Must profit from capital

in #esteem6 years ago

လွတ်​လပ်​မှုကို ​ရေရှည်​ပိုင်​ဆိုင်​ချင်​လား....

အရှုပ်​​တွေထဲမှာ ရှင်းလင်း​အောင်​​နေပါ

အရှုပ်​​တွေကြား ရှင်း​အောင်​ကြိုးစားရင်းနဲ့

လွတ်​လပ်​မှု အစစ်​အမှန်​ကို ရှာ​တွေ့သွားပါလိမ့်​မယ်



ပျော်​ရွှင်​မှုအစစ်​အမှန်​ကို ပိုင်​ဆို်​င်​ချင်​လား.....

ဝမ်းနည်းစရာ​တွေကြားမှာ ပြုံးနိုင်​​အောင်​ကြိုးစားပါ

ဝမ်းနည်းစရာ ​တွေကြုံလာတိုင်း

ရယ်​နိုင်​​အောင်​ကြိုးစားရင်းနဲ့ ​ပျော်​ရွှင်​မှုအစစ်​အမှန်​ကို

ပို်​င်​ဆိုင်​လာပါလိမ့်​မယ်



ပြည့်​စုံတဲ့ ဘဝကို ပိုင်​ဆိုင်​ချင်​လား......

ပေးဆပ်​မှု​တွေကို စိတ်​ရင်းအမှန်​ဖြင့်

များများ လုပ်​​ဆောင်​​ပေးပါ

ပြည့်​စုံမှုဆိုတာ ရယူမှုမဟုတ်​ပါဘူး

ပေးဆပ်​ခြင်းပါ ​ပေးဆပ်​ဖန်​များလာရင်

ကိုယ်​လိုချင်​တာ​တွေနည်းလာပြီး

ဘဝက ပြည့်​စုံလာပါလိမ့်​မယ်



ရင့်​ကျက်​တည်​ငြိမ်​တဲ့ လူသားတစ်​​ယောက်​ဖြစ်​ချင်​လား.....

လောကဓံ​တွေကို များများ ​ကျော်​ဖြတ်​​ပေးပါ

စမ်းသပ်​မှုများစွာကို ​ကျော်​ဖြတ်​ရင်းနဲ့

ရလာတဲ့ နာကျင်​မှု​တွေက အသားမာတက်​လာပြီး

ထုံလာကာ တည်​ငြိမ်​လာပါလိမ့်​မယ်



ဘဝဆိုတာ အဆင့်​တစ်​ခု​ရောက်​ဖို့

များများ ရင်းရသလို ​လောကဓံ ခံနိုင်​ဖို့ကလည်း

လေ့ကျင့်​မှု​တွေ များများရင်းနှီးရတတ်​တယ်

လွတ်​လပ်​မှု​တွေရဖို့ ကိုယ့်​စိတ်​ကို များများချုပ်​​နှောင်​ခံခဲ့ရသလို

တည်​ငြိမ်​မှုကို ရဖို့ နာကျင်​မှု​တွေရင်းရတတ်​တယ်

ပြည့်​စုံမှု​တွေရဖို့ များများ​ပေးဆပ်​ရတတ်​သလို

ပျော်​ရွှင်​ရဖို့် ကြိမ်​ဖန်​များစွာ ပူ​ဆွေးရတတ်​ပါတယ်



ဘာပဲဖြစ်​ဖြစ်​ပါ

နေတတ်​မှ ​ကျေနပ်​စရာ​ကောင်းမှာပါ

လက်​ခံတတ်​မှ ​အေးချမ်းမှာပါ

ဖြေတတ်​မှ ငြိမ်းချမ်းမှု​တွေ ကိုယ့်​စိတ်​ထဲ အမြဲ

ကိန်း​အောင်းလာမှာ ဖြစ်​ပါတယ်​။

Coin Marketplace

STEEM 0.19
TRX 0.12
JST 0.027
BTC 61143.25
ETH 3314.41
USDT 1.00
SBD 2.50