တာကို သဘောတူလိုက်သည်။
"အန်တီတို့ လောင်းထားသလို ကမ္ဘာက သမီးဆီကို လာခဲ့တယ် သမီးနိုင်တယ်ပဲထားပါ သမီးတို့ကို အန်တီသဘောတူလိုက်ပြီ သမီးမောင်လေး ကိစ္စလည်း အန်တီဆက်လိုက်ပေးမယ် သမီးကျေနပ်တယ်မလား
ကော်ဖီဆိုင်လေးမှာ ထိုင်စကားပြောနေကြသည်။
"ကျွန်တော် မကျေနပ်ဘူး
ဒေါ်ကြင်ကြင်နဲ့မေသော်တာတို့နှစ်ယောက် ကမ္ဘာလွှမ်းကို ကြည့်လိုက်သည်။
"ဟုတ်တယ်လေ ဘာလို့ လောင်းကစားလုပ်တာလဲ ဒါကတော့ လွန်တယ်လေ သော် အရမ်းလွန်တယ်နော်
"ဟုတ်ပါပြီ ငါ့မြေးရယ် အဖွကိုယ်တိုင် မင်းတို့ကို သဘောတူပါတယ် ဟုတ်ပြီလား လေးလတောင် အဖွားဆီကို တစ်ခေါက်မှမလာဘူး နေနိုင်လိုက်တာ အဖွားကလွမ်းနေတာ
"မဟုတ်ပါဘူး အဖွားရဲ့ အမှုတွေနဲ့ကော ရှုပ်နေတာမို့ပါ
"ဟုတ်ပါပြီကွယ်
"အဖွား ကျွန်တော် ခုတလော သော်တို့အိမ်မှာပဲ နေလိုက်မယ်နော် သော် အားငယ်နေမှာ
"အင်းပါ ငါ့မြေးသဘော
"မဟုတ်တာ ကမ္ဘာ အဖွားနဲ့ပဲ သွားနေပါ မဟုတ်တောင် လင်မယားတွေလား အမေးခံနေရတာ
"ဟား ခုလို အဖွားအိမ်မှာသွားနေတော့ ကွဲသွားတာလား မေးနေအုံးမယ်
"ဟာ အန်တီကလည်း
"အဖွား ပြန်တော့မယ် ကမ္ဘာရုံးလာတော့နော် မေသော်လည်း အလုပ်ပြန်ဝင်ပေါ့
"ဟုတ်ကဲ့ အဖွား
ဒေါ်ကြင်ကြင် ပြန်သွားသော်လည်း မေသော်တာတို့ကတော့ ဆက်ထိုင်နေသည်။
"သော် ဒါကတော့ လွန်တယ်နော်
"မလွန်ပါဘူး ခုချိန်ထိ သော်ကတော့ မတင်မကျလေးတွေ ရှိသေးတယ် သွား ဟိုဘက်ကို သော်နားမထိုင်နဲ့
"ဟား ဘာ သော် ပိုတောင်လွန်သွားပြီနော် ကိုယ်ကို လောင်းကြတာကတော့
"ဒါကတော့ ဒီလိုလေးတွေ ရှိတယ်လေ
"ကိုယ်ရဲ့ ခံစားချက်ကို ကစားနေတာလား
"မမကို...ချစ်တယ်"
တစ်ခြမ်း..ပြိုကျနေပြီ..ဖြစ်တဲ့...ကော်ဖီဆိုင်လေးကို..ကြည့်ပြီး..ပင်ယံ..ပြုံးမိသည်...ပင်ယံနန်း..ကုမ္မဏီရဲ့..အဆောက်အဦး..အရင်ကထက်..နှစ်ဆ..ပိုကြီး..လာတော့မည်..ဖြစ်သည်..ရှယ်ယာဟိုဒါတွေရဲ့...အထင်ကြီးလေးစားတဲ့..အကြည့်တွေကို..ပင်ယံ..သာယာနေတာတော့..အမှန်...လမ်းချဲ့မည်..ဆိုသည့်..သတင်းကြောင့်..လမ်းဘေးအဆောက်အဦး..အားလုံး..ပြာယာခတ်နေချိန်..ပင်ယံနန်းထက်..ရဲ့..ကုမ္မဏီက..အလုပ်သမား..ပန်ရံ..သမားများဖြင့်..မြိုင်ဆိုင်နေသည်..
"မပင်ယံ....နေမပူဘူးလား..ဗျ"
အလုပ်သမား..တွေကို..ငေးနေစဉ်..အနားသို့..ပင်ယံတို့..ကုမ္မဏီရဲ့..တစ်ဦးတည်း..အင်ဂျင်နီယာ..ဦးကိုကိုအောင်..ရောက်လာသည်..
"နည်းနည်းတော့..ပူတာပေါ့..ဒါပေမဲ့..ခဏဘဲ..ပြီးရင်..အပြင်မှာ..ချိန်းထားတာရှိလို့သွားမှာ.."
ဦးကိုကိုအောင်..ဆိုတာ..အကြီးတန်း..အင်ဂျင်နီယာ....နောက်ကဘွဲ့တစ်ခုက..လူပျိုကြီး....တနည်းအားဖြင့်ပြောရရင်..ပင်ယံရဲ့..ကုမ္မဏီမှာ..ပင်ယံမျက်နှာ..တစ်ခုတည်းနှင့်..သစ္စာရှိနေသူ....ဒီကုမ္မဏီရဲ့..ဆောက်လုပ်ရေးပိုင်းကို..တာဝန်ယူထားသူ...ဖြစ်သည်...
"မပင်ယံကိုတော့..ဂုဏ်ယူတယ်ဗျာ..ကိုယ့်ကို..တိုက်ခိုက်လာသူတွေ..မချေမငံ..တစ်ခွန်းမှမပြောဘဲ..အလုပ်နဲ့သက်သေပြသွားတာ..ဒါ့ကြောင့်..ရှယ်ယာရှင်တွေက.မပင်ယံကို..ယုံကြည်အားကိုးနေတာပေါ့.."
"အဲ့တာတွေကို..ဦးကိုကိုအောင်က..ဘယ်လိုသိတာလဲ"
ပင်ယံ..အံ့သြလွန်းလို့မေးမိတာပါ..ဒီကိစ္စကို..နောက်ကွယ်ကနေ..သွေးထိုးလှုံ့ဆော်သူရှိနေတာကို..သူမသိသည်.. ဒီကိစ္စက..ဘယ်သူမှ..သေသေချာချာ..သိသေးတာ..မဟုတ်..
