About Car (1)

in #esteem8 years ago

ကားတစ်စီးရေဆူရခြင်းအကြောင်း (၁)

ကားငယ်များတွင် အင်ဂျင်ရေဆူနိုင်သော အကြောင်းရင်းများမှာ...

(၁) Engine Coolant ဆေးရည်ထည့်မသုံးခြင်း၊

(၂) မသန့်ရှင်းသော(ဆားဓါတ် ထုံးဓါတ်ပါသော)ရေများထည့်သုံးမိခြင်း၊

(၃) Engine Cooling System ရှိ ပိုက်များ ပိုက်ဆက်များနှင့် ရေတိုင်ကီမှ ရေယိုစိမ့်ခြင်း၊

(၄) Engine Cooling Fan များအလုပ်မလုပ်ခြင်း(ရေတိုင်ကီပန်ကာနှင့် အဲယားကွန်းပန်ကာ)

(၅) Cooling Fan Clutch Assembly Oil Silicone နည်းသွားခြင်း(ရေတိုင်ကီပန်ကာ ဖရီးပန့်ဆီမရှိခြင်း)

(၆) Radiator Cap ရေတိုင်ကီအဖုံးမကောင်းခြင်း၊

(၇) Reserve Tank ရေပြန်ဗူးအတွင်း ရေ ရှိ/မရှိ မစစ်ဆေးခြင်း၊

(၈) Water Pump ရေလည်အုံမှ ရေယိုစိမ့်ခြင်း၊ ရေလည်အုံ ပန်ကာဒလက်များစားသွားခြင်း၊

(၉) ရေတိုင်ကီ ပိုက်လိုင်းများ ချေးကပ်ခြင်း/ပိတ်ခြင်း၊

(၁၀) Thermostart သာမိုစတတ်မကောင်းခြင်း၊

(၁၁) Engine Head Gasket ဟက် ဂက်စကက်မကောင်းခြင်း၊

(၁၂) အင်္ဂျင်ဟက်မျက်နှာပြင်နှင့် ဘလောက်မျက်နှာပြင်ခွက်ခြင်း၊

(၁၃) KZ နှင့် KD အင်္ဂျင်များတွင် သတ္ထုဟက်အတွင်းပိုင်း ချို့ယွင်းချက်ရှိခြင်း၊

(၁၄) အင်္ဂျင်ပါဝါ နိမ့်သောကားများတွင် Catalytic Converter ပိတ်ခြင်း၊ စသည်အကြောင်းအရင်းတို့ ဖြစ်ကြပါသည်။

@taori

Coin Marketplace

STEEM 0.06
TRX 0.29
JST 0.050
BTC 67418.90
ETH 1966.28
USDT 1.00
SBD 0.46