လောကရဲ့ သဘာသဘာဝ

in #esteem6 years ago

(၁) ရယ်ရယ်မောမော ပြုံးပြုံးရွှင်ရွှင်နေပါ။ ရယ်မောခြင်းဖြင့် သင့်ဘဝသက်တမ်းကို နှစ်တွေပိုရှည်လာအောင် ဆွဲဆန့်ပေးနိုင်မယ်လို့ အာမ မခံနိုင်ပေမဲ့၊ သင်အသက်ရှင်နေသမျှ ကာလပတ်လုံး အဓိပ္ပာယ်ရှိရှိ သက်ဝင်လှုပ်ရှားနေတဲ့ဘဝကိုတော့ ပိုင်ဆိုင်နိုင်မှာ အသေအချာပါပဲ။



(၂) လူသားတွေရဲ့ နေ့စဉ်ဖြတ်သန်းမှုတွေထဲမှာ ဘဝအမောတွေ၊ တက်သုတ်ရိုက်မှုတွေ အများကြီးပျော်ဝင်စီးဆင်းနေတယ်။ တခါတလေမှာတော့ အလျင်မလိုဘဲ သင့်ပတ်ဝန်းကျင်က သဘာဝအလှအပတရားတွေကို စိတ်နစ်ပြီးခံစားကြည့်လိုက်ပါ။ အသက်ကိုခပ်ပြင်းပြင်းလေး ရှူသွင်းရှူထုတ်လုပ်ပြီး စိတ်ကိုဖြေလျှော့ပေးလိုက်ပါ။



(၃) သင်ဟာ အိပ်မက်တွေ၊ မျှော်လင့်ချက်တွေ ကြီးကြီးထားမယ်။ အိပ်မက်တွေ လက်တွေ့ဖြစ်လာဖို့ အားတက်သရော ကြိုးစားမယ်။ ပိုင်ဆိုင်လာတာတွေကို တန်ဖိုးထားမယ်။ ဒီလိုပိုင်ဆိုင်လာတဲ့အတွက်လည်း ကျေနပ်စွာနဲ့ ပြုံးတတ်မယ်ဆိုရင် သင်ဟာနေပျော်တဲ့ဘဝတစ်ခုကို ရရှိထားတာပါ။
image

(၄) သင့်မှာ ရန်သူမျိုး (၅) ပါး မဖျက်ဆီးနိုင်တဲ့ ပညာဆိုတဲ့ အဖိုးထိုက်ရတနာကို ပိုင်ဆိုင်ထားပြီဆိုရင် ဂုဏ်ယူပါ။ ဒီထက်ကျေနပ်ဂုဏ်ယူချင်ရင် သင့်မှာရှိတဲ့ အဖိုးထိုက်ပညာရတနာတွေကို နီးစပ်ရာ၊ လက်လှမ်းမီရာ ပတ်ဝန်းကျင်ကို ဖြန့်ကျက်မျှဝေလိုက်ပါ။



(၅) ကိုယ်ချင်းစာတတ်တာဟာ အတွင်းစိတ်ဖူးပွင့်လှပခြင်းပါ။ ကိုယ်ချင်းစာစိတ် အရင်းခံလို့ ကြင်နာတတ်ခြင်းဆိုတဲ့ ဘာသာစကားကို လူမဆိုထားနဲ့၊ အဟိတ်တိရစ္ဆာန်တွေတောင်မှ နားလည်နိုင်ပါတယ်။
image

(၆) ဘဝတစ်လျှောက်မှာ ရွေးချယ်စရာတွေ အများကြီးတွေ့ရမယ်။ သင့်အနေနဲ့ သင်နှစ်သက်ရာ၊ အလိုရှိရာကို ရွေးချယ်နိုင်တယ်။ ရွေးချယ်စရာတိုင်းဟာ သူ့ကိုယ်ပိုင်တန်ဖိုးနဲ့သူ ရှိတယ်ဆိုတာကိုတော့ သတိရပါ။



(၇) အချိန်ဆိုတာ မြစ်တစ်စင်းလိုပါပဲ။ စီးဆင်းနေတဲ့ ရေအလျဉ်ထဲမှာ သင့်လက်ကိုနစ်ပြီး ထိတွေ့လိုက်မယ်ဆိုပါစို့။ သင်ထိတွေ့မိတဲ့ရေကို နောက်တစ်ကြိမ်ဒီနေရာမှာ ပြန်ထိတွေ့ချင်လို့ မရတော့ပါဘူး။ တသွင်သွင်စီးဆင်းနေတဲ့ ရေစီးအလျဉ်နဲ့အတူ လိုက်ပါသွားပါပြီ။ ဒါကြောင့်လက်ရှိ အခိုက်အတန့်တိုင်းကို တန်ဖိုးထားပါ။



(၈) သင်ဟာဘယ်လိုလူစားမျိုးဆိုတာ အချက်နှစ်ချက်နဲ့ တိုင်းတာဖွင့်ဆိုနိုင်တယ်။ သင့်မှာဘာမှမရှိတော့တဲ့အခါ သင့်ရဲ့ခံနိုင်ရည်စွမ်းအား ဘယ်လောက်ရှိသလဲ ဆိုတာရယ်၊ သင့်မှာအရာအားလုံး ပြည့်စုံလာတဲ့အခါ သင့်ရဲ့စိတ်နေသဘောထား၊ ခံယူချက်ဘယ်လိုထားနိုင်သလဲ ဆိုတာရယ်နဲ့ပေါ့။

Coin Marketplace

STEEM 0.19
TRX 0.12
JST 0.027
BTC 61213.69
ETH 3320.21
USDT 1.00
SBD 2.46