"မအံ့သြပါနဲ့..ဒီလမ်းတံတားစီမံကိန်းကိစ္စမှာ..ပင်ယံနန်း..ကုမ္မဏီကို..အဓိက..ဦးတည်တိုက်ခိုက်တယ်ဆိုတာ..စီးပွားရေး..လုပ်ငန်းနယ်ပယ်မှာ..လူတိုင်းသိတယ်"
"သြော်.."
ပင်ယံ..လက်လေး..ပိုက်ပြီး..စဉ်းစားခန်းဝင်နေသည်..မျက်မှောင်လေး..ကြုတ်ထားတာက..တစ်မျိုးလေး..ချစ်ဖို့ကောင်းသည်..နေပူထဲ..ရပ်နေလို့..နှာသီဖျားမှာ..ချွေးသီးလေးတွေစို့နေကာ..နီရဲနေသည်..
"မပင်ယံ..ကျောက်ကားလာနေလို့..ကျွန်တော်..ခဏသွားအုံးမယ်"
"သြော်..ဟုတ်ကဲ့..သွားပါရှင့်"
ဦးကိုကိုအောင်..ထွက်သွားတော့..ပင်ယံ..ကုမ္မဏီထဲ..လှည့်ဝင်ဖို့..ပြင်သည်..ထိုစဉ်
"တီ..."
"ပင်ယံ..နေကောင်းတယ်နော်."
လက်ပြနူတ်ဆက်ပြီး..ပြုံးပြလာတာ..ပါးစပ်က..နားရွက်..တက်ချိတ်တော့မည်..အပေါ်က..နေပူနေသည်မို့..ထိပ်ပြောင်ပြောင်မှာ..ခေါင်းလိမ်းဆီက..၀င်းပြောင်နေသည်..
"ဦးမြတ်အောင်..မျက်လုံးမမှုံသေးဘူးဆိုရင်တော့..ဒီမှာ..ကျွန်မ..မတ်တပ်ရပ်နေတယ်"
ပင်ယံ..စကားကိုပင်..ဦးမြတ်အောင်က..သဘောကျသလို..သွားကြီးတွေ..ပိုဖြီးသွားသည်..သူတို့ထင်ထားတာက..ပင်ယံနန်းထက်..အခုချိန်ဆိုရင်..ကုမ္မဏီ..ပြသနာနှင့်..ပြာယာခတ်နေပြီ..ထင်တာ..သူတို့ကြားရတာက..ပင်ယံနန်း..ကုမ္မဏီ...ထပ်တိုးချဲ့နေသည်..တဲ့..မယုံနိုင်လွန်းလို့လာကြည့်မိတာ..ဒီရောက်တော့..မျက်မြင်...ကျရှုံးစေချင်လို့..လုပ်တာ..ခုတော့..သူတို့လုပ်ရပ်က..သူမတို့..ကုမ္မဏီ.ပိုကြီးသွားဖို့.လှေကားထစ်.ခံပေးသလို..ဖြစ်နေသည်....မျက်နှာက..ပြုံးနေပေမဲ့..ရင်ထဲမှာ..မကျေနပ်မှုတွေက..အပြည့်...
"ပင်ယံ.ကုမ္မဏီ..ခုလို..ဖြစ်သွားတာ..ဦးတို့စိတ်မကောင်းဘူးကွယ်"
အသံက..ဂရုဏာသံပေမဲ့..စိတ်ထဲမှာ..ဘာတွေရှိနေလည်း..ဆိုတာကို...မျက်လုံးက..တစ်ဆင့်..သိနိုင်သည်..ဦးမြတ်အောင်ရဲ့..တူ..ဂျေဆိုတဲ့..တစ်ယောက်က..ပင်ယံကိုလက်ထပ်ဖို့.ကမ်းလှမ်းခဲ့ဖူးသည်..ပင်ယံ..ဘက်က..ပစ်ပစ်ခါခါ..ငြင်းခဲ့သည်..ထိုကိစ္စကို..သူတို့...တူဝရီး..မကျေမနပ်ဖြစ်ကာ..လက်တွဲလုပ်နေသမျှ..အလုပ်ကိစ္စအားလုံးကို..သူတို့ဘက်ကစပြီး..ရပ်တန့်ပစ်ခဲ့သည်....ပင်ယံ..ဘက်က..ဘာမှ..မတုံ့ပြန်ဘဲ..ကုမ္မဏီ..လုပ်ငန်းများကို..ပုံမှန်လည်ပတ်စေခဲ့သည်..
"စိတ်မကောင်းမဖြစ်ပါနဲ့..ဦးအောင်မြတ်ရယ်..ဒီလိုခြေထိုးခံနေသူရှိလို့..ကျွန်မကုမ္မဏီ..အဆောက်အဦး..အခုလိုကြီးသွားတာ..ပျက်စီးစေချင်လို့..လုပ်ပေမဲ့..မပျက်စီးဘဲ..အရင်ထက်..နှစ်ဆပိုကြီးလာတော့..မနာလိုသူတွေ..အောင့်သက်သက်..ဖြစ်တာပေါ့"
ပင်ယံ..ကလည်း..သာသာနာနာပြောတော့..ဦးအောင်မြတ်..မျက်နှာ..ကွက်ခနဲ..ပျက်သွားသည်..ခဏပါဘဲ..မျက်နှာကို..ဟန်ဆောင်ပြုံးတွေ..နဲ့..ဖုံးကွယ်ပြီး .အချိုသာဆုံး..ပြုံးသည်...
"ဒါကလည်း..ပင်ယံနန်းထက်..တော်လို့နေမှာပါ..ဒါနဲ့..ဟိုဘက်..က..ကောဖီဆိုင်က..ကောင်လေးနဲ့..မပင်ယံက..စေ့စပ်ထားတယ်ဆို..."
"ဟုတယ်လေ..စေ့စပ်ထားတာ..ကြာပီ..ဘယ်သူကိုမှ..အသိမပေးဖြစ်တာ"
"အော်...ပင်ယံရယ်...ဒီလမ်းကိစ္စလေး..အတွက်နဲ့များ..လူတစ်ယောက်ကို..စေ့စပ်ရတယ်လို့..အရင်က..ဦးရဲ့တူ..ဂျေနဲ့သာ..လက်ထပ်လိုက်ရင်..လမ်းကိစ္စဆိုတာ..ပမွှားလေးဘဲ..ပင်ယံနဲ့လည်း..နေနဲ့လ..ရွှေနဲ့မြဘဲ.."
