About Car (10)

in #esteem8 years ago (edited)

ကားတစ်စီးရေဆူရခြင်း၏ အကြောင်း။(၁၀)

(၉) ရေတိုင်ကီ ပိုက်လိုင်းများ ပိတ်ခြင်း၊ချေးကပ်ခြင်း ရေတိုင်ကီရှိ လေအေးခံပိုက်လိုင်းများသည် အင်ဂျင်သာမိုစတတ်မှ လဲလှယ်ပေးလိုက်သောရေပူများကို ရေတိုင်ကီ ပိုက်လိုင်းများအတွင်း လေအေး နှင့် ရေကိုအေးစေရန် အလုပ်လုပ်ပါသည်။မသန့်ရှင်းသောရေထည့်မိ၍ ပိုက်လိုင်းများအတွင်း သံချေးမှုန်များ၊အဖြူရောင်ထုံးအမှုန်များကပ်ကာ ပိုက်လိုင်းများ ပိတ်ခြင်း၊ချေးကပ်ခြင်းတို့ဖြစ်ပါက ရေကို မအေးစေနိုင်တော့သဖြင့် ရေဆူတတ်ပါသည်။ထိုသို့ဖြစ်ပါက ရေတိုင်ကီ ဖြုတ်ဆေးရပါမည်။

(၁၀) Thermostart သာမိုစတတ်မကောင်းခြင်း ကားငယ်များရေဆူရသောအကြောင်းရင်းများတွင် အထက်ပါအချက်များအပြစ် မရှိပါက သာမိုစတတ်အပြစ်သည် အများဆုံးဖြစ်ပါသည်။သာမိုစတတ်အလုပ် လုပ်ပုံမှာ အင်ဂျင်အတွင်းရှိရေနှင့် ရေတိုင်ကီအတွင်းရှိရေတို့ကို ခွဲခြားထားပေး ကာ အင်ဂျင်အတွင်းရှိရေကို သတ်မှတ်အပူချိန်ရောက်အောင်ထိန်းထားပေး၍ ရေတိုင်ကီအတွင်းရှိရေကို အေးစေပါသည်။အင်ဂျင်အတွင်းရှိရေများ သတ်မှတ် အပူချိန်ရောက်သောအခါ အပူချိန်ကြောင့် သာမိုစတတ်ဘားစပရိန်ပျော့သွားကာ ရေပူများကို အပြင်သို့ထုတ်ပေးပြီး ရေတိုင်ကီအတွင်းရှိ ရေအေးများ ဘားစပရိန်ရောက်ချိန်တွင်ပြန်ပိတ်လိုက်ပါသည်။ထိုသာမိုစတတ် မကောင်း၍ ဘားစပရိန် မဖွင့်ခြင်း၊သတ်မှတ်အပူချိန်ထက်ကျော်မှ ဖွင့်ပါက ကားရေဆူ တတ်ပါသည်။ရေဆူရာတွင်လည်း သာမိုစတတ်အပြစ်ကို အများဆုံးတွေ့ရ ပါသည်။ သာမိုစတတ်ကောင်းမကောင်းစမ်းသပ်ပုံမှာ လျှပ်စစ်ရေနွေးအိုးအသေးလေး ထဲတွင် သာမိုစတတ်အားထည့်ပြီး သာမိုစတတ်နှင့်အတူ ရေအပူချိန်တိုင်း ဆင်ဆာကြိုးပါသော Digital Ohm Meter မှ အပူချိန်တိုင်း ဆင်ဆာကြိုးနှင့် အတူထည့်ပြုတ်ပါ။79ံC ဟုရေးထားသော စာမိုစတတ်သည် ဒီဂျစ်တယ် မီတာတွင် 79 Celcius ပြပါက သာမိုစတတ်အလုပ်လုပ်သံကိုကြားရပါသည်။ 82ံC , 88ံC အစရှိသော သာမိုစတတ်တွင်ရေးထားသောအပူချိန်အတိုင်း အတိအကျ အလုပ်လုပ်မှသာ သာမိုစတတ်ကောင်းပါသည်။သတ်မှတ်ထက်အပူချိန်နည်း၍ ဖြစ်စေ များ၍ဖြစ်စေ အလုပ်လုပ်ပါက သာမိုစတတ်မကောင်းတော့သဖြင့် အသစ်လဲရပါမည်။ အနည်းဆုံး (၃) ခါ စမ်းသပ်သင့်ပါသည်။ သာမိုစတတ်အသစ်လဲချိန်တွင် သာမိုစတတ်အဟောင်းတွင်ပါသော အပူချိန် အတိုင်းသာ အတိအကျလဲပါ။သာမိုစတတ်ကို မထုတ်ပစ်ရပါ။ထုတ်ပစ်ပါက ခရီးဝေးမောင်းနှင်းခြင်း၊ယာဉ်ကို အချိန်ကြာမြင့်စွာအသုံးပြုပါက ရေဆူကာ ဟက် ဂက်စကက်ပြတ်တတ်ပါသည်။
ထို့အပြင် ယခုအခါအသုံးပြုနေသော မော်ဒယ်မြင့်ကားများတွင်
လောင်စာဆီပေးစနစ်မှာ ရေအပူချိန်၊ လေအပူချိန်၊ အောက်စီဂျင်ဆင်ဆာ၊
Mass Air Flow တို့မှ လောင်စာဆီပေးသောအချိန်အဆကို တိုင်းတာသည်ဖြစ်ရာ
သာမိုစတတ်ဖြုတ်ထားပါက လိုအပ်သော ရေအပူချိန် တော်တော်နှင့်မရောက်သဖြင့်
ပုံမှန်ထက်ဆီ ပိုစားပါသည်။

@taori

Coin Marketplace

STEEM 0.06
TRX 0.32
JST 0.059
BTC 66717.25
ETH 2018.18
USDT 1.00
SBD 0.50