အမှန်တရားက ခါးတယ်

in #esteem8 years ago

image

အာဆီယံဟာ တည်ထောင်ခဲ့တာ နှစ် ၅၀ ပြည့်ခဲ့ပေမယ့် ထင်သလောက်ရှေ့မရောက်ရတာက အဖွဲ့ဝင်အများစုက မချမ်းသာကြဘူး။ ချမ်းသာပါတယ်ဆိုတဲ့ စင်ကာပူကလည်း အိတ်စိုက်ပြီး ကမကထလုပ်တာ ဦးဆောင်ဦးရွက်ပြုတာမလုပ်နိုင်ဘူး။ ဆွေးနွေးဘက်ဆိုတဲ့ ဟာတွေက တကယ်တော့ ဒီအဖွဲ့ကြီးကြီးထွား အားကောင်းလာမှာ သိပ်လိုလားတာမဟုတ်ဘူး။ ဒါကြောင့် လိုသလို တစ်နိုင်ငံချင်းခွဲထုတ်ဆက်ဆံမှာပဲ။ ကိုယ်တွေက စည်းလုံးလို့ တစ်မူတည်းရှိတစ်သံတည်းထွက်ရင် မာနိုင်တာပေါ့လေ။ ခုက အဲဒီထိရောက်ဖို့က အဝေးကြီး။

ခုအနေအထားကတော့ အဖွဲ့တည်မြဲနေရုံ ဝတ်ကျေတန်းကျေချိတ်ဆက်မူတွေပဲ ရှိသေးတယ်။ တကယ်တော့ ကိုယ့်ရှိမှ ကိုယ်ပါ။ ပိုက်ဆံမရှိရင် မျက်နှာငယ်ရတာပါပဲ။ လိုနေကြသူချင်း ဆိုတော့ ကိုယ့်အိတ်ထဲ များများရောက်ဖို့လောက် စိတ်ဝင်စားကြတာပါ။

အီးယူလို လုပ်ကွက်တွေကို နမူနာယူပြီး ဒေသတွင်းအတွက်ရော ပြင်ပနဲ့ပါ ထိတွေရာမှာ အရေးကြီးတဲ့ နယ်ပယ်ကိစ္စရေးရာတွေမှာ လက်တွေ့ပူးပေါင်းနိုင်ရင် ကောင်းတာပေါ့။ တကယ်က မိသားစုစိတ်ဓါတ်နဲ့ အဖွဲ့ဝင်နိုင်ငံတစ်ခုခုရဲ့ပြသနာဟာ အဖွဲ့ရဲ့ပြသနာရယ်လို့ခံယူပြီး အပြုသဘောနဲ့ ဝိုင်းဖြေရှင်းရင် အနီးနားဝိုင်းနေတဲ့ ဆင်ကြီးတွေကိုရော အဝေးကအစွယ်တစ်ဖွေးဖွေး ခြင်္သေ့တွေကိုပါ ပညာသားပါပါ ချိန်ညှိ ရင်ဆိုင်နိုင်မှာပေါ့။

ခုဖြစ်နေတာက ဟန်ပြအပေါ်ယံတာပေါင်းနေတာ။ အရေးအကြောင်းဆို ဘယ်သူမှ အနာမခံချင်ကြဘူး။ ကိုယ့်အိမ်လေး ကွက်ကွက် အမှိုက်ရှင်းပြီးရောနဲ့ ယက်ထုတ်လိုက်တာပဲ။ ဒါ အရှေ့အာရှသားတွေရဲ့ ရေတိုပဲကြည့်တတ်တဲ့ တစ်ကိုယ်ကောင်းစိတ်ဓါတ်ပဲ။ အဝေးကကြည့်ရင်တော့ ဖော်ရွေယဉ်ကျေးလှသပေါ့လေ။ ဟင်းဟင်း။

စိတ်ပျက်စရာကတော့ စစ်ပြီးနောက်ပိုင်း အားလုံးတက်လာပြီး ကိုယ်ပဲ ဆုတ်ယုတ် ကျန်ခဲ့တာပဲ။

လက်တွေ့မြေပြင်အခြေအနေအရဆိုရင် မြန်မာဟာ အဖွဲ့ဝင်တွေထဲ ပြသနာတွေ များနေပေမယ့် အဖွဲ့ရဲ့ရေရှည် အကျိုးစီးပွားအတွက်ဆို စွမ်းနိုင်တာတွေ အများကြီးပါ။ ခက်တာက ကိုယ်တွေက အဲဒီအားသာချက်ကို မြင်သာအောင် ထုတ်မပြနိုင်သေးဘူး။

သမိုင်းကြောင်းအရ တစ်ဦးချင်းစွမ်းဆောင်ရည်အရ အထင်မသေးရဲပေမယ့် အိမ်တွင်းရေး အရှုပ်တွေနဲ့ ပတ်ရမ်းပြီး လုံးလည်ချာလည်လိုက်နေတာကိုကြည့်ပြီး ဘေးကနေ စုပ်သပ်စရာ ဟားစရာဖြစ်နေတာပေါ့လေ။ မလွှဲသာလို့ ဆက်ဆံနေတာ၊ ကိုယ်တွေရှိနေတာ ရပ်ကွက်နာနေပြီ တွက်ချင်လည်းတွက်မှာပေါ့။

မြောက်ကိုရီးယားလို ဒေသတွင်း ခြိမ်းချောက်နိုင်တဲ့ ပါဝါကလည်း မရှိ၊သမိုင်း စာမျက်နှာတွေထဲ ရှိခဲ့ဖူးတဲ့ ဇ ကလည်း ခန်းကုန်ဆိုတော့ ကြံဖန်ပြီး နှစ် ၆၀ လောက်ကဟာ ရေပြန်ပြန်နှူးပြောရတာ အမော။

ကြာတော့ ဖာရင်း ပြောရင်းနဲ့ ကိုယ့်ဟာကိုယ် သိမ်ငယ်လာတယ်။
Photo credit facebook
Author Me

Sort:  

ဟုတ်ပါရဲ့ဗျာ တစ်ကယ်ကို ကိုယ့်အကြောင်းပြောပြန်ရတာလဲ ရှက်ဖို့ကောင်းပါတယ်

You got a 15.20% upvote from @sureshot courtesy of @min2thant!

Coin Marketplace

STEEM 0.05
TRX 0.28
JST 0.045
BTC 64497.43
ETH 1861.18
USDT 1.00
SBD 0.38