ပင်ယံစိတ်ထဲ..ဒေါသက..ထောင်းခနဲ..ထွက်သွားသည်..ဒီစကားဘယ်ကို..ရည်ရွယ်နေပြီလဲဆိုတာ..သူမ..သိသည်..
"ကျွန်မက..ဦးအောင်မြတ်..ပြောသလို..မိန်းမဆိုရင်လည်း..သက်တန့်စံအိမ်က..ဦးလရောင်ငယ်ရဲ့သား..ဘုရင်ငယ်လေးကို..ရွေးချယ်ခဲ့တာ..မှန်နေပြီပေါ့..ဘာလို့လဲဆိုတော့..သူတို့က..တစ်ကယ့်..ဟဲဗီးလ်..၀ိတ်.တွေလေ..နောက်ဆို..ယောက္ခမရဲ့..အကူအညီနဲ့..ကျွန်မရဲ့..ပင်ယံနန်း..ကုမ္မဏီက..ကြီးလာဖို့ဘဲ..ရှိတယ်..သူတို့နဲ့ဦးအောင်မြတ်တို့..ပိုင်ဆိုင်မှုချင်း..ယှဉ်ရင်..မိုးနဲ့မြေလိုကွာပါတယ်နော်.ဟင်း..ဟင်းး"
ပါးစပ်ကို..လက်နဲ့အုပ်ပြီး..ခပ်မျှင်မျှင်လေး..ဆွဲရီနေတာက..လှောင်နေသလို..ပင်ယံပြောတာတွေကလည်း..မှန်နေတော့..ဦးမြတ်အောင်..ဘာမှမပြောနိုင်ဘဲ..ရှူးရှူးရှားရှားဖြစ်နေသည်...လျှပ်စစ်ပစ္စည်းနဲ့ပတ်သတ်ရင်..မြန်မာနိုင်ငံရဲ့..တစ်ဦးတည်းသော..ကိုယ်စာလှယ်..သက်တန့်လရောင်..ကုမ္မဏီမှ..ဦးလရောင်ငယ်..brandပစ္စည်းနဲ့ပတ်သတ်ရင်..သက်တန့်လရောင်..ကုမ္မဏီသာ..လေလံပွဲတိုင်းကို..ဦးဆောင်သည်..
"ကျွန်မ..အလုပ်လေးတွေ....ရှိနေလို့..အပေါ်တက်လိုက်ပါအုံးမယ်...ဦးမြတ်အောင်"
နှာခေါင်းလေး..တစ်ချက်ရှုံ့ပြီး..လှည့်ထွက်သွားတာ..တင်ပါးအောက်ကျနေသည့်..ပိတုန်းရောင်..ကေသာတွေပါ..၀ဲဖြာသွားသည်..
ဦးမြတ်အောင်..မခံချိမခံသာဖြင့်..လှည့်ထွက်ပြီး..ကားကို..တလကြမ်း..မောင်းထွက်လာခဲ့သည်။သူဒီကို..လာခဲ့တာ..ပင်ယံနန်းထက်ရဲ့..ကျရှုံးမှုကို..ဟားတိုက်ရီဖို့..ခု..အရီခံလိုက်ရတာက..သူ..ဒီတိုင်းလွှတ်ထားလို့မဖြစ်..ဒီမိန်းမ..အစတည်းက..လိုမမှီအောင်..တော်တာ..ဦးလရောင်ငယ်ရဲ့..အရှိန်အဝါသာ..ပံ့ပိုးလိုက်ရင်..မြင်းကို..ဂျိုတပ်ပေးသလိုဖြစ်တော့မည်...အရှိန်မရခင်..အပြတ်ဖြုတ်မှရတော့မည်...
အမိန့်ကို..အဖေထုတ်ခဲ့ဖြစ်သည်..သူမ..လာမယ်ဆိုလို့..အမေက..အစ..ပြာယာခတ်နေတာ..အမြင်ကတ်စရာ..
တစ်မနက်လုံး..အခန်းထဲအောင်းနေပြီးမှ..မနက်..၁၁နာရီထိုးတော့..အောက်ထပ်ဆင်းလာခဲ့သည်...
"ဟယ်..သား..အ၀တ်အစားလဲတော့လေ.."
အမေက..မီးဖိုခန်းထဲက..ထွက်လာပြီး...တက်ကြွလန်းဆန်းနေတဲ့..အသံနဲ့ပြောသည်..ငယ်လေး..မျက်နှာတစ်ချက်ရှုံ့လိုက်ပြီး..
"မလဲတော့ဘူး..ဒီအတိုင်းလဲ..အဆင်ပြေတယ်..သား..အပြင်သွားစရာ..ရှိတယ်.."
"ဟယ်...သား..မရဘူးလေ..ဒီနေ့..."
"ရတယ်..အမေ..သားသူ့ဆီကိုဘဲ..သွားမှာ.."
ဒေါ်မြသင်္ဂီ..ဘာမှမပြောရသေးခင်..ငယ်လေး..လှည့်ထွက်လာခဲ့သည်..တွေ့ကြပြီပေါ့..ပင်ယံနန်းထက်ရာ....
ဘုရင်ငယ်လေး..ကားပေါ်တက်ပြီး..အကြမ်းပတမ်း..မောင်းထွက်လာခဲ့သည်...
"မမ..အပြင်မှာ..၏ည့်သည်ရောက်နေတယ်"
"ဟင်..ဘယ်သူတဲ့လဲ..ကေသီ.."
"မသိဘူး..မမ..ဒီက..သူဠေးပင်ယံနန်းထက်နဲ့..တွေချင်လို့တဲ့.."
"တို့..စီပွားရေး..မိတ်ဆွေ..ထဲကဘဲလား.."
"မဟုတ်ဘူး..မမ..လူငယ်တစ်ယောက်ဘဲ..မျက်နှာကြီးက..တင်းတင်းကြီး..ဒါပေမဲ့..တော်တော်..တော့..ချောတယ် ဟီးးး"
"အင်း..သွားနှင့်..တို့.လိုက်ခဲ့မယ်"
ကေသီ..လှည့်ထွက်သွားတော့..ပင်ယံ..မျက်မှောင်လေး..ကျုတ်ပြီး..စဉ်းစားကြည့်သည်..လူငယ်..တွေထဲက..သူမဆီကို..လာမဲ့သူ..မရှိ..စဉ်းစားရင်း..အတွေးထဲမှာ..ဖြတ်ခနဲ..ပေါ်လာသည်..အန်လ်ကယ်..ဦးလရောင်ငယ်..သားများလား...
