သစ်ပင်၊ ဗီဒိုနဲ့ စပ်မိစပ်ရာ
ဗုဒ္ဓဘာသာအယူအဆအရပေါ့လေ။ ပြိတ္တာဘုံသားတွေဆိုတာ သီးခြားနေရာဋ္ဌာနတွေမှာ တည်နေတာမဟုတ်ပဲ လူတွေနေထိုင်ရာဒေသ အနီးတစ်ဝိုက်မှာပဲ နေထိုင်ရှင်သန်ကြတာပါပဲ။ အများစုကတော့ သူတို့ဟာသူတို့ အစားအဝတ် မပြည့်စုံတတ်ကြလို့ လူတွေရဲ့ပေးကမ်းစွန့်ပစ်ထားတာတွေကို မှီခိုနေရတယ်ပေါ့။ သဘာဝအားဖြင့် အစွမ်းပြနိုင်တဲ့ အမျိုးအစားတွေရှိသလို ဘာအစွမ်းအစမှမရှိပဲ အတော်နုံချာတဲ့ အမျိုးအစားတွေလည်းရှိတယ်လေ။ သေချာတာကတော့ လူဘဝထက်နိမ့်ကျတဲ့အခြေအနေမှာ ဆာလောင်မွတ်သိပ်နေရတဲ့ ဘဝတွေမှာ။ ပင်ကိုယ် ဘဝပေး အခြေအနေအားဖြင့် ဒေါသလွန်ကဲတတ်တဲ့ အုပ်စုတော့မဟုတ်ပါဘူး။ ကိုယ်တွေရဲ့ အသိအမှတ်ပြုမှုနဲ့ အကူအညီကို ငံ့လင့်နေတတ်တဲ့ သနားစရာ ဘဝတွေပါ။
နေထိုင်ရာတွေထဲမှာ သစ်ပင်တွေဟာ သူတို့အတွက် သဘာဝက ပေးထားတဲ့ အိမ်တွေပါပဲ။ သိပ်ဝေးလွန်းတဲ့ တောထဲက သစ်ပင်မျိုးစုံကနေ မြို့ပေါ်ကသစ်ပင်တွေအဆုံး နေရာအနှံ့မှာ ရှိနေနိုင်ပါတယ်။ အရွယ်အစားတွေဟာလည်း မျိုးစုံးရှိတတ်ကြလို့ မြက်ပင်လေးတစ်ပင်မှာတောင် မိသားစုအလိုက်မှီတွယ် ရှင်သန်နေတာမျိုးရှိသလို ကုက္ကိုယ်ပင်ကြီး ညောင်ပင်ကြီးတစ်ပင်လုံးမှာ တစ်ပွေတည်း နေတဲ့ အကြီးစားတွေလည်းရှိတာပါပဲ။ သူ့နယ်ကိုယ့်နယ် တွေလည်း သူတို့ဟာသူတို့ သတ်မှတ်နေထိုင်နေတတ်ကြပါတယ်။
သံသရာနဲချီပြောကြကြေးဆိုရင်တော့ ကိုယ့်အနီးအနားရှိတာတွေ တိုက်ဆိုင်လို့ကြုံရတာတွေဟာ အနီးအဝေးဘဝတွေမှာ တော်ခဲ့ဖူးတဲ့ ကိုယ့်အမျိုးတွေချည်းပါပဲလေ။ စေ့စေ့တွေးကြည့်ရင် ကြောက်စရာ မုန်းစရာမှ မဟုတ်တာ။ မတူကွဲပြားတဲ့သဘာဝတွေကို နားလည်ပေးပြီး သူတို့ရဲ့ဖြစ်တည်မှုကို အသိအမှတ်ပြုတဲ့စိတ်နဲ့ အတူယှဉ်တွဲနေထိုင်နိုင်ရင် အပြန်အလှန်မေတ္တာဓါတ်တွေ ကူးစက်နေနိုင်ရင် ဘာပြသနာမှ မရှိနိုင်ပါဘူး။
သစ်ပင်တွေမှာ အိမ်အဖြစ် မှီခိုနေကြရတဲ့အခါ နေတာကြာလာရင် စွမ်းလန်းတွယ်ငြိတတ်တာ သဘာဝပါ။ ပြီးတော့ သူ့အိမ်ကိုယ့်အိမ် ဆိုတာမျိုးတွေနဲ့ဆိုတော့ အလွယ်တကူနဲ့ တစ်ခြားပြောင်းဖို့ မလွယ်လှပါဘူး။ အထူးသဖြင့် နေတာကြာနေတဲ့အခါ ပိုဖြစ်တတ်ပါတယ်။ သူတို့ရဲ့ စရိုက်အရကို စွဲလမ်းကပ်ငြိတတ်တာလည်းရှိတယ်လေ။ ဒါကြောင့် သစ်ပင်တွေခုတ်မယ်လှဲမယ်ဆို ဒေသအလိုက် ပြုအပ်တဲ့ ရိုးရာအလေ့အထလေးတွေ လုပ်တာလည်း မမှားဘူးပေါ့။ မလွှဲသာလို့ ခုတ်ရတဲ့အခါ အခြားကို ကျေကျေနပ်နပ်ပြောင်းသွားနိုင်အောင် ဖြောင်းဖျတာ လုပ်သင့်ပါတယ်။ တစ်ချို့လည်း အမိန့်ကိုသုံးပါတယ်။ လိုအပ်တဲ့အချိန်တစ်ခုတော့ ပေးနိုင်ရင် ကောင်းတာပေါ့။
