၁၀ တန်းဖြေပြီးသူများအတွက်

in #esteem6 years ago

၁၀ တန်း ဖြေထားပြီးတဲ့ လူငယ်တွေ အတွက် ဘဝလမ်းညွှန် 🙎🏼 🙎🏼‍♂️🙎🏼 🙎🏼‍♂️

တစ်နှစ်လုံး ကြိုးစားခဲ့ရတဲ့ ဆယ်တန်း စာမေးပွဲပြီးသွားပြီဆိုတော့ ကျောင်းသားတွေ အားလုံးလည်း ကောင်းကောင်း အပန်းဖြေချင်နေကြမှာပါ။ ဒါကလည်း ကောင်းကောင်း အနားယူသင့်တဲ့ အချိန်တစ်ခုပါပဲ။ ဆယ်တန်း စာမေးပွဲမှာ ပင်ပန်းခဲ့သမျှကို ကောင်းကောင်း အနားယူပါ။ 🙎🏼 🙎🏼‍♂️🏊🏼‍♀️

ဒါပေမဲ့ အနားယူတာနဲ့ ပျင်းတာကို ခွဲခြားသိဖို့လိုပါတယ်။ အနားယူပါ။ အနားယူတဲ့အချိန် အကောင်းဆုံး အနားယူပါ။ ဒါပေမဲ့ တက္ကသိုလ်ဝင်တန်း ဖြေပြီး တက္ကသိုလ် မတက်ရောက်ခင် အချိန်လေးမှာ ဘဝအတွက် တိုးတက်စေနိုင်မယ့် အလေ့အကျင့်ကောင်းတွေကိုလည်း ပြင်ဆင်ထားဖို့လိုပါတယ်။

🔘 အနားယူပါ။
🔘 ပြန်လည် လန်းဆန်းလာအောင်လုပ်ပါ။
🔘 အားဖြည့်ပါ။
🔘 မပျင်းသွားပါနဲ့။

တရားလွန် အနားယူလေ ပျင်းသွားလေပါပဲ။ ဘဝအတွက် ကြိုတင်ပြင်ဆင်စရာရှိတာတွေကို မပြင်ဆင်ရသေးခင် မပျင်းပါနဲ့။ ကိုယ့်လုပ်ရမယ့် အလုပ်တွေရှိသေးရင် မပျင်းပါနဲ့။
အနားယူနေတဲ့အချိန် တော်သင့်ပြီလို့ ထင်တဲ့အချိန် အလုပ် အလုပ်စလုပ်ပါတော့။

ဘာကြောင့်လဲဆိုတော့ ဆယ်တန်းထက် အဆပေါင်းများစွာပိုပြီး ကြမ်းတမ်းတဲ့ တက္ကသိုလ်ကျောင်းသားဘဝက စောင့်ကြိုနေလို့ပဲ။ ဒါ့ကြောင့် ဘဝအတွက် ပြင်ဆင်ထားပါ။ လူဘဝဆိုတာ အသက်ကြီးလာလေ ပိုရုန်းကန်ရလေပါပဲ။

အထက်တန်းကျောင်းပြီးသွားတော့ ညီငယ်တို့မှာလည်း ဘဝမှာ ဘာလုပ်ရမလဲဆိုတဲ့ ရည်မှန်းချက်တွေ ရှိသင့်သလောက်ရှိနေမှာပါ။ ဒီတော့ ဆယ်တန်းအပြီး တက္ကသိုလ်မတက်ရောက်ခင်လေး လုပ်သင့်တဲ့ အချက်လေးတွေ ရှိပါတယ်။

🔘 လက်တွေ့ဘဝအကြောင်းကို လေ့လာပါ။

ဆယ်တန်းပြီးသွားတာနဲ့ ညီငယ်တို့ဟာ ကျောင်းစာတွေ၊ စာမေးပွဲတွေ၊ ဆရာဆရာမတွေ၊ ကျောင်းလုပ်ငန်းတွေ အားလုံးကနေ လွတ်ကင်းသွားတာပါ။ ဒါ့ကြောင့် ဒီအချိန်မှာ ကျောင်းစာအုပ်ပြင်ပ လက်တွေ့ ဘဝအကြောင်းကို သင်ယူပါ။ ဘာကြောင့်လဲ ဆိုတော့ တက္ကသိုလ် မတက်ခင် ဒီအချိန်လေးတွေမှာ ညီငယ်တို့ ဘာကို တကယ်ဝါသနာပါတာလဲဆိုတာကို
လေ့လာနိုင်လို့ပါ။

🔘 ပရဟိတ အလုပ်တစ်ခုခု လုပ်ကြည့်ပါ။

အထက်တန်းကျောင်းပြီးတဲ့ အခါမှာ ကိုယ့်ရင်ထဲက တကယ် ခံစားမှုရှိတဲ့ အလုပ်တစ်ခုခုကို လုပ်ကြည့်ပါ။ ကိုယ့်ပတ်ဝန်းကျင်ထဲက ကိုယ်တကယ် စိတ်ဝင်စားတဲ့ ပရဟိတ အလုပ်တစ်ခုခုကိုလုပ်ပါ။ ဒီအရာအတွက် အချိန်တစ်ခုပေးရင်းနဲ့ ဒီနယ်ပယ်ထဲက
လူတွေရဲ့ စကားကိုလည်း နားထောင်ကြည့်ပါ။ သင်ယူပါ။ ကိုယ့်ရဲ့ ပတ်ဝန်းကျင်အတွက် လိုအပ်တဲ့ အလုပ်တစ်ခုခုမှာ ကိုယ့်အချိန်ကို အသုံးပြုပါ။ သင်က ဘယ်နေရာမှာ ကောင်းလဲဆိုတာ သိလာပါလိမ့်မယ်။

