နေရာတစ်ခုအတွက်

in #esteem6 years ago

image
"အချိန်တန်ဖိုးကို မသိကြခြင်း"


 လူတစ်ယောက်ဟာ အချိန်ကို တန်ဖိုးထားတယ်ဆိုရင် အိပ်ပျော်နေချိန်ကလွဲလို့

မိမိကိုယ်ကို အမြဲတမ်း မေးခွန်းထုတ်နေရပါမယ်..

အခုအချိန်မှာ ငါဟာဥစ္စာရနေသလား?..
ပညာရနေသလား?..
ကုသိုလ်ရနေသလား?..
ဒီလိုမေးခွန်းထုတ်လိုက်တဲ့အခါမှာ
တစ်ခုမှ မရသေးဘူးဆိုရင်တော့ အဲဒါဟာ အချိန်ဖြုန်းနေတာပါပဲ..

အခိျန်ဖြုန်းတယ်ဆိုတာ
မိမိဘဝနေရမယ့်အသက်ကို ဖြုန်းတာပါပဲ..
စက္ကန့် မိနစ် နာရီ နေ့ ရက် လ နှစ် စတဲ့အချိန်တိုလေးတွေ ပေါင်းစပ်ထားတာဟာ
လူတစ်ယောက်ရဲ့အသက်ပါပဲ..
အချိန်ဆိုတာအသက် အသက်ဆိုတာအခိျန်ပါပဲ..
ဒါကြောင့် မိမိအသက်ကို တန်ဖိုးထားသူမှန်သမျှ
အချိန်ကို တန်ဖိုးထားကြရပါမယ်..

ဗုဒ္ဓဘာသာမြန်မာအများစု မကြီးပွားရတဲ့အကြောင်းတွေထဲမှာ အချိန်ရဲ့တန်ဖိုးကိုမသိကြတာလည်း ပါပါတယ်..
ဖတ်ခဲ့ဖူးတဲ့ စာရေးဆရာချစ်စံဝင်းရဲ့စာအုပ်မှာ-
အချိန်တန်ဖိုးနှင့်ပတ်သက်၍ ဂျပန်လူငယ်သူေဋ္ဌး
တစ်ဦးပြောတဲ့စကားကို လူတိုင်းသိစေချင်လို့ ဖော်ပြပေးပါမယ်..
image
ဂျပန်လူငယ်သူေဋ္ဌးလေးတစ်ယောက်ဟာ
မြန်မာသခွားများဝယ်ယူရန်အတွက် မြန်မာနိုင်ငံသို့ရောက်လာပါတယ်..
သူ့ကို ဆရာချစ်စံဝင်းက ယခုလို မေးမြန်းပါတယ်..
"ကျွန်တော်တို့ မြန်မာနိုင်ငံဟာ သယံဇာတတွေလည်း အင်မတန်မှ ပေါများကြွယ်ဝပါတယ်..
ယခုအခါ နိုင်ငံတော်အစိုးရက
ဈေးကွက်စီးပွားရေးကိုလည်း ဖွင့်လှစ်ထားပါတယ်..
ခင်ဗျားရဲ့စီးပွားရေးအတွေ့အကြုံအရ ကျွန်တော်တို့
မြန်မာနိုင်ငံဟာ နှစ်ပေါင်းဘယ်လောက်မှှ ကြီးပွားတိုးတက်မယ်လို့ ထင်ပါသလဲ"..
ဂျပန်လူငယ်သူေဋ္ဌးက ဒီလိုဖြေပါတယ်..
"ကျွန်တော့်အမြင်အရပြောရရင် မြန်မာလူငယ်တွေဟာ လ်ဘက်ရည်ဆိုင်တွေမှာ အခုလို အချိန်ဖြုန်းနေသရွေ့ ဘယ်တော့မှကြီးပွားတိုးတက်မှာ မဟုတ်ပါဘူး"
သူ့စကားက တော်တော်ရှင်းပါတယ်..