"ဒီမှာ..ဒီမှာ..ရှင့်.."
ငယ်လေး..လက်ကျန်..မီးခိုးငွေ့တွေကို..ပါးစပ်ထဲက..မှုတ်ထုတ်ရင်း..နောက်လှည့်ကြည့်လိုက်သည်..
"ဟို..ဒီနေရာမှာ..ဆေးလိပ်သောက်လို့..မရဘူးရှင့်"
" အဟက်...ဟုတ်လား.."
ဘုရင်ငယ်လေး..ပါးချိုင့်နှစ်ဖက်ပေါ်သည်အထိ..ပြုံးလိုက်ပြီး..နောက်လှည့်၍..စီးကရက်ကို..နောက်ခုံပေါ်က..ကွန်ပြူတာ..ခလုတ်တွေနှင့်..ဖိချေသတ်လိုက်သည်..
"ရပြီလား...... ဟင်.."
နောက်လှည့်ကြည့်လိုက်တော့..ခုနက..၀န်ထမ်းကောင်မလေး..မဟုတ်တော့..မျက်နှာလေး..တည်တည်တင်းတင်း..နှင့်စိုက်ကြည့်နေတဲ့..မျက်နှာ...
"ခင်များ..."
"ဟုတ်တယ်..ငါဘဲ"
ငယ်လေး..အံ့သြနေတာ..ဟန်မဆောင်နိုင်..ပင်ယံ..မျက်နှာကလည်း..အရမ်းတည်ငြိမ်ထားပေမဲ့..စိတ်ထဲမှာတော့..တအား..အံ့သြနေသည်....သူမ..လက်ထပ်ရမှာ..ဒီငဆိုးလေးလို့..လုံးဝမထင်...
"ခင်များ..က"
"ပင်ယံနန်ူရဲ့..ပိုင်ရှင်က..ငါဘဲ.."
"ပင်ယံ..ဆိုတာက.."
"ပင်ယံနန်းထက်..ဆိုတာကလည်း..ငါဘဲ"
မျက်နှာလေးက..အေးစက်နေပြီး..မျက်လုံးက..ရန်လိုတာမျိုး..မဟုတ်ဘဲ..တစ်လက်လက်..စူးတောက်နေသည်..
"မင်းနာမည်ကို..သိထားပေမဲ့..လူကိုခုမှ..မြင်ဖူးတာ..ဘုရင်ငယ်လေး..ဆိုတာ..ငါတွေ့နေကျ..ဗရုတ်သုတ်ခ..ဂျစ်ပစီချာတိတ်လို့..မထင်ခဲ့မိဘူး.."
"ခင်များ.."
ငယ်လေး..မျက်နှာတင်းသွားသည်..ဒီမိန်းမ..စကားပြောရင်..အထက်စီးက..
"၏ည့်သည်..လာတယ်ဆိုလို့..မင်းလို့တော့..မထင်ဘူး..ဒါပေမဲ့..ငါတွက်ထားတဲ့..ပုံစံမျိုးဘဲ.."
ငယ်လေး..ဘာပြန်ပြောရမှန်းမသိ..သူမ..ချည်းဘဲ..တရစပ်ပြောသွားတာ..ဖြစ်သည်..ပြောဖို့..ရင်ထဲက..စုစည်းလာတဲ့..စကားလုံးတွေကလည်း..ဘယ်လိုမှထင်မှတ်မထားတဲ့..သူမ..ဖြစ်နေတော့..ပျောက်ရှနေသည်..
"မင်း..ငါနဲ့စကားပြောဖို့..လာခဲ့တာ..ငါသိတယ်..ဒါပေမဲ့..ဒီနေ့မအားဘူး..ခဏနေရင်..အရေးကြီး..တဲ့.."
"ခင်များ..အားတဲ့အချိန်..မေးစမ်းလာရအောင်...ကျုပ်က..ခင်များ..အလုပ်သမား..မဟုတ်ဘူး"
ဒေါသဖြစ်သွားတာနှင့်မတူသော..သူမမျက်ခုံးလေးတွေက..စုကျုံ့သွားသည်..ပြီးမှ..ဆရာမကြီး..စတိုင်လ်နှင့်..
"ဟုတ်တယ်..မင်းက..ငါ့အလုပ်သမား..မဟုတ်ဘူး..ဒါပေမဲ့..ဘာမှလည်း..မဟုတ်ဘူး."
ပြီးတော့..ကွန်ပြူတာပေါ်မှာ..မီးခိုးတစ်လူလူကျန်နေသေးသည့်..စီးကရက်တိုကို..မျက်တောင်ဖျားတွေ..စင်းကြည့်ပြီး....
"ဆိုတော့..ငါ့အလုပ်ချိန်တွေကို..မင်းကို..ဖဲ့မပေးနိုင်ဘူး.."
"ကျုပ်ကလည်း..အချိန်တွေကို..တောင်းနေတာ..မဟုတ်ဘူး..ခင်များ..နဲ့..အဖေနဲ့..ပြောထားတဲ့ကိစ္စ..ကျုပ်..လုံးဝ..သဘောမတူဘူး.."
စကားရပ်ပြောနေတာက..အခန်းထဲမှာ..မဟုတ်..အပြင်အလုပ်စားပွဲတွေနားမှာဆိုတော့..၀န်ထမ်းအားလုံးအကုန်ကြားနေရသည်..ပင်ယံ..မျက်နှာလေး..ပျက်သွားတာ..ဒါတွေကို..ဂရုစိုက်နေလို့မဟုတ်..
"ခင်များက..အသက်အရွယ်ကသာ..အန့်ဒိတ်..ဖြစ်နေတာ..အိုက်ဒီယာတွေက..သစ်လွင်နေတာဘဲ.."
ငယ်လေးက..သူမကို..စူးစိုက်ကြည့်ကာ..
"ယောင်္ကျားတစ်ယောက်ကို..ကိုယ်တိုင်သွားတောင်းပြီး..သက္ကရာဇ်တွေကို..ဖြိုပစ်တာ..ရေလည်မိုက်တယ်..ဒါပေမဲ့..ခင်များ..လိုချင်တာ..ဘုရင်ငယ်လေး..ဖြစ်နေတာ..ခင်များ..ကံဆိုးတာဘဲ.."
