ဘဝစာမျက်​နှာ

in #esteem6 years ago

image
ကျတော်က သူများတွေနဲ့မတူဘူးဗျ မမြင်အပ်တာတွေခနခနမြင်ရတယ် မကြားသင့်တာတွေလည်း ကြားနေရတတ်တယ်ဗျ ဒါကြောင့်ကျတော်ကကျတော့ အဖိုးနဲ့ဘဲနေတာများတယ် ကျတော့်အဘိုးကလည်း မကောင်းသူပယ် ကောင်းသူကယ်နေရတဲ့ အလင်းလောကထဲက ဆရာတစ်ဦးဘဲလေ အဲ့ကြောင့်ကျတော်လည်းအဘိုးနဲ့ဆေးလိုက်ကုရင်း အဘိုးတို့ဆီမှာဘဲ နေတော့တာ အဘိုးနဲ့နေနေရင်ကိုယ့်ကိုကိုယ် ​လုံခြုံသလိုခံစားနေရတယ်ကောင်းကင်​မှိုင်းပြာပြာတွင်​ ​ဘော်​​ငွေကြယ်​ပွင့်​က​လေးများ ဟိုနားတစ်​ပွင့်​ သည်​နားတစ်​ပွင့်​ဖြင့်​ ​ကောင်းကင်​အနားကပ်​ တိမ်​မှီရပ်​၍ မလဲ့တလဲ့ မလင်းတဖုံ လင်းတဖုံဖြင့်​ လရိပ်​လှုံကြ​ချေပြီ​ကော။လူသားသတ္တဝါတို့၏ဖြစ်​တည်​ရှင်​သန်​မှု့သည်​ ဒုက္ခသစ္စာဟုဆိုရသည်​ရှိ​သော ​​နွေညသည်​ အနှီဒုက္ခသစ္စာတုံးကြီးအား တုပ​ချေဖျက်​ ​ချွေးသိပ်​​ပေးလိုဟန်​ရှိ​ပေသည်​ထင်​ တစ်​​နေကုန်​တစ်​​နေခန်း လျှမ်းလျှမ်း​တောက်​ မ​ထောက်​မညှာပွင့်​အာခဲ့​သော ဥုဏှ​နေမင်း၏အပူမီးလျှံတို့သည်​ပင်​ ​နွေလ၏​ခြေ​တော်​ရင်းတွင်​ ဝပ်​ဆင်း​ကျေပျက်​ငုံလျှိုးခဲ့ပြန်​ပါပ​ကော။
image
မဟုတ်တဲ့ကားတွေပြနေတာဗျာ ကျတော်လည်းချက်ချင်း ပြန်ထွက်လိုက်တယ် အဲ့ဒါအကိုကအနောက်ကလိုက်လာပီး ဘာညာကိကွပြောဒါပေါ့ဗျာ အဲ့ဒါနဲ့ကျတော်လည်း စိတ်ဆိုးပီး အိမ်ကိုတစ်ယောက်ထဲပြန်လာတာပေါ့ဗျာ စိတ်ထဲကလည်း အိမ်ပြန်ရောက်ရင် အမေနဲ့တိုင်ပြောမယ်ဆို ကိုယ့်ဒေါသနဲ့ကိုပြန်လာတာ လမ်းတစ်ဝက်လောက်လဲရောက်ရော တောသရက်သီးပင်ကြီးအောက်မှာ ကျတော့်လိုအရွယ် ကလေးလေးငါးရောက် ဘောလုံးကန်နေတာဗျ ကျတော်လည်းအံ့အောလို့ကြည့်နေတာ အချိန်အားဖြင့် ည၉နာရီသာငါလောက်လေးဘဲရှိအုန်းမှာ အဲ့ညကလည်းလပြည့်ဆိုတော့ လ လည်းတော်တော်ထွက်နေပီဗျ အံအောဆိုရင်ဘဲ သူ့တို့ကန်တာကမြေကြီးပေါ်မှာမဟုတ်ဘူး မရည်​မြ​သွေးခပ်​စိမ်းစိမ်းက​လေးကို ခပ်​​ပြေ​ပြေက​လေးလိမ်းကျံသုတ်​လူးထား​သော ပုပု​သေး​သေးစံပယ်​ရုံတို့၏ ပွင့်​ရွက်​တို့သည်​ သွယ်​နွဲ့​သောရိုးတံဖြူဖြူ​လေးများကို