FREEDOOM

in #esteem6 years ago

အားလုံးနှင့်ဆိုင်သောမျှတမှုဆိုတာမရှိဘူး ။ ဒါကြောင့် မတောင်းဆိုသင့်ဘူး ။ မျှတမှုကိုမတောင်းဆိုခိုင်းခြင်းဟာ အဆိုးမြင်ဝါဒနဲ့ ကန့်သတ်ခြင်းမျိုး မဟုတ်ဘဲ မရှိ၍ မတောင်းဆိုခိုင်းခြင်းသာဖြစ်တယ် ။ အောက်မှာ ဘယ်ဘက်မှ မျှတမှုမရှိတဲ့ Logic လေးတစ်ခုကြည့်ရအောင် ။

ခြင်္သေတစ်ကောင်အရှေ့မှာ အန္တာရာယ်နဲ့ ရင်ဆိုင်နေရတဲ့ သမင်လေးတစ်ကောင်ကို ခင်များဟာ ကယ်တင်ခွှင့်ရှိ၍ ကယ်တင် လိုက်နိုင်တယ်ဆိုရင်တောင် ခင်များဟာ တရားမျှတသူ မဟုတ်တော့ ဘူး ။ လွပ်လပ်ခွှင့်ကို အာဏာသုံး၍ နှောက်ယှက် ဖြတ်ဆီးသူသာ ဖြစ်တယ် ။

ဒီလိုဘဲ … လောကကြီးတစ်ခုလုံးကို မမြင်မသိနိုင်တဲ့ တစ်စုံတစ်ယောက်သော သူတစ်ယောက်ဟာ တရားမျှတအောင် ဆောင်ရွှက်ဖန်တီးပေးနေပါသည်ဆိုတဲ့ အဆိုပြုချက်ဟာလည်း ခပ်ပေါပေါပျက်လုံး တစ်ခုအပြင်မပိုပါဘူး ။

" လွပ်လပ်မှု နှင့် ယုံကြည်မှုကြားက ပဋိပက္ခများ "

အားလုံးနဲ့ဆိုင်တဲ့ Universal Truth တစ်ခုရှိပါတယ်လို့ ပြောလာပြီဆိုပါဆို့ ဉပမာ - ( နိဗ္ဗာန = Nibbana ) ။ ဒါကို ခင်များကလက်ခံနိုင်လို့ ခင်များအတွက် နိဗ္ဗာန်သည် အမှန်တရား ဖြစ်ပါ၏ ဆိုတဲ့ ကောက်ချက်ထုတ်ပြီ ။ ကောင်းပြီဒီအထိမကန့်ကွက် သေးဘူး ။ မိမိတစ်ကိုယ်ရည်စာ အမှန်တရားဖြစ်ပါသည်ဆိုတဲ့ အဆို ထက် ပို၍ " ဤအရာသည် အားလုံးနှင့်ဆိုင်သော အမှန်တရား " ဖြစ်ပါ သည် ဉပမာ ဗုဒ္ဓသည် တလောကလုံးအတွက်ပွှင့်လာရသည် ဟု၍လုပ်လာရင်တော့ ပြဿ နာ ရှိလာပါပြီ ။

မှန်ကန်ခြင်းကို မည်သည့်အရာနှင့်ပိုင်းဖြတ်ပါသနည်း ? မည်မျှ လောက်အထိရော မှန်ကန်မှုရှိပါသနည်း ? စသည့် အခြေခံမေးခွန်း များနှင့် ထိပ်တိုက် တွေ့ဖို့ရှိနေသည် ။ ( 1 ) မိမိတင် သွင်း လာသည့် အမှန်တရားဆိုတာကို မိမိကိုယ်တိုင် မခံစားမသိရှိ နိုင်ခြင်း ။ ( 2 ) ဒါသာ အမှန်ကျန်တာအမှား ဆိုသည့် ကောက်ချက် သာတွင်တွင်ချ နေရင်တော့ ( 3 ) ၎င်း Set - တွေကို ဘာသာရေး အစွဲလမ်းကြီးသူ ( သို့မဟုတ် ) အစွှန်းရောက်နေသူများဟု သတ်မှတ် နိုင်ပါသည် ။

ထို မမြင် - မသိ - မခံစားနိုင်သော အမှန်တရားဆိုတာနှင့် အမှန်တရားဆိုတာကို စမ်းစစ်မေးခွန်းထုတ် ဝေဖန်သူများကြား ယုံကြည်မှုနှင့် လွပ်လပ်ခွှင့် ; လွပ်လပ်စွှာထုတ်ဖော်ပြောကြားခွှင့် Freedom Of Speech ကြားပဋိပက္ခအသွင် ဆောင်လာပြီ ဖြစ်သည် ။