မြန်မာနိုင်ငံကလူတွေအတွက် အချိန်တွေက ပေါလွန်းပါတယ်..
လ်ဘက်ရည်ဆိုင်နဲ့ ဂိမ်းဆိုင် စားသောက်ဆိုင်တွေကို
ကြည့်လိုက်ရင် သိသာပါတယ်..
နေရာတိုင်းမှာ သူ့အလွှာနဲ့သူ အလုပ်ကြိုးစားသူထက် အချိန်ဖြုန်းတဲ့သူကပဲ များပါတယ်..
လူငယ်လူကြီး ယောကျ်ားမိန်းမ မရွေး အချိန်ကို အနည်းနဲ့အများတော့ ဖြုန်းနေကြတာပါပဲ..
image
သက်တမ်းစေ့နေရမယ်ဆိုရင်
အခုလူ့ဘဝသက်တမ်းကို ၇၅နှစ်တမ်းလို့ပြောကြပေမယ့်..
သတင်းစာ နာရေးစာမျက်နှာတွေမှာ ကြည့်လိုက်ရင် ၅၀ကျော် ၆၀ကျော်တွေရဲ့ နာရေးသတင်းတွေက ပိုများနေပါပြီ.. ဒါကြောင့် မိမိအသက်ရှင်နေရမယ့်အချိန်မှာ
ကုသိုလ်ဘာဝနာ ပညာ ဥစ္စာထဲက အနည်းဆုံး တစ်ခုခုကိုရအောင် အချိန်ကို အကျိုးရှိရှိ အသုံးချသင့်ပါတယ်..

အသက်ခြောက်ဆယ်ကျော်နေရမယ့် သာမန်လူတစ်ယောက် အလုပ်လုပ်ချိန်နဲ့ အလကားဖြုန်းတီးတဲ့အချိန် ဘယ်လောက်ရှိသလဲဆိုတာကို
ဆရာကြီးပီမိုးနင်းရဲ့စာအုပ်တစ်အုပ်မှာ အခုလို တွက်ပြထားပါတယ်..
သာမန်လူတစ်ယောက်၏ ဘဝတစ်သက်တာ
အချိန်အသုံးချပုံ
------------------
အိပ်ချိန် ၂၀နှစ်
စားချိန် ၃ နှစ်
ဟင်းခွက်စောင့်ချိန် ၉နှစ် ၄လ
ပျော်ပါးချိန် ၇နှစ် ၆လ
လမ်းလျှောက်ချိန် ၆နှစ် ၇လ
အဝတ်လဲချိန် ၂နှစ် ၆လ
အလကားနေချိန် ၂နှစ်၆လ
အလုပ်လုပ်ချိန် ၁၇နှစ် ၆လ

   ဘဝလက်ကျန်အချိန်ဇယား
  --------------------------------

အသက် :သုံးခဲ့ပြီးအချိန် : ၇၅နှစ်မတိုင်မီ
ဘဝလက်ကျန်အချိန်-
၁၅နှစ် ၅၄၇၅ ရက် ၂၁၉၀၀ ရက်
၂၀နှစ် ၇၃၀၀ ရက် ၂၀၀၇၅ ရက်
၂၅နှစ် ၉၁၂၅ ရက် ၁၈၂၅၀ ရက်
၃၀နှစ် ၁၀၉၅၀ ရက် ၁၆၄၂၅ ရက်
၃၅နှစ် ၁၂၇၇၅ ရက် ၁၄၆၀၀ ရက်
၄၀နှစ် ၁၄၆၀၀ ရက် ၁၂၇၇၅ ရက်
၄၅နှစ် ၁၆၄၂၅ ရက် ၁၀၉၅၀ ရက်
၅၀နှစ် ၁၈၂၅၀ ရက် ၉၁၂၅ ရက်
၅၅နှစ် ၂၀၀၇၅ ရက် ၇၃၀၀ ရက်
၆၀နှစ် ၂၁၉၀၀ ရက် ၅၄၇၅ ရက်
၆၅နှစ် ၂၃၇၂၅ ရက် ၃၆၅၀ ရက်
၇၀နှစ် ၂၅၅၅၀ ရက် ၁၈၂၅ ရက်
၇၅နှစ် ၂၇၃၇၅ ရက် တရားမမေ့ပါနှင့်။

အချိန်နှင့်ပတ်သက်၍ သဘောကျနှစ်သက်သော
စာစုကလေးများကိုလည်း ဖော်ပြလိုက်ပါတယ်..