"မင်းနာမည်ကို..ကြားဘဲကြားဖူးတာ..လူကိုတောင်..မမြင်ဘူးတဲ့ငါက..မင်းကိုလိုချင်တာဖြစ်နိုင်ပါ့မလား.."
ဒီမိန်းမ..ဘာပုံစံလဲ.????
"ငါလိုချင်တာ..မင်းမဟုတ်ဘူး..စေ့စပ်ခြင်းဘဲ.."
"ဘာ...."
"နံပါတ် တစ်..ငါ့လုပ်ငန်းမရပ်တန့်အောင်..ငါကိုယ်တိုင်ကြိုးစားမယ်..နံပါတ် နှစ်..ငါက..စေ့စပ်ပြီးတဲ့မိန်းမ.တစ်ယောက်ဖြစ်ရမယ်.."
နံပါတ်စဉ်အတိုင်း..သူမလက်ချောင်းသွယ်သွယ်လေးတွေကို..တစ်ချောင်းချင်းထောင်ကာ..
"နံပါတ်..သုံး.. အဲ့ဒိအတွက်...ငါ့ကို..မိဘလိုမျိုး..အရိပ်မိုးပေးနိုင်မဲ့သူမျိုး..ယောက္ခမဆိုတာ..ငါ့အတွက်..မိဘလိုမျိုးး.."
"ယောက္ခမဆိုတာ..ယောင်္ကျားရရင်တော့..ရမှာဘဲ...အဓိပ္ပာယ်မရှိတာတွေကို..လက်ကြဲကြီးနဲ့..မကာချင်စမ်းပါနဲ့ဗျာ.."
"မင်းနဲ့စေ့စပ်လိုက်ခြင်းအားဖြင့်..ငါ့အတွက်..မိဘလို..အရေးပါတဲ့သူရှိသွားပြီ..မင်းသဘောတူတာ..မတူတာ..ငါ့အတွက်..အရေးမပါဘူး.."
"သြော်..ဟော်"
ရင်ထဲက..ဒေါသတွေက..ရုန်းရင်းဆန်ခတ်ဖြင့်..ရုန်းထလာသည်..
"အဓိက..ခင်များလိုချင်နေတာက..အဖေကိုဘဲကိုး.."
ပင်ယံ..မျက်နှာလေး..ပျက် သွားသည်.. ငယ်လေးက..နူတ်ခမ်းကို..အားပါတရ..မဲ့ပစ်ကာ...
"အဖေ..ကလည်း..ခင်များ..အတွက်ဆို..အဆင့်သင့်ဖြစ်နေတဲ့ပုံပါ..ယောက္ခမ..တော်စရာမလိုဘူး.."
"မင်း..ဒီလိုစကားမျိုးတွေပြောလာမဲ့..ယောင်္ကျားမျိုးဆိုတာ..ငါတွက်ထားပြီးသားပါ....မင်း..မုန့်ဖိုး..လိုချင်လို့..လက်ဝါးဖြန့်တောင်းတိုင်း..ရချင်မှ..ရမယ်..ဒါပေမဲ့..ငါက..ကော်ဖီဆိုင်ဖြိုပေးဖို့..ပြောတော့..နှစ်ခါမပြောရဘူး..အဲ့ဒါ..ဘာလိုလဲဆိုတော့..ငါ. ဘယ်သူဆီကမှ..အကူအညီမတောင်းခဲ့ဘူး..အဲ့ဒါမိဘမဲ့..ဘ၀နဲ့ရပ်တည်ခဲ့တဲ့..ငါရာဇ၀င်ဘဲ.."
"ဟားးးး..ခင်များကို..ခင်များ..အထင်ကြီးနေပါလား..လက်ဝါးဖြန့်တောင်းရအောင်..ဘုရင်ငယ်လေးကို..ဘာကောင်ထင်နေလဲ..မိဘဆီက..တောင်းစရာမလိုဘူး..ကျုပ်..ဘဏ်အကောင့်ထဲမှာ..ခင်များ..ကုမ္မဏီကိုတောင်..၀ယ်လို့ရတဲ့သလား..သိအောင်..ထပ်ပြောလိုက်အုံးမယ်..အခု..ခင်များဖြိုနေတဲ့..ကော်ဖီဆိုင်က..အဖေတို့ပိုင်တာ..မဟုတ်ဘူး..ကျုပ်အပိုင်.."
"ဟင်.."
သူမ..မသိခဲ့တဲ့..ကိစ္စပါ..ဦးလရောင်ငယ်လို..လူမျိုးက..ဒီလိုကော်ဖီဆိုင်ထောင်မှာ..မဟုတ်ဘူးဆိုတာ..သိပေမဲ့..ခေါင်းရှုပ်ခံပြီးမစဉ်းစားခဲ့တာ..သူမ..အမှား...
"ဒါပေမဲ့..မင်းမိဘကိုတော့..မလွန်ဆန်နိုင်ဘူးမလား..ဘာလို့လဲဆိုတော့..ငါ့ကြိုးစားမှုနဲ့.ငါ့အရည်အချင်းတွေက..အန်ကယ်လရောင်..လက်ခံနိုင်တယ်လေ..ငါက..မင်းလို..မဟုတ်ဘူး.."
"ဘာ..."
"တည်ငြိမ်မှု..မရှိတာ..သည်းခံနိုင်စွမ်းမဲ့တာက..ယောင်္ကျားကောင်းတွေရဲ့အလုပ်မဟုတ်ဘူး.."
ဘယ်လိုမှ..သည်းမခံနိုင်တော့.အောင်.ရိုက်ပုတ်တိုက်ခိုက်လာသည်..
"တောက်စ်.."
"ဒုန်း...ခွမ်း"
ဘေးက..စာပွဲကိုခြေထောက်နဲ့..လွဲကန်လိုက်ပေမဲ့..စာပွဲက..မလှုပ်ဘဲ..ပန်းအိုးလေးကတော့..ကျကွဲသွားသည်..ပင်ယံက..ပျက်စီးသွားတာကို..စိုက်ကြည့်ရင်း..
"ငါအထင်မကြီးတဲ့..ယောင်္ကျားကို..ပြောပြတာနော်..မင်းကို..တိုက်ရိုက်ထိသွားရင်..ဆောရီး......"