" ဘာသာရေး လွပ်လပ်ခွှင့်မရှိသောနိုင်ငံများကို တချက်ကြည့်ရအောင် "

အစ္စလာမ်မစ်ရီပက်ဗလစ်နိုင်ငံများဟာ လူအခွှင့်အရေးအများကြီးဆုံး ရှုံးနေတယ် ။ အမျိုးသမီးများဟာဖိနှိပ် ချူပ်ချယ်ခွှင့်အောက်မှာသာ ခံနေရတယ်။ လူသားတစ်ဉီး၏ လွပ်လပ်ခွင့်ဟာ Religion အောက် မှာပိတ်ဆို့ခံထားရတယ် ။ Islam ဆိုတာတယ်တော့ မမြင်မသိ မခံစားနိုင်တဲ့ God ကို အခြေတည်ပြီး တုပ်နှောင်ဖွဲ့စည်းထားတဲ့ အာဏာရှင်စနစ်အဖွဲ့စည်းသာသာ သာဖြစ်တယ် ။

တကယ်တော့ လွတ်လပ်စွာဖော်ထုတ်ခွင့်ဟာ အခြေခံအကျဆုံး Democracy အခွင့်အရေးတစ်ခု ဖြစ်ပါတယ်။ နိုင်ငံသားတိုင်းဟာ သူတို့ရဲ့ ဘာသာရေးနဲ့ဆိုင်တဲ့ အတွေးခေါ် - အယူအဆတွေကို လွတ်လွတ်လပ်လပ် မဖော်ထုတ်မတင်သွင်းပြနိုင်ဘူးဆိုရင် ၎င်းဘာသာရေးအယူဆများအပေါ် Freedom's ကို မြတ်နိုးသော နိုင်ငံသားတွေက လွှမ်းမိုး ပြောင်းလွဲရယူနိုင်စွမ်း
ရှိမှာ မဟုတ်ပါဘူး ။ လွှမ်းမိုး တင်ပြပြင်ဆင်ခွှင့်မှုမရှိရင် Freedom ဆိုတာလည်း ရှိလာနိုင်မှာမဟုတ်တော့ပါဘူး ။

ဒီလိုလွှမ်းမိုးနိုင်စွမ်း မရှိရင် ဘာသာတရားတွေရဲ့ ချွတ်ခြုံကျနေသော အပိုင်းတွေ - တိုးတက်ခြင်းကို နှောင့်နှေးနေသော ရှေးရိုးစွဲ ကွန်ဆာဗေးတစ် အယူဆတွေရဲ့ ပိတ်ဆို့မှုအရေးတွေကိုလဲ ကာကွယ်နိုင်မှာ မဟုတ်ပါဘူး။

အချူပ်ပြောရရင် … … …

လွတ်လပ်မှုဟာ လူတစ်ဉီးချင်းစီအတွက်ပဲဖြစ်စေ …

Society တစ်ခုလုံးအတွက်ပဲဖြစ်စေ …

ရုပ်ပိုင်း ဆိုင်ရာ _ ယဉ်ကျေးမှုပိုင်းဆိုင်ရာ - အသိပညာပိုင်းဆိုင်ရာ တိုးတက်ဖွံ့ဖြိုးရေးအတွက် အခြေခံကျတဲ့ အကြောင်းတရားဖြစ်ပါ တယ်။ ဒါကြောင့်မို့ လွတ်လပ်မှု ( Freedom ) ကိုသာတောင်းဆို ကြရမှာပါ ။ တောင်းဆိုသင့်ပါတယ် ။

ဒီအတွက် အားလုံးနဲ့ဆိုင်တဲ့ ဘာသာရေးအတွေးခေါ် ယူနီလ်ဗာဆယ် Truth တွေ - အားလုံးနဲ့ဆိုင်တဲ့ တရားမျှတမှုတွေလည်း မလိုအပ်တော့ပါဘူး ။ တည်ငြိမ်နေသောကန်ရေပြင်ကို ခဲတစ်လုံး ပစ်ချပြီးမတည်ငြိမ်ဖြစ်နေပါသည်ဟု လုပ်ပြစရာလည်းမလိုအပ် တော့ပါဘူး ။

.
လေးစားလျှက် . . .
image
Writer by@sibobo

Sort:  

This post has received a 1.56 % upvote from @drotto thanks to: @sibobo.

Coin Marketplace

STEEM 0.18
TRX 0.13
JST 0.030
BTC 58296.60
ETH 3064.91
USDT 1.00
SBD 2.26