About Car (6)

in #esteem8 years ago

ကားတစ်စီးရေဆူရခြင်း၏ အကြောင်း (၆)

(၄) Engine Cooling Fan အလုပ်မလုပ်ခြင်း(ရေတိုင်ကီ ပန်ကာနှင့် အဲယားကွန်းပန်ကာ) ဆလွန်း ဗင်နှင့် ဝက်ဂွန်ကားငယ်များတွင် အင်ဂျင်လေအေးပေးပန်ကာမှာ များသောအားဖြင့် ၂ ခုရှိပါသည်။တစ်ခုမှာရေတိုင်ကီပန်ကာဖြစ်ကာ တစ်ခုမှာ အဲယားကွန်းပန်ဖြစ်ကာ အဲယာကွန်းပန်ကာမှာ အဲယာကွန်းဖွင့်သည်နှင့် လည်ပါသည်။ထိုပန်ကာများ အလုပ်မလုပ်လျှင်လည်း အင်ဂျင်နှင့်ရေတိုင်ကီသည် လိုအပ်သောလေအေးကို မရရှိသဖြင့် ရေဆူတတ်ပါသည်။ထိုပန်ကာများ အလုပ်မလုပ်ရခြင်းမှာ ပန်ကာဖြူး(Fuse)ပြတ်ခြင်း၊ပန်ကာရီလေး(Relay)မကောင်းခြင်း၊ ပန်ကာမော်တာမကောင်းခြင်းတို့ကြောင့် ဖြစ်တတ်ပါသည်။ ရေတိုင်ကီပန်ကာမှာ သတ်မှတ်ရေအပူချိန်တွင်လည်ပေးပြီး ရေအနည်းငယ် အေးသည်နှင့်ပြန်ရပ်ကာ အော်တိုအလုပ်လုပ်ပါသည်။ ရေတိုင်ကီပန်ကာလည်နိုင်ရန် Engine Water Temperature Sensor အင်ဂျင်ရေအပူချိန်တိုင်းဆင်ဆာ(ရေဟိဂိတ်ဆင်ဆာမဟုတ်ပါ)မှ အလုပ်လုပ်ပေး ပါသည်။ ထိုရေအပူချိန်ဆင်ဆာမီးခေါင်းလေးသည် မီးကြိုး (၂) ကြိုးရှိပြီး (၂)ကြိုးလုံးမှာ အင်ဂျင်ကွန်ထရိုးဘောက်(ECU , ECM) မှလာသော E2 နှင့် THW မီးကြိုးများ ဖြစ်သည်။ E2 မှာ ကွန်ထရိုးဘောက် အပ်ကြိုးဖြစ်ကာ THW မှာ သတ်မှတ်အပူချိန်ရောက်ချိန်တွင် ကွန်ထရိုးဘောက်သို့ မီးပို့ပေးပြီး ဘောက်မှတစ်ဆင့် ပန်ကာရီလေးသို့ မီးပေးကာ ရေတိုင်ကီ ပန်ကာလည်စေ ပါသည်။ထို့ကြောင့် Engine Water Temperature Sensor ကြေးမီးခေါင်းလေး မကောင်းပါက ရေတိုင်ကီပန်ကာ မလည်ပါ။၎င်းကဲ့သို့ ဖြစ်ပါက နားလည်တတ်ကျွမ်းသော ကားဝါယာရိန်းဆိုင်များတွင် ပြသပြုပြင်ရပါမည်။

@taori

Coin Marketplace

STEEM 0.06
TRX 0.31
JST 0.060
BTC 66293.77
ETH 1996.61
USDT 1.00
SBD 0.50