အခိျန်ကိုချွေတာလျှင် ငွေကိုစု၍ အတိုးချသည်ထက်ပိုမို၍ ကြီးမားသော
အမြတ်ကိုရနိုင်၏..
(ဂလက်စတုန်း)

အချိန်သည် ငွေထက်တန်ဖိုးရှိ၏..
ငွေကို အချိန်ဖြင့် ရှာနိုင်သည်..
အချိန်ကို ငွေနှင့်ဝယ်၍မရ..
(အမေရိကန်စကားပုံ)

အချိန်သည် ဘဝတွင် အရင်းအနှီးပင်ဖြစ်၏..
မျက်မှောက်တွင် လုပ်နိုင်သည်ကို
အနာဂတ်ထိမရွေ့ပါနှင့်..
စောင့်ဆိုင်းခြင်းဆိုသည်မှာ
အခိျန်သူခိုးပင်ဖြစ်သည်..
(သုတေသီထွေး)

မိမိအသက်ကို ချစ်ခင်ပါလျှင်
အချိန်ကလေးများကို နည်း၏ဟူ၍ အကုန်မခံပါနှင့်..
ထိုအချိန်ကလေးများကို စုပေါင်းထားခြင်းသည်
အသက်မည်၏..
(ဖရန်းကလင်း)

ကြီးပွားတိုးတက်လိုသူ မည်သည့်လူမျိုးမဆို
မည်သည့်နာရီ မိနစ် စက္ကန့်မဆို အချိန်မှန်သမျှထဲမှ
ကုသိုလ် ပညာ ဥစ္စာ ဤသုံးမျိုးတွင် တစ်မျိုးမိျုးကို ရအပ်၏..
ဤသုံးမျိုးတွင် တစ်မျိုးမျိုးကိုမှ မရခဲ့ပါမူ
အချိန်ကို အလွဲသုံးစားပြုသည် မည်တော့၏..
(ဦးပဂျီငို)

တစ်နှစ်ရဲ့တန်ဖိုးကိုသိချင်ရင်
စာမေးပွဲကျတဲ့ကျောင်းသားကို မေးကြည့်ပါ..

တစ်လရဲ့တန်ဖိုးကိုသိချင်ရင်
လမစေ့ပဲ ကလေးမွေးတဲ့ မိခင်ကိုမေးကြည့်ပါ..

တစ်ပတ်ရဲ့ တန်ဖိုးကိုသိချင်ရင်
အပတ်စဉ်ထုတ် ဂျာနယ်အယ်ဒီတာကို မေးကြည့်ပါ..

တစ်နေ့ရဲ့ တန်ဖိုးကိုသိချင်ရင်
ကလေးခြောက်ယောက်ကို ကျွေးမွေးရတဲ့
နေ့စားအလုပ်သမားတစ်ယောက်ကို မေးကြည့်ပါ..

တစ်နာရီရဲ့ တန်ဖိုးကိုသိချင်ရင် ဆုံစည်းခွင့်ကို
စောင့်နေကြတဲ့ ချစ်သူများကို မေးကြည့်ပါ..

တစ်မိနစ်ရဲ့တန်ဖိုးကို သိချင်ရင်
ရထားမမီလိုက်တဲ့ ခရီးသည်ကို မေးကြည့်ပါ..

တစ်စက္ကန့်ရဲ့တန်ဖိုးကို သိချင်ရင်
ယဉ်တိုက်မှုနှင့် သီသီလေးလွဲသွားတဲ့
ဒရိုင်ဘာကိုမေးကြည့်ပါ..

တစ်မီလီစက္ကန့်ရဲ့ တန်ဖိုးကိုသိချင်ရင်
အိုလံပစ် ငွေတံဆိပ်ရှင်ကို မေးကြည့်ပါ..
(ကျော်ဝင်း)

postဖတ်ရှုမိသူအားလုံး အချိန်ကိုတန်ဖိုးထား
တတ်ကြပါစေ..။
စေတနာမေတ္တာ အရင်းခံဖြင့်-image

Coin Marketplace

STEEM 0.19
TRX 0.13
JST 0.030
BTC 62028.87
ETH 3416.72
USDT 1.00
SBD 2.48