သတင်း

in #esteem6 years ago

ရခိုင်ပြည်နယ် ဂွမြို့ နယ် ကျိန္တလီမြို့တွင် ၂၈၀ စတု ရန်းမိုင်ရှိ ပင်လယ်ကမ်းနီး ငါးလုပ်ငန်းစီမံခန့်ခွဲမှုကို ဒေသအစုအဖွဲ့ ပိုင်အဖြစ် အကောင်အထည်ဖော် နိုင်ရေး ဆောင်ရွက်နေသည်။

ယင်းကိစ္စကို ငါးလုပ်ငန်း ဦးစီးဌာန သားငှက်ထိန်းသိမ်းရေး အဖွဲ့ (မြန်မာနိုင်ငံအစီအစဉ်) ရခိုင်ကမ်းရိုးတန်း သဘာဝပတ် ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ (RCA) နှင့် ပျိုးပင်အစီအစဉ်တို့ ပူးပေါင်းစီစဉ်နေသည်။

အဆိုပါ စီမံခန့်ခွဲမှုတွင် ကျေးရွာနှင့် ရပ်ကွက် ၁၀ ခု ပါဝင်ပြီး ဧရိယာသည် မြောက်ဘက် ညောင်ပင်သာကျေးရွာ ချောင်းဝ ချောင်းမှ တောင်ဘက်ရှိ ကြွေချိုင် ကျေးရွာ တိုင်ကြိုးချောင်းဝအထိ ၂၄ မိုင် ရှည်လျားကာ ကမ်းနီး ပင်လယ်သည် ၁၀ မိုင်ဖြစ်ကြောင်း အဆိုပါစီမံခန့်ခွဲမှု၌ ပါဝင်သည့် ရေလုပ်သားများက ပြောသည်။

ယင်းပင်လယ်ကမ်းနီး ငါး လုပ်ငန်းစီမံခန့်ခွဲမှုကို ဒေသခံများ သာ စုပေါင်းဖွဲ့စည်းထားသော ကျိန္တလီဒေသ ကမ်းနီးငါးလုပ်ငန်း ပူးပေါင်း စီမံခန့်ခွဲရေးအဖွဲ့ (KIFCA) က ဆောင်ရွက်မည်ဖြစ် ပြီး အဆိုပါ စီမံခန့်ခွဲရေး ဧရိယာ တရားဝင်မှတ်ပုံတင်ခြင်းလုပ်ငန်း များကိုလည်း ဆောင်ရွက်နေ ကြောင်း ရေလုပ်သားများက ဆို သည်။

ပင်လယ်ကမ်းနီး ငါးလုပ် ငန်းစီမံခန့်ခွဲမှု ဒေသအစုအဖွဲ့ပိုင် လုပ်ငန်းသည် ယခင်က ငါးလုပ် ငန်းဦးစီးဌာနမှ စီမံခန့်ခွဲသည့် ရေ လုပ်ငန်းပင်လယ်ပြင်ကို ဒေသခံ အစုအဖွဲ့က စီမံခန့်ခွဲလုပ်ကိုင် သည့် လုပ်ငန်းဖြစ်ပြီး ရခိုင်ပြည် နယ် ရေချိုငါးလုပ်ငန်းဥပဒေ ပြဋ္ဌာန်းပြီးနောက် ပေါ်ပေါက်လာ ခြင်းဖြစ်သည်။

ကျိန္တလီဒေသ ကမ်းနီးငါး လုပ်ငန်း ပူးပေါင်းစီမံခန့်ခွဲရေးအွဲ့ (KIFCA) ဧရိယာထဲရှိ ဒေသခံများ၏ အဓိကအသက် မွေးဝမ်းကျောင်း လုပ်ငန်းများ သည် ရေလုပ်ငန်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကူးသန်းရောင်း ဝယ်ရေးတို့ဖြစ်ပြီး ရေလုပ်ငန်း တွင် ရေလုပ်သား ၁,၃၀၀ ခန့်ရှိ သည်။

Coin Marketplace

STEEM 0.17
TRX 0.13
JST 0.028
BTC 56299.59
ETH 2984.21
USDT 1.00
SBD 2.22