A Good Relationship

in #esteem8 years ago

တနယ်စီဝေးနေပေမဲ့
သစ္စာသံတိုင်တွေနဲ့
မေတ္တာတံတားကို
မင်း..ခိုင်မာအောင်ဆောက်ထားပေး
ပါ.
မင်းလက်ကမ်းတဲ့အခါ
တစ်ဖက်ကမ်းက
ကိုယ်လျှောက်လာခဲ့မယ်..
……ချစ်သူရေ…
သစ္စာတရားဆိုတာ
သစ္စာထားတတ်တဲ့ကိုယ့်အတွက်တော့
အသက်ထက်တန်ဖိုးရှိပါတယ်…
….ချစ်သူရေ..
ကောင်းကင်မိုးသားတွေ
အမြဲပြောင်းလဲနေကြတယ်
မင်းအချစ်ပြောင်းလဲမလား
သံသယမထားချင်ဘူး
…ချစ်သူရေ…
မျှော်လင့်ခြင်းမနက်ဖြန်တွေကို
မင်းဆီမှာအပ်ထားတယ်
ပျော်ရွှင်ခြင်းများနှင့်အတူ
မင်းကိုယ့်ထံပြန်ယူခဲ့ပါနော်………..။….ချစ်သူရေ…
မင်းသိလားတစ်ခါတစ်ခါမှာအကြာကြီးဝေးနေတာ
သိပ်ပင်ပန်းတယ်…သိပ်လွမ်းတယ်..
…..ချစ်သူရေ…..တစ်မိုးအောက်မှာအတူနေရပေမယ့်
တစ်မြေစီဝေးကွာတဲ့ကာလဟာ
နေ့တာလည်းရှည်ညတာလည်းရှည်တယ်…။
…ချစ်သူရေ…
နေ၀င်တာကြည့်နေထွက်တာကြည့်
မင်းသိလား..
တို့များဆုံဖို့ရာနေ့များစွာကျော်ဖြတ်ရဦးမယ်…။
…ချစ်သူရေ…
သံယောဇဉ်ကမ်းခြေမှာ
အလွမ်းတွေထွေးပွေ့ရင်း
တစ်နေ့ဆုံမဲ့အသိနဲ့
ကိုယ်……..ရှိနေတယ်နော…
တော်ဝင်ကဗျာ

Sort:  

Warning! This user is on my black list, likely as a known plagiarist, spammer or ID thief. Please be cautious with this post!
If you believe this is an error, please chat with us in the #cheetah-appeals channel in our discord.

Coin Marketplace

STEEM 0.06
TRX 0.32
JST 0.063
BTC 67007.66
ETH 2044.11
USDT 1.00
SBD 0.48