ပညာရှင်ရွေးပွဲ

in #esteem6 years ago

image

ပညာရှင်ရွေးပွဲ

ခေတ်အဆက်ဆက် ဘုရင်တွေနဲ့ ပညာရှင်တွေ ဉာဏ်ကစားတဲ့ အကြောင်း သောင်းပြောင်းထွေလာရေးကြ တာပဲ။ ဘုရင်က အာဏာရှင်။ ပညာရှင်ဆိုတဲ့သူကိုရှာကြတယ်။ ပညာရှင်ကို ရှာရတာ အာဏာတည်မြဲဖို့ စစ်မှုထမ်း ရှာရသလောက် မလွယ်ပါဘူး။

ဒါပေမဲ့ တိုင်းပြည်မှာ တိုက်တိုင်းနိုင်တွေ ရှိနေရုံမပြီးသေးဘူး။ ကြံတိုင်းအောင်တွေလည်း လိုသေးတယ်။ ဒါကြောင့် ဘုရင်က ပညာရှင်ရွေးပွဲ နန်းရင်ပြင်မှာ လုပ်တယ်။

ဘုရင်ဆိုတဲ့ ဟာတွေကလည်း ပညာရှင်ရွေးတာ အစဉ်အလာအတိုင်းပဲ။

တိုင်းပြည်မှာကလည်း ပညာရှင်တွေက ပေါလိုက်တာ။ ဗျည်းအက္ခရာ သင်ပုန်းကုန်ရင် ပညာရှင်။ ပေထက် အက္ခရာဖတ်တတ်သူ ပါရဂူ။ ကျမ်းစာတစ်မျက်နှာရေးရင် ဒိသာပါမောက္ခဘွဲ့ပေးနေတဲ့တိုင်းပြည်ဆိုတော့

“ကဲ ပညာရှင်ဆိုသူတွေ တန်းစီ … ဘုရင်မင်းတရားကြီး စစ်ဆေးတော်မူမည်”

ဘုရင်စစ်တာကလည်း သူတတ်ထားတဲ့ ပညာလောက်နဲ့ပဲ စစ်တာ
ငှက်ကလေး တစ်ကောင်ကိုကိုင်။ လက်ကို နောက်ပစ်ထား

image

“ငါ့လက်ထဲ ဘာရှိ”

“ငှက်ရှိ”

“ငှက်ကအသေလား အရှင်လား”

“အသေ”

ငှက်ကို ကိုင်ထားတာကလွှတ် “အရှင်” ဆိုပြီး ဖြုတ်။

ဖြေတဲ့သူက

“အရှင်” ငှက်ကို ညှစ်သတ် ဖြုတ်။

အဲဒါ ကလေးကအစ သိနေတဲ့ ပညာစမ်းနည်း

လူတွေလည်းကုန်၊ ငှက်တွေလည်းသေ။ ပညာရှင်ဆိုတာ မပေါ်သေးဘူး။

“အရှင်မင်းကြီး ပညာရှင်တွေ မရှိတော့ပါဘူး … ကုန်နေပြီ”

“ဟယ် ပညာရှင်ဆိုတာ ကုန်ရသလား။ တက္ကသီလာမှာတောင် မရှိတော့တာလား”

“မှန်ပါ့ဘုရား”

“ဒါဆိုလည်း ရှိတဲ့ကောင်တွေ ခေါ်ခဲ့”

ရှိတဲ့ကောင်တွေခေါ်ခဲ့ဆိုတဲ့ နန်းတော်စောင့်တဲ့ကောင်တွေခေါ်။ တစ်ယောက်မှ မအောင်။ ဆင်ထိန်း မြင်းထိန်း တွေခေါ်။ တစ်ယောက်မှ မအောင်။ နောက်ဆုံး စစ်သူကြီး ဗလမင်းထင်ပဲ ကျန်တော့တယ်။

ဗလမင်းထင်ကို ပညာရှင်ဘွဲ့ပေးချင်နေတဲ့ ဘုရင်က ထုံးစံအတိုင်း

“ငါ့လက်ထဲမှာ ဘာကိုင်ထားသလဲ”

“ဘာမှမရှိပါဘုရား”

ဘုရင်က ဆုပ်ထားတဲ့ ငှက်ကို လွှတ်ပေးလိုက်တယ်

“ဟော … တွေ့လား ဗလမင်းထင်ပြောတာ မှန်နေပြီ။ ငါ့လက်ထဲမှာ ဘာမှ မရှိဘူး။ တော်လိုက်တာ။ ခန့်မှန်းချက်က ကွက်တိ။ ဒီလိုသူကိုမှ ပညာရှင်မခေါ် ဘယ်သူ့ကိုခေါ်ရမည်နည်း”

ချက်ချင်းပဲ သတိုးသီရိသုဓမ္မာ အဂ္ဂမဟာ ပဏ္ဍိတ ဘွဲ့တွေအပ်နှင်းပြီး ပညာရှင်ခန့်တာပဲ။

ဘုရင်ကပြောလိုက်သေး

“လူတိုင်းက ငါ့လက်ထဲမှာ ငှက်ရှိမှာပဲထင်ပြီး တွေးသလိုမျိုး မတွေးဘဲ ဖောက်ထွက်တွေးနိုင်တာဟာ ပညာရှင် ပါ” တဲ့

ဒီလိုပဲ ကြံဖန်ပြီး ခန့်လိုက်တော့ ပြီးသွားတာပေါ့။

ဒါကလည်း ပေယျာလကန်တိုင်းပြည်ရဲ့ ပညာရှင်ရွေးနည်းပဲ။

(တိုက်ဆိုင်လည်း မတတ်နိုင်ပါ)

တင်ညွန့်

photob: google

image

Sort:  

Hi, thank you for contributing to Steemit! I just followed you! Thanks for creating High Quality content! Follow back and we can help each other succeed :) Check out My Latest Post

Coin Marketplace

STEEM 0.16
TRX 0.15
JST 0.028
BTC 60216.66
ETH 2326.87
USDT 1.00
SBD 2.48