သက်ကြီးရွယ်အိုတွေကို ကိုယ်ချင်းစာပါ

in #esteem8 years ago

သက်​ကြီးရွယ်​အိုတွေနဲ့ အနီးကပ်နေခွင့်ရတာ
ကံကောင်းခြင်းဆုလာဘ်ပါ။
သူတို့နေမကောင်းတဲ့အခါ သည်းခံစိတ်ရှည်ပြီး
စေတနာထားပြုစုပါ။

သက်​ကြီးရွယ်​အို တွေက ပါးစပ်ကပွစိပွစိနဲ့
ပြောရင် စိတ်မဆိုးလိုက်ပါနဲ့
လူကြီးဆိုတာ ထမင်းစားပြီး အသက်ကြီးလာတာမဟုတ်ဘူး
အတွေ့အကြုံအရမ်းများပြီး ရင့်ကျက်လာလို့ လူကြီးဖြစ်လာတာပါ
သူတို့စကားတိုင်းမှာ ဘဝသင်ခန်းစာတွေပါပါတယ်။

သက်​ကြီးရွယ်​အိုဆိုတာ ဘာသာရေးရပြောရရင်
အကျင့်သီလကောင်းလို့ အသက်ရှည်ကြတာပါ
သူတို့ရဲ့သမာဓိကို လေးစားသောအားဖြင့်
သူတို့ကိုနွေးထွေးစွာ ဆက်ဆံပါ။

သက်​ကြီးရွယ်​အိုတွေကို စေတနာထားပြီး
ကြည်ဖြူ စွာဆက်ဆံခဲ့ရင် တူ​သောအကျိုး ပေးပါတယ်
ဘာလို့လဲဆိုတော့ ကိုယ်လည်းတစ်ချိန်ကျရင်
သူတို့လိုပဲ "အို "ရအုံးမှာလေ။

ကိုယ့်ကိုယ်ကို အားမကိုးနိုင်တော့တဲ့ အဘိုး ၊ အဖွားကို
စိတ်ရောကိုယ်ပါ နစ်ပြီးကျွေးမွေးပြုစုသူတိုင်းသည်
ဘဝမှာ ဒုက္ခ ဆိုးတွေ ကြုံတွေ့ရလည်း ခဏပါ
အကူအညီပေးမည့်သူ ပေါ်လာပါလိမ့်မယ်။

Sort:  

@resteemator is a new bot casting votes for its followers. Follow @resteemator and vote this comment to increase your chance to be voted in the future!

Coin Marketplace

STEEM 0.06
TRX 0.32
JST 0.063
BTC 68127.23
ETH 2141.85
USDT 1.00
SBD 0.47