အလကားမရပါဘူး
ခပ်မြင့်မြင့်လေး
ပျံချင်ရင် လေတိုက်တဲ့ဒဏ်တော့ ခံရမှာပေါ့
မြင့်မားတဲ့ ဘဝမှာနေချင်ရင်
ဝေဖန်မှု ဒဏ်တွေတော့ ခံနိုင်ရမှာပေါ့
စေတနာမြင့်မြင့်ထားဖို့ ကြိုးစားရင်
စော်ကားမှုဒဏ်တော့ ခံနိုင်ရမှာပေါ့
ပျော်ရွှင်မှုအစစ်အမှန်ကို လိုချင်ရင်တော့
ပူလောင်မှုတွေ ကျော်ဖြတ်နိုင်ရမှာပေါ့
ရလိုမှုတွေ ပြင်းထန်မိရင်တော့
လောဘမီးတွေတော့ လောင်မြိုက်ခံနိုင်ရမှာပေါ့
ကံဆိုးမှုတွေ ကုန်ဆုံးချင်ရင်တော့
ကံကောင်းမှုတွေနဲ့ ထိုက်တန်အောင်
စိတ်ဓာတ်ကောင်းတွေ ထားနိုင်ရမှာပေါ့
ဘယ်တော့မှ လူ့အောက်မကျို့ချင်ရင်တော့
ပေးဆပ်မှုတွေ တောင်ပုံယာပုံတော့
စတေးနိုင်ရမှာပေါ့
လောကကြီးက
ဘယ်လူသားကိုမှ မမျှတတဲ့ စမ်းသပ်ခြင်းတွေ
မလုပ်ပါဘူး အရာအားလုံးက ကိုယ်နဲ့တန်လို့
ကိုယ်ဖြေဆိုနိုင်မယ့် မေးခွန်းတွေကိုပဲ
ဖြေခိုင်းခဲ့တာပါ
လောကကြီးက
ထူးဆန်းတာ တစ်ခုရှိသေးတယ်
ဘယ်အရာကိုမှ အလကားမပေးတတ်ပါဘူး
ထိုက်သင့်တဲ့ ရင်းနှီးမြုပ်နှံပေးဆပ်မှုတွေ
ပြန်ပေးခိုင်းတတ်တယ်
တကယ်လို့ အလကားရခဲ့တယ်ထားအုံး
အဲ့ဒီအရာက ရေရှည်မခံဘဲ
ကိုယ့်လက်ထဲက အချိန်မရွေး
ပျက်စီးဆုံးရှုံးသွားတတ်တာ အမှန်ပါပဲ