Political in Myanmar and Bangali

in #esteem8 years ago

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံအကြား နေရပ်စွန့်ခွာသူတွေ ပြန်လည်လက်ခံရေးအတွက် ဆွေးနွေးမှုအကြိမ်ကြိမ်နဲ့ သဘောတူညီချက်တစ်ရပ်ကို ခက်ခက်ခဲခဲ ပြုလုပ်ထားရပေမယ့် ဒီသဘောတူညီချက်အရ တရားဝင်လမ်းကြောင်းက ပြန်ဝင်လာသူ တစ်ဦးတစ်လေတောင် မရှိဘဲ ကိုယ့်သဘောနဲ့ကိုယ် ပြန်လည်ဝင်ရောက်နေထိုင်နေသူ ၆၀ ကျော်ကို ဒီနေ့မှာ မြန်မာအစိုးရက ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုပေးရတယ်ဆိုတဲ့အချက်က တရားဝင်ပြန်လည်လက်ခံရေးနည်းလမ်း အလုပ်မဖြစ်ဘူးဆိုတာ ဖော်ပြနေတယ်။

ထွက်သွားတုန်းကလည်း သိန်းနဲ့ချီတဲ့ လူအုပ်ကြီးဟာ အနှောင့်အယှက်အတားအဆီး တစ်စုံတရာမရှိဘဲ ကိုယ့်အိမ်ကိုယ်ပြန်သလိုမျိုး နယ်စပ်ကို အလွယ်တကူ ဖြတ်ကျော်နိုင်ခဲ့ကြသလို ပြန်ဝင်လာချင်တော့လည်း အေးအေးဆေးဆေး လူမသိသူမသိ ပြန်ဝင်လာနိုင်ခြင်းက အကြမ်းဖက်မှုတွေ ဖြစ်ပြီးနောက်မှာတောင် နယ်စပ်ဟာ လုံခြုံမှုမရှိ တိုးလျှိုပေါက်ဖြစ်နေဆဲဆိုတာ ပေါ်လွင်နေတယ်။

ဒေသဖွံ့ဖြိုးရေး၊ ပြန်လည်လက်ခံရေးတွေအတွက် အလုံးအရင်း သုံးစွဲနေပေမယ့် ဒီထက်ပိုအရေးကြီးပြီး ပြဿနာရဲ့အရင်းအမြစ်လည်း ဖြစ်နေတဲ့ လုံခြုံရေးကင်းမဲ့မှုကိုတော့ လျစ်လျူရှုထားတာ အံ့သြစရာကောင်းတယ်။ တကယ်တော့ ဒီလူတွေကို ပြန်ဝင်လာတာနဲ့ ဖမ်းမိတာမဟုတ်ဘဲ ဘူးသီးတောင်က သူတို့နေထိုင်ခဲ့တဲ့ ဂူတာပြင်ကျေးရွာ မီးလောင်ပြင်မှာ ဧပြီကတည်းက အိမ်တွေဆောက်လုပ် နေထိုင်နေလို့ ဒေသခံတွေက သွားရောက်တိုင်ကြားခဲ့ကြောင်း လွန်ခဲ့တဲ့ တစ်ပတ်ကတည်းက နိရဉ္စရာသတင်းဌာနက ရေးသားခဲ့ပြီးဖြစ်တယ်။

တစ်ဖက်မှာလည်း တရားဝင်ပြန်လည်လက်ခံရေး အစီအစဉ်ဟာ ဘင်္ဂလားဒေ့ရှ် ကြိုးဆွဲရာကို မြန်မာက ခံနေရတဲ့သဘော ဖြစ်နေတယ်။ နည်းမျိုးစုံနဲ့ အချိန်ဆွဲတယ်၊ စာရင်းဖလှယ်မှုတွေကို မှားယွင်းအောင်၊ ကြန့်ကြာအောင်လုပ်တယ်၊ မပြည့်စုံတဲ့စာရင်းတွေပေးတယ်။ အဲသည်ထဲက စိစစ်ပြီး ဘယ်လောက်လက်ခံမယ်ဆိုတော့လည်း ပို့မပေးပြန်ဘူး။ ပြီးတော့ မြန်မာက ပြန်လက်မခံပါဘူးလို့ ကမ္ဘာကို အော်ပြီးတိုင်တယ်၊ တစ်ချိန်တည်းမှာ နိုင်ငံတကာအကူအညီတွေ၊ အထောက်အပံ့တွေကို သဲ့ပြီးယူတယ်။ ကြာလေ၊ ကောင်းလေ၊ တွက်ခြေကိုက်လေ၊ တစ်ချက်ခုတ် သုံး၊ လေးချက်ပြတ် ဖြစ်နေတယ်။ မြန်မာဘက်ကတော့ အာဆာတိုက်လည်း ခံလိုက်ရ၊ ဘင်္ဂလီတွေလုပ်ဇာတ်ခင်းလည်း ခံလိုက်ရ၊ လူ့အခွင့်အရေးအဖွဲ့နဲ့ မီဒီယာတွေက နှိပ်ကွပ်လည်း ခံလိုက်ရ၊ နိုင်ငံတကာက ထုထောင်းလည်း လူးလှိမ့်ခံလိုက်ရ၊ ဘင်္ဂလားဒေ့ရှ်လို မွှတ်နေအောင်လည်တဲ့နိုင်ငံက လုပ်စားလည်း ခံလိုက်ရနဲ့ ဒီပြဿနာဟာ ဘယ်တော့မှ ပြေလည်မယ့်ပုံမပေါ်ဘူး။ စိတ်ပျက်စရာပဲ။

image

Coin Marketplace

STEEM 0.06
TRX 0.32
JST 0.074
BTC 71491.41
ETH 2212.56
USDT 1.00
SBD 0.49