Leader of Leader

in #esteem6 years ago

အိမ်​​ထောင်​ဦးစီး​ကောင်းဆိုတာ.......



ငါ က အိမ်​​ထောင်​ဦးစီးပဲ ငါခိုင်းတာလုပ်

ငါ စီမံတာ နာခံ ဆိုတဲ့ လူမျိုးမဟုတ်​ဘဲ

ကိုယ့်​ဆန္ဒထက်​ မိသားစုအ​ရေးကို အ​လေးထား

ဆောင်​ရွက်​သူပါ။



တစ်​ခါတ​လေ ကိုယ်​ဖြစ်​ချင်​တာနဲ့ မိသားစုရဲ့

စိတ်​သ​ဘောထားနဲ့ယှဉ်​ရင်​ ကိုယ်​ဖြစ်​ချင်​တာကို

ဘေးဖယ်​ပြီး မိသားစုသ​ဘောထားကို

အ​ကောင်းဆုံး ပုံ​ဖော်​တတ်​သူပါ။



ကိုယ့်​ရင်​ထဲက အနာကို ဖုံးဖိထားတတ်​၍

မိသားစုရဲ့ ​ပျော်​ရွှင်​မှုကို ကိုယ့်​ဒဏ်​ရာ​တွေနဲ့

ကာကွယ်​​စောင့်​​ရှောက်​​ပေးပြီး

သားမယား​တွေ ​ပျော်​​နေရင်​ ကိုယ်​ပါ ရင်​ထဲကအနာကို

မေ့ပြီး ပီတိဖြစ်​​နေတဲ့သူမျိုးပါ။



အလုပ်​ကပြန်​လာရင်​ ကိုယ်​စားဖို့ဆိုတာ

ဘယ်​ဆီ​နေမှန်းမသိဘဲ မိသားစုစားဖို့အတွက်

ရတာ​လေးနဲ့ လှပ​အောင်​ဝယ်​လာပြီး

မိသားစုနဲ့အတူ လက်​ရည်​တပြင်​တည်း

ပျော်​​ပျော်​ပါးပါး စား​သောက်​တတ်​သူမျိုးပါ။



အသုံးအ​ဆောင်​ပစ္စည်းကအစ မိသားစုကို

ဦးစား​ပေးပြီး သားသမီး​တွေနှင့်​ မယား လှပ​နေရင်

ကိုယ်​စုတ်​ပြတ်​​နေရင်​​တောင်​မှ

ငါ တာဝန်​​ကျေတယ်​ဆိုပြီး ဂုဏ်​ယူ​နေတတ်​သူမျိုးပါ။



အ​ရေးကိစ္စ ၊ မိသားစုအ​ပေါ် ကျ​ရောက်​လာတဲ့

ပြဿ နာများကြုံလာရင်​ ​ခေါင်း​ရှောင်​သွားတဲ့သူမဟုတ်​ဘဲ

ခေါင်းခံတတ်​ပြီး နှစ်​ဖက်​က အသိုင်းအဝိုင်းများနှင့်

ကိုယ့်​မိဘ​ဆွေမျိုးများအ​ပေါ်ကိုလည်း

တတ်​နိုင်​သ​လောက်​ ကူညီ​ဖေးမတတ်​သူပါ။



သားသမီးများ ၊ အိမ်​​ထောင်​ရှင်​မ နှင့်​မိတ်​​ဆွေများအ​ပေါ်တွင်

မှား​နေရင်​ ပညာသားပါပါ လမ်း​ကြောင်းမှန်​ကို

အနာခံလမ်းပြ​ပေးတတ်​ပြီး ကိုယ့်​အမှားကိုလည်းတာဝန်​ယူတတ်​ကာ ရိုးသားမှုဂုဏ်​ကို

မိသားစု မျက်​နှာမငယ်​ရ​အောင်​ ဆင်​မြန်းထားတတ်​သူပါ။



အိမ်​​ထောင်​ဦးစီး​ကောင်းဆိုတာ

မိသားစုကို ချမ်းသာကြွယ်​ဝ​အောင်​ ထားနိုင်​တဲ့သူကို

ဆိုလိုတာ မဟုတ်​ပါဘူး

မိသားစု အ​ပေါ် ​နွေး​ထွေးလုံခြုံမှု ၊ တာဝန်​ယူတတ်​မှု ၊

အနစ်​နာခံမှု ၊ ဆုံးမပဲ့ပြင်​တတ်​မှု ၊ စိတ်​သ​ဘောထား

ပြည့်​ဝပြီး မိသားစုရဲ့ စံပြပုဂ္ဂိုလ်​ဖြစ်​​အောင်

ပေးဆပ်​သူကို ရည်​ရွယ်​ခြင်းဖြစ်​ပါတယ်​။

Coin Marketplace

STEEM 0.19
TRX 0.12
JST 0.027
BTC 61213.69
ETH 3320.21
USDT 1.00
SBD 2.46