လောကဓံ နှင့် စိတ် (၂)

in #esteem8 years ago

လူသားတို့သည် မိမိတို့၏ စိတ်နေစိတ်ထားကို ပြောင်းလဲပြုပြင်ပေးခြင်းအားဖြင့် မိမိတို့၏ ဘဝအခြေအနေကို ပြုပြင်ယူနိုင်ပါတယ် ဟု (ပါ​မောက္ခဂျိန်း)က ဆိုပါသည်။ လူ၏ အဆင့်အတန်း တိုးတက်လာ၍ လာလေလေ ၊ ထိုအဆင့်အတန်း တိုးတက်ကြီးပွားသူ၏ အလိုဆန္ဒစိတ် များလာလေလေဖြစ်တယ်။သောကပူပန်မှုများသည် စိတ်ထဲသို့ ဝင်ရောက်ပြီးနောက် ငြိမ်သက်စွာ ရပ်တည်နေသည် မဟုတ်ပါ။ သောကနှင့်ထိတွေ့သူအား မခံမရပ်နိုင်ဖြစ်အောင်လည်း ၊ စိတ်ပင်ပန်းနွမ်းနယ်အောင်လည်ကောင်း၊ အအိပ်ပျက် အစားပျက်အောင်လည်းကောင်း ၊ အိပ်မက်ဆိုးများ မက်အောက်လည်းကောင်း၊ မွှေနှောက့တက်ပေးသေးတယ်။
သောကကို အဝင်ခံသောစိတ်သည် ပျော့ညံသွား၍ သောကကို တွန်းလှန်နိုင်စွမ်း ယုတ်လျော့သွားရလေတယ် ။ ယုတ်လျော့သွားသည်နှင့်အမျှ နောက်လာမည့် သောကများကို လက်ခံရန် လမ်းဖွင့်ပေးပြီးလည် ဖြစ်တက်လေတယ်။ ကြောင့်ကြစိတ် ရှိသောသူသည် အရာရာကို ကြောင့်ကြတက်သော ညဉ်နှင့်ကြည့်၍ အလွယ်တကု ကြောင့်ကြတက်ကြပါတယ်။
စိတ်ဓာတ်ပျော့ညံခြင်းသည် မွေးရာပါညဉ်မဟုတ် ။ ငယ်စဉ်ကလေးဘဝက အစပျိုးလာခြင်းသာဖြစ်တယ်ဟု (စိတ္တဗေဒ ပညာရှင်းများ)က သတ်မှတ်ထားပါတယ်။ အသင်သည် ဖြစ်ချင်ရုံသာ စိတ်အတွင်း၌ ဖြစ်ချင်မနေပါနှင့် ။ သင်ဖြစ်ချင်သော အရာကို မဆိုင်းမတွ၊ ပြင်းထန်သော အဟုန်၊ မတုန်မလှုပ်သော စိတ်ဓာတ်တို့ဖြင့် ဆောင်ရွက်ပြုလုပ်ပညလေလော့။ ပြုလုပ်နိုင်သည့်အခါ သင်ဖြစ်ချင်သလို ဖြစ်လာနိုင်ပါတယ်။ကိုယ့်အလုပ်ကို အာရုံစိုက်တဲ့လူဟာ စိတ်ချမ်းသာ အသက်ရှည်စွာနေထိုင်ရပါတယ်။
image

Credit Photo Original source

Coin Marketplace

STEEM 0.06
TRX 0.28
JST 0.049
BTC 67924.08
ETH 1984.98
USDT 1.00
SBD 0.54