About Car (3)

in #esteem8 years ago

ကားတစ်စီးရေဆူရခြင်း၏ အကြောင်း(၃)

ထို့ပြင် သာမန်ရိုးရိုးရေ၏ ရေဆူမှတ်မှာ 100 Celsius ဖြစ်ကာ...
Coolant ၏ ရေဆူမှတ်မှာ 197.3 Celsius ရှိသောကြောင့် အဂျှင်၏
အပူချိန်ကို ပိုမိုခံနိုင်ပါသည်။

ထို့ကြောင့် Engine Coolant ဆေးရည်ကို ကားငယ်တိုင်းတွင်ထည့်သုံးရန်လိုအပ်ပါသည်။ထိုဆေးရည် ထည့်သုံးရာတွင် အမျိုးအစားမတူသော အနီရောင်၊အစိမ်းရောင်၊အပြာရောင် ရောနှောသုံးမိပါကလည်း အင်ဂျင်ရေအပူချိန်ကို မြင့်မားစေပါသည်။

Engine Coolant ဆေးရည်အသစ်လဲ လှယ်ရာတွင် အင်ဂျင်အတွင်းရှိ ဆေးရည်အဟောင်းများကို လုံးဝသန့်စင်သွား စေရန် ရေတိုင်ကီအဖုံးကိုဖွင့်ကာ ရေပိုက်ထည့်၍ ရေဖွင့်ထားကာ ရေအပူချိန် အာရုံခံဆင်ဆာခေါင်း(Water Temperature Sensor) ကိုဖြုတ်၍ (သို့) ရေတိုင်ကီအပေါ်ပိုက်ကို ဖြုတ်ကာ ရေတိုင်ကီ ရေပြန်ဝင်ပေါက်ကို ကျွတ်စဖြင့် ပိတ်ထားပြီး ၅မိနစ်မှ ၁၀ မိနစ်ခန့်အထိရေပြန်ပိုက်မှထွက်လာသောရေများ ကြည်လာအောင်ဆေးကြောပါ။ရေများကြည်လာ၍ ဆေးရည်အဟောင်းများကုန် သွားချိန်တွင် ရေပိုက်အားထုတ်၍ အဂျင်အတွင်းရှိ ရေကျန်များကုန်သွားစေရန် လီဘာ ၃/၄ ချက်ခန်းနင်းပြီးလျှင် ရေတိုင်ကီရေပိုက်ပြန်တတ်ပါ။ ထို့နောက် ရေတိုင်ကီအောက်ဘက်ရှိ ရေထွက်ပေါက်ကို ဖွင့်ပြီး ရေတိုင်ကီအတွင်းရှိရေများ ကုန်အောင်ထုတ်ပစ်ပါ။ရေကုန်သွားလျှင် ရေဖွင့်ပေါက်ပြန်ပိတ်ပြီး Engine Coolant ဆေးရည်ကိုအရင်ထည့်၍ မပြည့်သေးလျှင် ရေသန့်ဗူးမှရေကိုသာထည့်ရပါမည်။

No Add Water ဟုဗူးတွင်ရေးထားသော Coolant များသည်
ရေထပ်ရော၍ မရပါ။ရေထပ်ရောပါက အာနိသင်လျှော့ကျသွားမည်ဖြစ်သည်။

@taori

Coin Marketplace

STEEM 0.06
TRX 0.29
JST 0.049
BTC 67583.08
ETH 1971.78
USDT 1.00
SBD 0.46