🔘 အလုပ်တစ်ခုခု ဝင်လုပ်ကြည့်ပါ။

ဆယ်တန်းဖြေပြီးတာနဲ့ ကိုယ့်စိတ်ကူးထားတဲ့ အလုပ်တစ်ခုကို စလုပ်နိုင်မှာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ကိုယ့်စိတ်ဝင်စားတဲ့ နယ်ပယ်ထဲမှာ အလုပ်သင် အဖြစ်လုပ်ပါ။ စာသင်ရတာ စိတ်ဝင်စားတယ်ဆိုရင်လည်း တစ်ခြား ဆယ်တန်းဖြေမယ့် ညီငယ်တွေ ကို စာပြန်သင်ပေးရတဲ့ Guide ဆရာ အဖြစ်လုပ်လို့ရပါတယ်။ ဒီအတွေ့အကြုံတွေက အနာဂတ်မှာ အရမ်း အသုံးဝင်မယ့်
အတွေ့အကြုံတွေ ဖြစ်လာပါလိမ့်မယ်။ ဒါဆိုရင် တက္ကသိုလ်တွေဖွင့်လို့ ရွေးချယ်ရတဲ့ အချိန်မှာ သင်ဟာ လုပ်ငန်းခွင်အတွေ့အကြုံတွေနဲ့ အဆင်သင့်ဖြစ်နေပါလိမ့်မယ်။

🔘 ကိုယ်ဘာဝါသနာပါလဲဆိုတာကို အာရုံစိုက်ပါ။

ငယ်ငယ်တုန်းက ကိုယ်က ပန်းချီဆွဲရတာ ဝါသနာပါပေမဲ့ ကျောင်းရောက်တော့ ကျောင်းစာသင်ချိန်တွေကြောင့် စာပဲရေးနေရတဲ့ အဖြစ်မျိုးဖြစ်မိမှာပါ။ ကိုယ်က ဓာတ်ပုံတွေ ရိုက်တာ ဝါသနာပါပေမဲ့လည်း ဆယ်တန်းရောက်တော့ ဓာတ်ပုံတောင် ရိုက်ခွင့်မရတဲ့ အချိန်တွေနဲ့ ကြုံရမှာပါ။ ဒီတော့ တက္ကသိုလ်ကျောင်းသားတစ်ယောက်ဖြစ်ပြီး စာတွေ မလုပ်ရခင် ကိုယ်တကယ်ဝါသနာပါတဲ့ အရာတွေကို စတင်လိုက်စားကြည့်ပါ။

🔘 ကိုယ်အတွက် အကျိုးရှိစေမယ့် အရာတစ်ခုခုကို စတင်ပါ။

တကယ်လို့ ကိုယ်မှာလည်း လူငယ်ဆိုတော့ နုပျိုတဲ့ စိတ်ကူးတွေရှိမယ်။ အတွေ့အကြုံရှိတဲ့ လူတွေနဲ့လည်း တိုင်ပင်ကြည့်တဲ့အခါ သူတို့ကလည်း သဘောတူမယ်ဆိုရင် ဒီစိတ်ကူးကိုစတင် အကောင်ဖော်ပါ။ သင့်အနေနဲ့ ကောလိပ်ကျောင်းသားဘဝကို လည်း အပြည့်အဝ အာရုံစိုက်သင့်ပေမဲ့ ကိုယ့်စိတ်ကူးကို တစ်နိုင်တစ်ပိုင် အကောင်အထည်ဖော်ကြည့်ပါ။ သင့်ရဲ့ စိတ်ကူးကို
ရင်းနှီးမြုပ်နှံပေးချင်တဲ့ လူတွေလည်း တစ်ချိန်ကျရင် ပေါ်လာနိုင်ပါတယ်။ တက္ကသိုလ်ပြီးတဲ့ အခါမှာလည်း ကိုယ် အကောင်အထည်ဖော်ထားတဲ့ စိတ်ကူးကို အပြည့်အဝ အကောင်အထည်ဖော်လာနိုင်ပါသေးတယ်။

အချိန်ဆိုတာ သင့်ဘဝရဲ့ ငွေကြေးတစ်မျိုးပါ။ 🕕
သင် ဒီငွေကြေးကို ဘယ်လိုသုံးမလဲဆိုတာ သင်ကပဲ ဆုံးဖြတ်နိုင်ပါတယ်။ 🕕
ကိုယ်ရဲ့ အချိန်ရှိတဲ့ အချိန်မှာ အကျိုးရှိရှိ အသုံးမပြုဘူးဆိုရင် ကိုယ်လိုချင်တဲ့ ရလာဒ်ရလာမယ်လို့
မမျှော်လင့်ပါနဲ့။ 🕕
MSO -31

Coin Marketplace

STEEM 0.17
TRX 0.13
JST 0.028
BTC 55802.73
ETH 2969.54
USDT 1.00
SBD 2.22