only me

in #esteem8 years ago

လူ့လောကကြီး အလယ် မထင်မှတ် မရည်ရွယ် တတ်တာတေ ကြုံဆုံ တွေ့ရတတ် တဲ့ အခါ ..
မရည်ရွယ် ထားဘဲ.....
မမျှော်လင့် ထားဘဲ....
တစ်ယောက်တည်း လျှောက်တဲ့လမ်းတွေ နဲ့ လဲ ကြုံဆုံ တတ် ပါတယ် တစ်ယောက်ထဲ လျောက် မိ ခဲ့ တဲ့ လမ်းဟာ...
တစ်ကိုယ်တော် လျောက်လှမ်းရတဲ့ အတွက် လမ်းတွေ ပိုတိုတောင်းသွားဖို့..
နောက်တစ်ယောက်ဘေးမှာ အမြဲမလိုဘူး ...
တစ်ကိုယ် တည်း ..
ဖြတ်သန်းရတဲ့နေ့ရက်တွေ ပျော်စရာကောင်းဖို့
အပေါ်ယံ ရယ်မောသံတွေမလိုဘူး .....

မက်တဲ့အိပ်မက်တွေ အရောင်စုံလင်ဖို့
ကိုယ့်မှာမရှိတာတွေကို မျှော်လင့် ပြီးစိတ်ကူး ယဉ် ရူး နေဖို့မလိုဘူး ...
ပိုပြီး ရှည်ကြာချင် ရှည်ကြာမယ် ...
ဒါပေမယ့် အတားအဆီး အနှောင့်အယှက်နည်းတယ် ...

တစ်ယောက်တည်း ဖြတ်သန်းရတဲ့ နေ့ရက်တွေဟာ...
ပျင်းစရာ ကောင်းချင်ကောင်းမယ် ...
ဒါပေမယ့် ပိုပြီး သာယာတည်ငြိမ်တယ် ...

တစ်ယောက်တည်း မက်တဲ့ အိပ်မက်တွေဟာ
အရောင်အသွေးစုံချင်မှစုံမယ် ...
ဒါပေမယ့် ကိုယ့်စိတ်တိုင်းကျ အရောင်တွေခြယ် သရင်း စိတ်ကြိုက်ပုံဖော် ခွင့်ရှိတယ်
သေသေချာချာလှပ အောင် ရေးဆွဲခွင့်တွေ ရှိတယ် ...

လျှောက်တဲ့လမ်းတွေ ပိုတိုတောင်းသွားမယ်...

မက်တဲ့အိပ်မက်တွေ အရောင်စုံလင်ဖို့..
ကိုယ့်မှာမရှိတာတွေကို မျှော်လင့်နေဖို့မလိုဘူး ...
ဖက်တွယ်နေဖို့မလို ပါဘူး..

အဆုံးသတ်မှာ...
ဘ၀ဟာ ကိုယ်ထင်ထားတာထက်
ပိုပြီးလက်တွေ့ဆန် နေတတ် တယ် ပိုပြီးနက်နဲ ဆန်းကျယ် နေတတ် ပါတယ် ...

(တစ်ယောက် တည်း လျှောက် နေတဲ့ သူငယ်ချင်း များ အတွက်အားပေး စကားလေးပါ)

Sort:  
Loading...

Coin Marketplace

STEEM 0.06
TRX 0.31
JST 0.064
BTC 68240.24
ETH 2087.29
USDT 1.00
SBD 0.47