ရှက်​နှိုးဖွယ်​ဖုံးအုပ်​လျက်​ သူတို့လည်း လ​ရောင်​ကိုလှုံပြန်​၏။ဆူးခက်​ဆူးမာန်​တို့ကို ခဝါချထား​သော အနှီစံပယ်​ရုံပင်​ငယ်​​လေးများသည်​ ကမာ​ကောင်​ငယ်​တို့၍ ဖြူဥ​သောပုလဲလုံးအဆင်းကို​ဆောင်​ယူဖြူစွက်​ကြဟန်​ထင်​ ဖြူလွှ​သောပွင့်​ဖတ်​ငယ်​က​လေးများသည်​ ကမ္ဘာ​လောကသို့ဖိတ်​စင်​လာ​သော လ​​ရောင်​ကို ပွင့်​ဖတ်​ငယ်​တို့ဖြင့်​​သောက်​သုံးလိမ်းကျံ၍ လ​ရောင်​နှင့်​ရည်​ငံသင့်​မြတ်​ကြ​လေပြီ။ဗေလုဝနတ်​သား​၏ညင်းသဲ့​သောနတ်​​စောင်းတွင်​ မဓုရတာချိုမြသာယာနာ​ပျော်​ဖွယ်​ ​စောင်းသံတို့သည်​ အ​ရှေ့မျက်​နှာအနှံ့ပြန့်​ပျူး​ပြေးလွှားကစားခုန်​​ပျောက်​ကြသကဲ့သို့ပင်​ ​နွေနတ်​သား၏ ညှင်းသဲ့သဲ့​လေ​ပြေညင်းတို့သည်​ လှိုင်​ထ​သောစံပယ်​ရနံ့တို့ကိုလိမ်​ကျံ၍ ဝန်းကျင်​တခိုဖြန့်​ကြဲသယ်​​ဆောင်​​တော့၏။
image
သူတို့ကသာ မကြောက်နဲ့ပြောနေတာ ကျတော်ကတော့ နည်းနည်းလန့်လာပီ ဒါပေမယ့် အတွေးတစ်ခုဝင်လာတာက ကျတ်ာဘာကြောင့်သူတို့နဲ့ပြောဆို ဆက်ဆံနိုင်တာလဲဆိုတာမသိဘူး ကျတော်စဉ်းစားနေတုန်းမှာ ဒုန်းဒုန်းဒုန်းဆိုပီး မြေကြီးတွေတုန်ခါသွားတဲ့ထိအသံကြီးကြားတာနဲ့နောက်ပြန်လည့်ကြည့်လိုက်တော့ အောင်မလေးဗျာ လူတွေအဲ့ကြောင့်သရဲကြောက်ကြတာကိုး နည်းတဲ့အကောင်ကြီးမှမဟုတ်တာ အရပ်အားဖြင့်ထန်းပင်ထက် တောင်ပိုမြင့်သေး ကျတော်လည်း ကြောင်သွားတာ​ပေါ့ ​ရှေးယခင်​​သော်​ လုလင်​ပျိုတစ်​​ယောက်​သည်​ ယခု​လိုလဖြာ​သောညတွင်​ စံပယ်​ရုံ နံ​ဘေးရပ်​​ငေးခဲ့​ပေလိမ့်​မည်​ပင်​။ ထိုလုလင်​သည်​ ဖြူ​သော ​ဖွေး​သော နု​သော နွဲ့​သော သူ၏ကညာပျိုက​လေးအား စံပယ်​ပွင့်​က​လေးနှင့်​နှိုင်းတင့်​မြတ်​နိုးခဲ့​လေသ​လော။စံပယ်​ပွင့်​က​လေးလိုမြတ်​နိုးယုယတွယ်​တာရရှာ​သော သူ၏ ​တောစံပယ်​အပျိုငယ်​​လေးအား အဘယ့်​များ​ကြောင့်​ပင်​ မပန်​ထိုက်​ခဲ့ပါသနည်း။ ​ရေစက်​ကယ်​မကြုံ ဂုဏ်​ချင်းရယ်​မမျှ အလွှာအတန်းပင်းခြားနား​ပေ​သော​ကြောင့်​လား။သို့တည်းမဟုတ်​ ဆင်းရဲနုံချာ​သောသူ၏ဘဝထဲသို့ မ​ခေါ်​ဆောင်​ရက်​​သော​ကြောင့်​ တပါးသူလက်​ထဲထည့်​​ပေး၍ မပန်​ရက်​မခူးရက်​​သော​ကြောင့်​လား။ဤလ​ရောင်​ ဤစံပါယ်​ရုံ​ဘေးဝယ်​ ထိုလုလင်​ငယ်​သည်​ပင်​ ​ဆွေး​မြေ့တမ်း​မောခဲ့​ပေသည်​လား။ လားသည်​များစွာ ​မေးခွန်း​များချာချာလည်​​နေမိပြန်​၏။
