About Car (4)

in #esteem8 years ago

ကားတစ်စီးရေဆူရခြင်း၏ အကြောင်း (၄)

(၂) မသန့်ရှင်းသော(ဆားဓါတ်၊ထုံးဓါတ်ပါသော)ရေများထည့်မိခြင်း မသန့်ရှင်းသောရေများထည့်သုံးမိပါက ဆားဓါတ်ပါသောရေများသည် အင်ဂျင်ဘလောက်အတွင်း ရှိ သံထည်များတွင် သံချေးများစွာတက်စေနိုင်ပြီး၊ ထုံးဓါတ်ပါသောရေမှာ ကြာရှည်သုံးစွဲသောအခါ အင်ဂျင်ဘလောက်၊ဟက်နှင့် ရေတိုင်ကီ လေအေးခံ ပိုက်လိုင်းများအကြားတွင် အဖြူရောင်အဖတ်လေးများဖြစ်ကာကပ်နေ၍ အင်ဂျင်ဘလောက်၊ဟက်နှင့် ရေတိုင်ကီ လေအေးခံပိုက်လိုင်းများအကြားတွင် ကြားခံ ပစ္စည်းတစ်ခုအဖြစ်ခံနေကာ ဘလောက်၊ဟက်နှင့် ရေတိုင်ကီတို့ အင်ဂျင်ရေအေးစနစ်က အေးသင့်သလောက်မအေးစေတော့သဖြင့် ရေဆူတတ်ပါသည်။ထို့ကြောင့် ရေတိုင်ကီနှင် ရေပြန်ဗူးအတွင်းသို့ ရေဖြည့်ရာတွင် ရေသန့်ကိုသာ သုံးသင့်ပါသည်။ထို့ပြင်မသန့်ရှင်းသောရေကို ထည့်သွင်းအသုံး ပြုသဖြင့်
ရေလည်အုံအတွင်း ရေယက်ပန်ကာ ဒလက်များပျက်စီးခြင်း၊
အင်ဂျင်ရေပိုက်လိုင်း(သံပိုက်များ)ပေါက်ခြင်း၊အင်ဂျင် ရေဝင်နှင့် ရေပြန် သတ္ထုပိုက်ခေါင်းများမှာလည်း သတ္ထုချေးတက်၍ တိုလာတတ်ကာ အသစ်လဲရပါသည်။

@taori

Coin Marketplace

STEEM 0.06
TRX 0.31
JST 0.060
BTC 66360.41
ETH 1997.94
USDT 1.00
SBD 0.50