အဆင့်​အတန်း

in #esteem8 years ago (edited)

ဖုန်းခေါ်ရင် အားရဲ့လား စကားပြောလို့ရရဲ့လားမေး ...

 ဖုန်းချခါနီး ဖုန်းချတော့မယ်လို့ အသိပေး ...

 သူများအခန်းထဲဝင်လာမယ်ဆိုရင် ခွင့်တောင်းပြီးမှဝင် ...

သီချင်းနားထောင်ရင် ကိုယ်တစ်ယောက်ထဲကြားလောက်ရုံပဲ နားထောင် ... Earphone သုံး ...

တစ်ဖက်လူစကားပြောနေရင် ဆုံးတဲ့ထိ အရင် နားထောင်ပြီးမှ ကိုယ်ပြောချင်တာကို စပြော ...

image

Library လိုနေရာမျိုးမှာ ဘာကိစ္စပဲရှိရှိ တိတ်တိတ်ဆိတ်နေ ...

ကျေးဇူးတင်စရာရှိရင် မတုံ့မဆိုင်း ချက်ချင်းတင် ...

အမှားလုပ်ထားရင် ချက်ချင်း ပြန်တောင်းပန် ...

ရုပ်ရှင်ရုံမှာ ခြေထောက်ကို ငြိမ်ငြိမ်ထား ... ရှေ့ခုံကို မကန်နဲ့ ...

ခုံတန်းရှည်မှာ ဘေးလူနဲ့ထိုင်ရင် ဒူးမလှုပ်နဲ့ ...

ဒင်းတို့က ခေတ်နဲ့အညီ အထာလည်း ကျချင်သေးတယ် ...

ယဉ်ကျေးမှုက တစ်စက်မှ မရှိ ...

အထာကျတယ်ဆိုတာ သူများကို

စိတ်အနှောက်အယှက်မပေးဘဲ

နေထိုင်တတ်တာကို ခေါ်တယ် ...

image

ဗရမ်းဗတာ နေထိုင်ရင်

ဗရမ်းဗတာ ဘဝပဲရမယ် ...

ယဉ်ကျေးမှုဆိုတာ ဟုတ်ကဲ့ပါခင်ဗျ/

ကျေးဇူးတင်ပါတယ်ရှင့် တို့လောက်ပြောတတ်တဲ့

ပါးစပ်တွေကို ဆိုလိုတာ မဟုတ်ဘူး ...

ခင်ဗျား ပြုမူနေသမျှ အပြုအမူအားလုံးဟာ

ခင်ဗျားရဲ့ ယဉ်ကျေးမှုအဆင့်အတန်းပဲ ...

Coin Marketplace

STEEM 0.06
TRX 0.29
JST 0.053
BTC 70357.59
ETH 2062.07
USDT 1.00
SBD 0.48