"ကျုပ်ကလည်း..ခင်များ..အထင်မကြီး..တဲ့ယောင်္ကျားမျိုးဖြစ်ရတာ..၀မ်းနည်းမနေဘူး..ဒေါ်ပင်ယံနန်းထက်..တစ်..အချက်. ဖေဖေ့ကို...တော်စပ်ပတ်သတ်ဖို့..အတွက်..ခင်များ..ကြိုက်တဲ့နည်းနဲ့..ကြိုးစား..နှစ်..အချက်..အသက်ကြီးတဲ့..မိန်းမတစ်ယောက်ကို..ကျုပ်လုံးဝမစဉ်းစားဘူး..သုံး..အချက်..အတ္တမာနတွေကြီးပြီး..တစ်ခန်းလွတ်နေတဲ့..မိန်းမမျိုး..
ငယ်လေးက..ပင်ယံကို..စိုက်ကြည့်ပြီး..
"တည့်တည့်ပြောရရင်..ခင်များလိုမိန်းမမျိုး..အထင်မကြီးဘူး.."
ပင်ယံက..မတည်မပြုံးမျက်နှာလေးနှင့်..လက်လေးချောင်းထောင်ပြီး..
"လေး..အချက်..မင်းမိဘကို..မလွန်ဆန်နိုင်တဲ့အပြင်..လက်ထဲက.လက်စွပ်ကြောင့်..စေ့စပ်ပွဲက..မင်းမသိခင်..ပြီးမြောက်သွားလိမ့်မယ်"
ပင်ယံ..ကဖြည့်စွက်ပြောလိုက်မှ..သူမ..လက်လေးချောင်းထောင်ထားတဲ့..လက်သူကြွယ်လေးကို..ကြည့်မိသည်..သူ့လက်ထဲမှာ..ရှိသည့်. လက်စွပ်နှင့်ချွတ်စွပ်တူနေသည့်..လက်စွပ်က..သူမ..လက်ထဲမှာ..အခန့်သား..
"ကျန်တာတွေ..နောက်မှ..ဆက်ပြောရအောင်..ဘုရင်ငယ်လေး..အခုမင်းသွားလို့ရပြီ.."
"တောက်စ်.."
ကပ်ဖဲ့နေမှန်း..သိပေမဲ့..သူမစကားလုံးတိုင်းက..ဓားသွားတစ်ချောင်းလို..
"ဒေါ်ပင်ယံနန်းထက်.."
ဖျတ်ခနဲ..ရှေ့ကိုတိုးလိုက်တော့..မျက်နှာနှစ်ခုမှ..အသက်အောင့်ထားလောက်ရမည့်..အကွာအဝေးမျိုး..
"အဖေတို့က..ခင်များ..ကြွားလုံးတွေနဲ့.ခင်များ..အရှိန်အဝါမှာ..ပိတ်မိနေတာ..ကျုပ်..ကတော့."
"မင်း..ရော..ငါ့အရှိန်အဝါနဲ့..ကင်းလို့လား.."
သူမဘေးကို..ခြေတစ်လှမ်း..ရွှေ့လိုက်ပြီး..ကွန်ပြူတာပေါ်က..စီးကရက်တိုကို..ကောက်ယူလိုက်သည်..ပြီးမှ..
"ဒါ..ငါနဲ့စေ့စပ်ထားတဲ့..မိန်းမရဲ့..ပိုင်နက်ဆိုပီး..မင်းထင်တိုင်းကြဲနေတာ.."
ငယ်လေး..မျက်နှာ..ရဲရဲနီစွေသွားသည်..သူမကတော့..စီးကရက်ကို..အမှိုက်ပုံးထဲထည့်၍..အေးဆေး..ပြန်လှည့်လာကာ..
"၀င်လာတည်းက..မင်း..ငါ့ဝန်ထမ်းတွေကို..လူမထင်စွာ..ဆက်ဆံခဲ့တာ..ဘာအားကိုးနဲ့လည်း.."
ငယ်လေး..လက်သီးဆုတ်လိုက်တာကို..ဖြတ်ခနဲကြည့်ကာ..ပြုံးလိုက်ပြီး..
"မင်း..ရိုက်ပုတ်ဖျက်စီးလိုက်တဲ့..ငါ့ပစ္စည်းတွေနဲ့..ငါ့ဂုဏ်သိက္ခာအတွက်..သည်းခံနေရအောင်..မင်းက..ဘာမို့လို့လဲ.."
"ခင်များ..စကားတတ်တိုင်း..လျှောက်ပြောမနေနဲ့.."
"လျှောက်မပြောဘူး..ငယ်လေး..လူတိုင်း..ဒေါသရှိတယ်..ပညာရှိတွေ..က..ထိန်းချုပ်ပြီး..မသိသလို..နေပေမဲ့..ပညာမဲ့တွေက..ပေါက်ကွဲတတ်တယ်..ဒါဘဲကွာတာ.."
သူမ..တစ်ချက်ပြီး..တစ်ချက်..ပစ်ခတ်နေတာ..သူ့..ရင်ဘတ်ကြီးတစ်ခုလုံး..ဇကာပေါက်ဖြစ်နေပြီဖြစ်သည်..
"ဒီနေရာမှာ..မင်းငါ့အရှိန်အဝါကိုသာ..ထည့်ထွက်ခဲ့မယ်ဆိုရင်..ပိုင်နက်..ဆိုတဲ့..စည်းကို..ကျော်ပြီး..မင်းဘယ်ရမ်းကားရဲပါ့မလဲ.."
သူမရဲ့..ဘောင်ပိတ်ခွေထားတဲ့..စကားထဲမှာ..ဘုရင်ငယ်လေး..စကားတစ်ခွန်းမှ..မဟနိုင်ခဲ့...
"ရတယ်..မိန်းမတစ်ယောက်ရဲ့..အောင်မြင်မှုကို..မင်းသည်းမခံနိုင်ဘူးဆိုရင်..မင်း..ကြိုက်သလို..ရိုက်ချိုး..ဖျက်ဆီး..လိုက်စမ်းပါ..ငါ့ဂုဏ်သိက္ခာလည်း..မင်းပါးစပ်ထဲမှာ..ရှိတယ်..ကြိုက်သလို..ပြောလိုက်ပါ..မင်းက..ငါစေ့စပ်ထားတဲ့ယောင်္ကျားဆိုတော့..သည်းခံရမှာပေါ့..အိုခေ.."
