LovesteemCreated with Sketch.

in #esteem8 years ago

ဘာ....အချစ်

အေး....မင်းတို့ပြောပြောနေတဲ့ အချစ်ဆိုတာက

လောကမှာ မယုံကြည်ရဆုံး စာရင်းထဲမှာ ထိပ်ဆုံးကပဲ။



ဘာ.....မျှော်လင့်ချက်

အေး....မင်းတို့ပြောနေတဲ့ မျှော်လင့်ချက် ဆိုတာ စိတ်ကူးထဲမှာ

ကဗျာရေးနေရုံနဲ့ မရဘူးကွ။ လက်တွေ့လုပ်ဆောင်မှ

မျှော်လင့်ချက်ဆိုတာ တကယ်ဖြစ်လာတာမျိုးပါ။



ဘာ....ရည်းစားထားမယ်

အေး....ရည်းစားထားတာလည်း ထားပေါ့ကွာ

သီးချိန်တန်ရင် သီးတာလက်ခံတယ်

ဒါပေမယ့်....သီးလာတဲ့ အသီးကဈေးကွက်ဝင်ဖို့တော့လိုသေးတယ်။



ဘာ....အိမ်ထောင်ပြုမယ်

အေး....ဟုတ်ပါပြီ အရင်ဆုံး မင်းမိဘတွေတောင် ထမင်းဝအောင်

လုပ်ကျွေးနိုင်ပြီလား။ အိမ်ကမိဘက မင်းပေးသလောက်နဲ့

ကျေနပ်တယ်။ မိန်းမယူလို့ကတော့ မင်းရသလောက် ဟိုက

အကုန်လိုချင်တာ နည်းနေတယ်တောင် ထင်အုံးမယ်။



ဘာ.....အလုပ်လုပ်ဖို့ အရင်းအနှီးလိုတယ်

သြော် အေးပါ....ငါသိသလောက်တော့ အလုပ်တစ်ခုလုပ်ရာမှာ

အရင်းအနှီးဆိုတာ အလုပ်ဖြစ်လာမှ လိုတာမျိုးကွ။

အရင်းအနှီး မရှိတိုင်းသာ အလုပ်မဖြစ်ကြေးဆိုရင် လောကမှာ

အရင်းအနှီး မရှိသူတွေ ငတ်ကုန်မှာပေါ့။



ဘာ.....ကောင်မလေးက တင်တောင်းခိုင်းနေတယ်

သြော်....အေးပါ...လူကိုဝယ်တာလား မိန်းမယူဖို့လား

ငါသိသလောက်တော့ ကြီးကြီးကျယ်ကျယ် မင်္ဂလာဆောင်ပြီး

ကြီးကြီးကျယ်ကျယ် ကွဲလို့ကတော့ အကြီးကြီး အရှက်ကွဲတာပေါ့။

မင်္ဂလာဆောင်တာက ပကာသနအတွက်ပါ

အရေးအကြီးအဆုံးက အသွင်တူပြီး စိတ်ထားညီမျှမှူက အဓိကကွ။



ဘာ....လုပ်ငန်းခွဲပေးရမယ်

ဟုတ်ပါပီ....ငါက အဖေဆိုတော့ ငါ့တာဝန်ရှိပါတယ်

လုပ်ပေးရမှာပေါ့ ဒါပေမယ့် မင်းမှတ်ထား

အဖေလို အောင်မြင်ချင်ရင် အဖေလို စိတ်ဓာတ် ၊ အရည်​အချင်း တွေ

မင်းမှာ ရှိနေပီလား မင်းကိုယ်မင်း သုံးသပ်ပါ။



အဖေဖြစ်သူက သားဖြစ်သူအပေါ် အားမရဖြစ်ပုံလေးပါ

စာစုလေးက ညီငယ်ညီမငယ်များအတွက် အသိတစ်ခုခု

တိုးသွားမယ်လို့ ယုံကြည်ပါတယ်။

Coin Marketplace

STEEM 0.06
TRX 0.32
JST 0.065
BTC 67317.59
ETH 2100.42
USDT 1.00
SBD 0.48