ဒီနေရာမှာ အခန့်မသင့်ရင်ဖြစ်ဖြစ် ခုတ်ပြီးလှဲပြီးမှကို ပြောင်းမသွားပဲ ပါလာတတ်တာ ရှိမယ်ပေါ့။ ဥပမာ ခုသုဝဏ္ဏမှာဖြစ်တဲ့ သစ်သားဗီဒိုလိုမျိုးပေါ့။ ဖြစ်တတ်တာပါ။ ခုကိစ္စပေါ် မှတ်ချက်တော့ မပေးတတ်ဘူး။ မူလသစ်ပင်မဟုတ်တော့ပဲ လုပ်ထားပြီးသား ပရိဘောဂအသုံးအဆောင်လိုအိမ်လိုတစ်ခုခုမှာ စွဲလမ်းစိတ်နဲ့ သွားတွယ်တာမျိုးကိုတော့ မပြောတတ်ဘူး။ ရှိချင်လည်း ရှိမှာပေါ့။ ဒါတော့ ကိုယ်လည်း မမှီဘူးရယ်။
အတွေ့အကြုံ
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ကိုယ်အရင်၂ နှစ်ခွဲလောက်နေခဲ့တဲ့ အိမ်မှာ ကိုယ့်အတွက် ပေးထားတဲ့ ဗီဒိုအကြောင်းလေး ပြောချင်တယ်။ သစ်သား ဗီဒိုအဟောင်းလေးပါ။ သိပ်လည်းမကြီးပါဘူး။ အိမ်ရှင်ပြောပြတာတော့ သူ့အသိတစ်ယောက်က အလကားပေးခဲ့တာတဲ့။ သူကပြောတယ် ဒီဗီဒိုက အနံ့တစ်မျိုးထွက်နေတယ်။ ဘယ်လောက်ဆေးဆေး၊ ဆေးဖျန်းဖျန်းမရဘူးတဲ့။ သုံးကြည့်ပါ။ အဆင်မပြေရင်ပြော။ ငါတော့ အနံ့မကြိုက်လို့တဲ့။ကိစ္စမရှိပါဘူး ဖြစ်ပါတယ်လို့ ပြောပြီး ကိုယ်ကတော့ သုံးလိုက်တာပဲ။ ကိုယ့်အတွက်တော့ ဒီအနံ့ဟာ ဘာအနှောင့်အယှက်မှမဖြစ်ခဲ့ပါဘူး။ ဒါပေမယ့် သိပ်မကြာခင်မှာ ကိုယ်လည်း မတောင်းဆိုပါပဲ ပြောလာတယ်။ ငါမင်းအတွက် ဝယ်လိုက်တာဆိုပြီး ကြိတ်သား ဗီဒိုကြီးရောက်လာပါလေရော။ ပြီးတော့ ဒီအဟောင်းဒို့မလိုတော့ဘူးဆိုပြီး မြေအောက်စတိုထဲထည့်ရအောင် အစိတ်အပိုင်းတွေ ဖြုတ်တယ်ပေါ့။ ကိုယ်လည်းသူနဲ့အတူပေါ့။ သိပ်မကြာဘူး သူ့လက်ကို သံစူးသွားပါလေရော။ အဲဒါနဲ့ မင်းနေပါ။ ငါပဲလုပ်လိုက်မယ်ဆိုပြီး အပြီးသတ်လိုက်တယ်ပေါ့။ စတိုခန်းထဲ ထည့်သိမ်းခဲ့ပြီး တစ်ခန်းရပ်သွားတယ်။ ဒီရက်ပိုင်း အိမ်ပြောင်းရတော့ အိမ်သစ်မှာ မရှိလို့ ဝယ်ရဖို့ဖြစ်လာတယ်။ ပြီးခဲ့တဲ့အပတ်က သူ့ကို ညစာလိုက်ကျွေးပြီးအပြန်မှာ အဲဒီဗီဒိုအဟောင်းပြန်ရောင်းမလား မေးလိုက်တယ်။ မင်းလိုချင်ရင် အလကားပေးမယ်။ ဒါပေမယ့် အဲဒီအနံ့ကြီးထွက်နေလို့ မသုံးစေချင်ဘူးတဲ့။ ဈေးသက်သာတဲ့ဆိုင်မှာ ဝယ်မယ်ဆို သူ့ကားနဲ့ လိုက်ပို့ပေးမတဲ့။
အင်း
၂ နှစ်ခွဲလောက် ပစ်ထားခံနေရတဲ့ အနံ့ပြင်းပြင်း ဗီဒိုလေးကိုလည်း သနားတယ်။ ဟိုလူ နောက်တစ်ခါ တစ်ခုခု စူးခံရမှာလည်း မဖြစ်စေချင်ဘူး။ အဲဒါ ဘာလုပ်သင့်လဲ စဉ်းစားနေတယ်။
This post have been upvoted by the @UpvoteBank service. Want to know more and receive "free" upvotes click here |