ဘာ..အိုခေ..လဲ..ပြောချင်တာပြောရလို့..ခင်များ..အိုခေ..သွားတာလား..
တစ်စစ်စစ်တစ်ဖျင်းဖျင်း..ပူလောင်ရုန်းကြွလာသည့်..မာနတို့က..ပြောရမဲ့..စကားတွေ..ဆွံ့အနေသော်လည်း..အကြည့်တို့က..စိန်ခေါ်ကာ..မဲ့ရွဲ့နေသည်..
"မပင်ယံ..မီတင်..စဖို့..အဆင်သင့်..ဖြစ်ပြီ"
အကြည့်တွေ..အပြိုင်စူးရဲနေစဉ်..ဦးကိုကိုအောင်..အနားရောက်လာပြီး..ပြောသည်...သူကြွေနေတဲ့..ပင်ယံကို..လူငယ်တစ်ယောက်နဲ့..စကားရပ်ပြောနေတာမြင်တော့..ကျွဲမြီးတိုကာ..စကားစပြတ်အောင်..၀င်ပြောလိုက်ခြင်းဖြစ်သည်..
ငယ်လေး..အကြည့်က..ဦးကိုကိုအောင်ပေါ်ရောက်လာသည်..တိုက်ပုံအင်္ကျီ..ပလေကပ်..ပုဆိုးနှင့်..ဦးကိုကိုအောင်က..လူပျိုကြီး..ပီပီ..သပ်ရပ်နေသည်..
"သူ..ဘယ်သူလဲ.."
ငယ်လေးက..မဆီမဆိုင်..မေးသည်..
"သူက..ငါ့ကုမ္မဏီက..ဆောက်လုပ်ရေးပိုင်းကို..တာဝန်ယူထားတဲ့..အကြီးတန်း အင်ဂျင်နီယာ..ဦးကိုကိုအောင်.."
ငါ့လက်အောက်မှာ..ဒီလို..လူကြီးလူကောင်းဆန်တဲ့..ပုဂ္ဂိုလ်တွေတောင်..အလုပ်လုပ်နေတာ..ငါ့ကိုရိုကျိုးနေတယ်ဆိုတာကို..ငယ်လေးကို..သိစေချင်လို့..ပင်ယံ..ဂုဏ်ပုဒ်တွေ..တစ်သီတစ်တန်းကြီးထည့်ပြီး..ပြောလိုက်သည်..
ငယ်လေးက..မဲ့ခနဲ..တစ်ချက်ရွဲ့ကာ...
"ခွပ်..."
"အား..."
"ဟယ်.."
ဘယ်သူမှ..ထင်မှတ်မထားသော..ကိစ္စပါ..ငယ်လေး..လက်သီးချက်က..မြန်သည်..ရိပ်ခနဲသာ..မြင်လိုက်ရပြီး..ဦးကိုကိုအောင်..ပါးတစ်ဖက်..ပူခနဲ..ဖြစ်ပြီး..စာပွဲပေါ်မှောက်သွားသည်..
"ခင်များ..မှတ်ထား..ဒေါ်ပင်ယံနန်းထက်..ကျုပ်က..ခင်များ..အရှိန်အဝါနဲ့မှ..ရမ်းကားရဲတာ..မဟုတ်ဘူး..ပြီးတော့..ခင်များရဲ့..အောက်တန်းစား ၀န်ထမ်းတွေကိုမှ..လူမထင်သလို..ဆက်ဆံရဲတာ..မဟုတ်ဘူး..အခုလို..ခင်များ..လေးစားရတဲ့..ဂုဏ်ပုဒ်တွေနဲ့လူကိုလည်း..လူမထင်သလို..ဆက်ဆံရဲတယ်..ဒါဟာ..ခင်များ..အရှိန်အဝါကြောင့်မဟုတ်ဘူး..ကျုပ် ဇ..နဲ့..သတ္တိတွေရဲ့..အရှိန်အဝါကြောင့်.."
ဒီတစ်ခါ..ဘာပြောရမှန်းမသိ..ဆွံ့အနေတာက..ပင်ယံနန်းထက်ပါ..
"နံပါတ်..လေး..အချက်.ခင်များ.ပြောသလို.မိဘကို..မလွန်ဆန်နိုင်လို့..စေ့စပ်ပွဲ..အတည်ပြုချက်ကို..လက်ခံလိုက်ပီ...နံပါတ်..ငါး..ခင်များ..ကို..ကျုပ်.မရရအောင်.လက်ထပ်မယ်..နံပါတ်..ခြောက်..ခင်များရဲ့..အနာဂတ်..အဟွန်းး.."
ပြောပြီးတာနဲ့..ဘုရင်ငယ်လေးက..ချက်ချင်းလှည့်ထွက်သွားသည်..သူမ..မတားဆီမိပါ..မျက်နှာ..မှာသွေးအလိမ့်လိမ့်နဲ့..သတိလစ်နေတဲ့..ဦးကိုကိုအောင်ကိုလည်း..မထူမိပါ...မတ်တပ်ရပ်ကနေ..ခြေလှမ်းတွေလည်း..မရွေ့မိ......
"ဟား...ဒါဆို..မင်း..အပြတ်အသတ်..အဖြဲခံခဲ့ရတာပေါ့."
"ပြောစရာလိုလို့လား..ဆန်းသစ်ရာ..ဟိုအပျိုကြီး..ရဲ့စကားလုံးတွေ..ဒီကောင့်ရင်ကို..တစ်ဒိုင်းဒိုင်း..ထိတာ.."
ကျော်စွာနှင့်ဆန်းသစ်ဝိုင်းလှောင်နေပေမဲ့..သူဘာမှ..ပြန်မတုံ့ပြန်မိ..လက်ထဲက..မီးညှိထားတဲ့..စီးကရက်ကလည်း..တစ်ငွေ့ငွေ့လောင်ကျွမ်းနေတာ..သူမဖွာမိ..မှာထားတဲ့..အအေးတွေ..ပူနေတာသိပေမဲ့လည်း..သူမသောက်မိ.
"အဲ့ဒါကြောင့်..ပြောတာပေါ့ကွ...အထင်သေးမခံရအောင်..စီးပွားရေးလေး..တစ်ခုလုပ်ပါလို့...မင်းတစ်ယောက်တည်းမလုပ်ချင်တောင်..ငါတို့သုံးယောက်..ပေါင်းလုပ်မယ်ဆိုတာကို.."