image
ကောက်​နှံပင်​ပျိုရွက်​​တွေ ကူ​ပွေ့ကာထား မြသား​ငွေတိမ်​ဝါခဲရဲ့အလယ်​ မြင်​​ယောင်​မိပါတယ်​ကွယ်​ သနပ်​ခါးပါးကွက်​ကြားနဲ့ရယ်​ တစ်​ပွင့်​ပန်းပန်​ရင်​လှရှာသူ​လေးရယ်​ဟု အဆို​တော်​ဦးသိန်​တန်​ကြီးသီချင်းထဲက ရိုးသား​အေးချမ်းလှ​သော ​ကောက်​ရိတ်​လုံ​မေပျိုသည်​ ခပ်​ကျဲကျဲလိမ်းကျံထားဘိ​သောသနပ်​ခါးနံ့သာ နုသားဝါနှင့်​ ပိ​တုန်း​ရောင်​​ကေဆီမှာပန်​ခဲ့ရှာ​သော ထိုတစ်​ပွင့်​ပန်းသည်​ ဤဖြူဆွတ်​မြ​မွှေး​သော စံပယ်​ပွင့်​က​လေးများဖြစ်​​နေမလား။ ​ကောက်​ငန်းသို့ ပိုးရန်​ပန်းရန်​လာ​သော ကာလသားလူပျို​လေးကို ပန်းခူးခဲ့ခိုင်း​ပေလိမ့်​မည်​။မြို့ကြီးသူ​ရေ​ဆေးငါးတို့လို ဖြူဖြူ​ဖွေး​ဖွေး​ခေတ်​မီ​အောင်​မလှနိုင်​​စေဦး​တော့ အုန်းဆီရွှဲရွှဲလိမ်းထား​သော တပတ်​လျှိ​ကေသာတွင်​ ပန်းက​လေးတစ်​ပွင့်​​တော့ဖြင့်​ သူပန်​ချင်​ရှာခဲ့သည်​ထင်​ ထိုလုံ​မေပျိုက​လေး၏​ကောက်​ငန်းနှင့်​ မနီးမ​ဝေး​သောအရပ်​ဝယ်​ မိုး​ရေ​လှောင်​ထား​သောကန်​​ဘောင်​ကြီးတစ်​ခုရှိ​ပေလိမ့်​မည်​။ထိုကန်​​ဘောင်​တွင်​ ကာလရင့်​သီ၍ ​တောထဖွဲ့စီ​ပေါက်​​ရောက်​​နေ​သော ​တောတန်းငယ်​​လေးရှိ​ပေလိမ့်​မည်​။ထို​တောတန်းငယ်​တွင်​ ပန်းက​လေးတစ်​ပွင့်​ခူးခဲ့ဖို့ ​တောင်းဆိုခဲ့​ပေလိမ့်​မည်​။ ထိုကာလသားလုလင်​သည်​လည်း ပိုး​ကြေးပန်း​ကြေးအဖြစ်​နှင့်​ ​တောပန်းက​လေးတစ်​ပွင့်​ခူးဆွတ်​၍ ​ပေးခဲ့​ပေလိမ့်​မည်​။ထိုပန်းက​လေးတစ်​ပွင့်​သည်​ပင်​လျင်​ ​ဆူးခက်​မာန်​ဆင့်​မခက်​ထန်​ဝင့်​​သော စံပယ်​ပန်းက​လေးတစ်​ပွင့်​ ဖြစ်​​နေခဲ့မည်​​။

Sort:  

When the page was again experienced in life will also be sweet

Coin Marketplace

STEEM 0.19
TRX 0.13
JST 0.030
BTC 62604.24
ETH 3437.54
USDT 1.00
SBD 2.50