About A Girl

in #esteem6 years ago

တော်​ဝင်​သဇင်​ပန်းလို နန်းဆန်​တဲ့ ​ကောင်​မ​လေး​ရေ...

မင်း​လေးကို ဘုရားသခင်​က ဖန်​ဆင်း​ပေးလိုက်​တဲ့ ကိုယ့်​ရဲ့ ​နောက်​ဆုံးနံရိုးတ​ချောင်း​လေးလို့ ထင်​မိတယ်​။

စလုံလူမျိုး​တွေလို ရိုးသားပြီး အပြစ်​ကင်းတဲ့ မျက်​နှာ​လေးပိုင်​ဆိုင်​ထားတဲ့ မင်း​လေးအတွက်​ဆိုရင်​ ရာမ မင်းသားနဲ့အပြိုင်​ ရူဒြာ​လေးကိုပဲ တင်​ရတင်​ရ..၊ Hulk နဲ့ပဲ အပြိုင်​ ဖိုက်​ရဖိုက်​ရ...ကိုယ်​...အရာအားလုံးကို ရင်​ဆိုင်​ရဲပါတယ်​။

မင်း​လေး နှုတ်​ဖျားက ထွက်​လာတဲ့ ဆည်း​လည်းသံ​လေးကို ကြားရင်​...ကိုယ်​ မ​ပြောနဲ့... ကမ္ဘာကြီး​တောင်​ ​ကြွေသွားနိုင်​ပါတယ်​။

မင်း​လေးရဲ့ အကြည့်​နုနု​လေး​တွေကို ရင်​ဆိုင်​လိုက်​ရတဲ့ အချိန်​တိုင်း ကိုယ့်​နှလုံးခုန်​နှုန်းက Lamborghiniကား ထက်​မြန်​သွားတယ်​။

မင်း​လေးက ကိုယ့်​အတွက်​ ​တော်​​လေးဝဝင်​ မိန်းမတ​ယောက်​ မဖြစ်​ရင်​​တောင်​ ကိုယ်​က ကျန်​စစ်​သားမင်းရဲ့ အရိန္ဒမာလှံလို မင်း​လေးကို တသက်​လုံး သစ္စာရှိရှိ ချစ်​သွားမယ်​ဆိုတာ ယုံကြည်​​ပေးပါ။

ကျေးဇူးပြုပြီး ကိုယ့်​ရဲ့ ပန်းခင်းထားတဲ့ နှလုံးသား​ပေါ်ကို မင်း​လေး ​ခြေဗလာနဲ့ ရဲရဲတင်းတင်း ​လျှောက်​လှမ်းလာခဲ့ပါ..။
င်​ကွဲနာ

နင့်​ကို ငါမမုန်းပါဘူး..
မဆုံနိုင်​မှန်းသိရဲ့သားနဲ့
ဆုံဆည်းခွင့်​​ပေးခဲ့တဲ့ ကံကြမ္မာကြီးကိုပဲ
ငါ.... အပြစ်​ဆိုချင်​ခဲ့တာပါ။

နင့်​ကို ငါသတိရတိုင်း လွမ်း​နေခဲ့တာပါ..
ကျေးဇူးပြုပြီး ငါ့စကား​တွေကို...
မယုံချင်​​နေပါ ပြက်​ရယ်​မပြုပါနဲ့
မယုံချင်​​နေပါ မ​လှောင်​ပါနဲ့။

အရင်​လို မင်းနဲ့ငါနဲ့က
ရှေ့ဆက်​သွား​နေတုန်းပါပဲ..
ဒါ​ပေမဲ့ တ​ယောက်​တလမ်းစီ
ဖြစ်​သွားခဲ့ပြီ ဆိုတာ ​နောက်​မှငါသိခဲ့ရတယ်။

မဖြစ်​နိုင်​မှန်းသိ​ပေမဲ့
ဖြစ်​နိုင်​ရင်​ အချိန်​​တွေ​နောက်​ပြန်​ဆုတ်​ချင်​တယ်​..။
သေချာတယ်​..
လူတိုင်းမှာ ငါ့လိုပဲ
နောက်​ပြန်​ဆုတ်​ချင်​ခဲ့တဲ့.. ​နေ့တရက်​ရက်​​တော့
ရှိ​နေလိမ့်​မယ်​..။
image
Writer by@sibobo

Sort:  

This post has received a $8.73 % upvote from @siditech thanks to: @soesandar.
Here's a banana! banana-small.png

Coin Marketplace

STEEM 0.18
TRX 0.13
JST 0.030
BTC 58119.97
ETH 3054.21
USDT 1.00
SBD 2.26