"အဲ့..မိန်းမ..အထင်ကြီးဖို့..ငါက..စီးပွားရေး..လုပ်ရမှာလား..သွားစမ်းပါကွာ...စီးပွားရေးနဲ့ပတ်သတ်ရင်..စီးနေတဲ့ရေတောင်ပြေးမကြည့်ချင်ဘူး.."
"ဒါဆို..ဘာလုပ်မှာလဲ.."
"ထိုင်...နေမှာ.."
"ခွေးကောင်.."
"ဟား..ဟား."
ကျော်စွာ..ပစ်ပစ်နှစ်နှစ်ဆဲတော့..သူ..အောရီမိသည်...
"ကိုယ်ငယ်"
"ဟင်.."
အနားက..ပစ်ချွဲချွဲ.ခေါ်သံကြောင့်..မော့ကြည့်လိုက်တော့..
"ဟင်...ရောင်စုံခြယ်"
"ဟုတ်တယ်..ကိုငယ်..မတွေချင်လို့..ရှောင်ပုန်းနေတဲ့..ခြယ်လေ.."
ဒါလေး..ကလည်း..သူရှုပ်ခဲ့သမျှတွေတည်းက..တက်သစ်စမော်ဒယ်မလေး..ရောင်စုံခြယ်..ခုနောက်ပိုင်း..ငယ်လေးက..အတွေ့မခံဘဲ..အဆက်အသွယ်..ဖြတ်ထားခဲ့တာ..ခုမှတိုက်တိုက်ဆိုင်ဆိုင်..
"ကိုကျော်စွာတို့လည်း..မကောင်းဘူးသိလား..ခြယ်..ဒီလောက်..ဖုန်းဆက်ပြီးမေးနေတာကို..ကိုငယ်..ရှိမဲ့နေရာကို.မပြောဘူး...သူတို့ကျ..ဒီမှာ..အတူတူထိုင်နေတယ်"
"အဲ...ဟို..ဒီလိုဟ..ဒီကောင်ကြီးလည်း..ပျောက်နေတာ..ခုမှတို့လည်းတွေ့တာ.."
ကျော်စွာ..မျက်နှာက..သူခိုးလူမိသလို..မလုံမလဲ...
"ကိုငယ်..ခြယ့်ကို..ဘာလို့ရှောင်နေတာလဲ.."
"မရှောင်ပါဘူး..ကိုယ်အလုပ်တွေ..ရှုပ်နေလို့.."
"အရှုပ်တွေ..လုပ်နေတယ်..လုပ်စမ်းပါ..ခြယ့်ကို..မညာနဲ့.."
့ခြယ်..နူတ်ခမ်းလေးစူပြီးပြောနေတာ..ချစ်စရာပါ..ဒါပေမဲ့..သူ..ရင်မခုန်..
"မင်း..နဲ့မှ..မဟုတ်ဘူး..ကိုယ်..ဘယ်သူနဲ့မှ..မတွေ့ချင်တော့တာ.."
"ဒါဆို..ခြယ်က..ကိုယ်..ကန်ဆယ်..လုပ်တဲ့..ထဲမှာ..ပါသွားပြီပေါ့.."
"အင်း.....အဲ့လို......ဟင်.."
အဲ့လို..ဟုတ်တယ်..ပြောမလို့..ပါးစပ်ပြင်ပြီးမှ..ငယ်လေး..ဆိုင်မှန်တံခါးပေါက်ကို..အမှတ်တမဲ့..မျက်လုံးရောက်သွားသည်..ဗေဒာရောင်..ရင်စေ့လက်စက..အင်္ကျီလေးနှင့်..ဗေဒါရောင်..ချိတ်ထမီလေးနှင့်..ပင်ယံနန်းထက်က..ဆိုင်မှန်တံခါးကို..တွန်းဖွင့်ပြီး..ကျောကျော့လေးဝင်လာသည်..ကာလာတွေ..မပါဘဲ..ဖွေးဖတ်နေတဲ့..မျက်နှာလေးက..ဘယ်ချိန်ချိန်ကြည့်ကြည့်..ရှင်းသန့်နေသည်..အတ္တတွေ..မာနတွေသာ..ဖယ်လိုက်ရင်..ပကတိ..ဖြူစင်တဲ့..ခလေးလေး..တစ်ယောက်လို...
ဘုရင်ငယ်လေး..ဘေးနားမှာ..ရှိတဲ့..ရောင်စုံခြယ်..လက်ကို..အမှတ်တမဲ့..ဆွဲချလိုက်သည်..ဘယ်လိုမှ..ထင်မှတ်မထားသောကြောင့်..ခြယ်...ကိုယ်လုံးလေးက..ငယ်လေး..ရင်ခွင်ထဲ..ပုံခနဲ..ကျလာသည်..
"အ..ဟာ...ကိုငယ်..အရမ်းဘဲ..ဘေးမှာ..ကိုကျော်စွာတို့ရှိနေတာကို.."
ခြယ်.....အသံက..ခပ်ချွဲချွဲနှင့်..ငယ်လေး..ရင်ဘတ်ကို..ခပ်ဖွဖွလေး..ထုနေသေးသည်..ကျေနပ်နေတာလား..ရှက်နေတာလား..မသဲကွဲ...
ခင်များ..မြင်သွားလိုက်စမ်း..ဒေါ်ပင်ယံနန်းထက်...ဘုရင်ငယ်လေး..ဘယ်လိုကောင်လဲဆိုတာ..တလွဲတွေ..တွေးသွားလိုက်အုံး..
ငယ်လေး..ရည်ရွယ်ချက်တွေ..ပြည့်ပါသည်..ဇာတ်လေးလိမ်ပြီး..လူလွတ်မည့်ခုံရှာနေသည်..ပင်ယံ..မျက်နှာတွေပင်..ပူထူသွားသည်..
ငယ်လေး..ပေါင်ပေါ်မှာ..ထိုက်ပြီး..ရင်ခွင်ထဲမှာ..အ၀တ်ထုတ်တစ်ထုတ်လို..အဖက်ခံနေတာ..ဘယ်လို..မိန်းခလေးပါလဲ..ရှေ့မှာလဲ..လူငယ်နှစ်ယောက်က..ရှိနေသည်..ဘေးကကြည့်နေတဲ့..သူမ..ပင်..မျက်နှာ..မထားတတ်အောင်..ရှက်လှသည်။