နေတတ်ပီ

in #esteem6 years ago

image

နေတတ်ပြီ

ငါနေတဲ့နေရာလေးကို
ရောက်လာခဲ့ရင်
ငါ့မှာပြစရာဆိုလို့ ...

သန်စွမ်းပြီး
အရွက်ဖားဖားကြီးတွေဖြစ်နေတဲ့
အပင်တချို့ရယ် ..

မြေပြင်ပေါ်မှာပွင့်ဖတ်တွေဖွေးနေအောင်
ကြွေကျနေတဲ့
စကားဖြူပန်းတွေရယ် ...

ပန်းရနံ့တွေသင်းပျံ့နေတဲ့
လေအေးလေးရယ် ..

image

သစ်ပင်အိုကြီးတွေပေါ်
ထိုင်သီချင်းဆိုနေတတ်တဲ့
ငှက်ကလေးတွေရယ် ...

ဟိုဟိုဒီဒီဝဲပျံနေတဲ့
လိပ်ပြာရောင်စုံလေးတွေရယ် ..

ဒါပဲရှိပါတယ် ...
.
.

ရှင်းလင်းနေတဲ့ဧည့်ခန်းမှာ ...
ရေနွေးကြမ်းသောက်ဖို့ထိုင်ကြရင်
ငါကောက်သိမ်းထားတဲ့
လိပ်ပြာတောင်ပံလေးတွေပြပါမယ် ...
.
..
.

ငါ့ကို lonely ဖြစ်လားလို့
မေးရင် ...
...
ငါအဲဒီအကြောင်း
မတွေးမိတာ
ကြာပြီ ... .... ....

... တကယ်ကိုပဲ ...
..
ငါ lonely ဖြစ်သလားလို့
မတွေးမိတာ...
ကြာ
လှ
ပြီ
ပဲ ...

photo : google

image

Coin Marketplace

STEEM 0.18
TRX 0.13
JST 0.030
BTC 58119.97
ETH 3054.21
USDT 1.00
SBD 2.26