စိတ်​ဓာတ်

in #esteem6 years ago

လူတစ်​​ယောက်​​ဟာ ဘယ်​​လောက်​ပဲဆင်းရဲဆင်းရဲ စိတ်​ဓာတ်​မဆင်းရဲဖို့အ​ရေးကြီးပါတယ်​။ ဘဝဆင်းရဲတာကိုခုတုံးလုပ်​ပြီး စိတ်​ဓာတ်​ကျဆင်း​အောင်​မလုပ်​သင့်​ပါဘူး။ လူဆင်းရဲတာချမ်းသာဖို့ ကြိုးစားရင်​ရပါတယ်​။ စိတ်​ဓာတ်​သာဆင်းရဲ​နေမယ်​ဆို ဘဝတစ်​​လျောက်​လုံး မီးလိုပူတဲ့ဘဝကိုပဲရလိမ့်​မယ်​။ မိမိဘဝဆင်းရဲမှု​ကြောင့်​စိတ်​ဓာတ်​​တွေပြင်းထန်​ပြီး မျက်​စိကန်းတဲ့သူလိုကြိုးစားမယ်​ဆို မ​ကောင်းမှုဘက်​ကို​ရောက်​သွားလိမ့်​မယ်​။ လွယ်​လွယ်​နဲ့ပိုက်​ဆံရှာတာကို နှစ်​သက်​တဲ့သူ​တစ်​ချို့က ဘဝခရီးရဲ့​သေတွင်းထဲကိုခုန်​ချသလိုမျိုးပဲ။ ကိုယ်​လုပ်​တဲ့အလုပ်​ကတစ်​​နေ့ကိုဘယ်​​လောက်​ရလဲ။ ​နောက်​​နေ့ဒီထက်​ပိုရ​အောင်​လူပ်​မယ်​လို​တွေးမိရင်​​တော့ အလွယ်​လမ်းဘက်​ကို ​ရောက်​သွားလိမ့်​မယ်​။ ဘဝဆိုတာ တို​တောင်းလွန်းပါတယ်​။ ဒီလိုတိုတောင်းတဲ့ဘဝမှာစိတိဓာတ်ကိုမြင့်မြင့်ထားဖို့လိုအပ်​ပါတယ်​။ ကိုယ်​စိတ်​ဓာတ်​ကျဆင်းမှု​တွေ​ကြောင့်​ရလာတဲ့အကျိုးဆက်​​တွေရဲ့​ကောင်းမှုမ​ကောင်းမှုကို မသိနိုင်​​တော့ပါဘူး။ အမှားတစ်​ခုကိုကျူးလွန်​တဲ့အချိန်​မှာ ဒါဟာပထမဆုံးမို့လို့ပါဆိုတဲ့စကားနဲ့တင်​ ​နောက်​တစ်​ခါပြုလုပ်​တတ်​ကြတယ်​။ ထိုအမှား​တွေ​ကြောင့်​ချမ်းသာလာပင်​မဲ့ ထိုချမ်းသာမှုရဲ့​နောက်​ကွယ်​က ရလဒ်​ကဘာလဲဆိုတာ မသိချိန်​မှာ ထိုအမှားကိုထပ်​ခါထပ်​ခါကျူးလွန်​မိ​နေတယ်​။
ချမ်းလာဖို့တစ်​ခုတည်းနဲ့ အလွယ်​နည်းကိုမလိုက်​သင့်​ပါဘူး။ ကိုယ့်​​ချွေး​တွေနဲ့​ပေးဆပ်​ပြီးရလာတဲ့ချမ်းသာမှုက​အေးချမ်းပါတယ်​။ ထို့​ကြောင့်​ အမြဲပူ​လောင်​မှုကို မခံစားရတဲ့အပြင်​ ​လူ​ကောစိတ်​ပါ ​အေးချမ်းပါတယ်​။ ဘဝဆင်းရဲတာက ရှက်​စရာမဟုပါဘူး စိတ်​ဓာတ်​ဆင်းရဲတာမှရှက်​စရာပါ။ ဘဝဆင်းရဲမှုကို ဘယ်​သူမှလိုလားတာမဟုတ်​ပါဘူး ဘဝ​ပေးကံ​ကြောင့်​သာဖြစ်​လာတာပါ။ အတိတ်​ဘဝက အကုသိုလ်​ကံ​တွေ​ကြောင့်​သာ ဒီဘဝမှာ ခံ​နေရတာပါ။ ဒါ​ကြောင့်​ဒီဘဝမှာစိတ်​ဓာတ်​​ကောင်းမွန်​​အောင်​​နေထိုင်​ရမယ်​။ ဒါမှ အနာဂါတ်​မှာ ​ကောင်​မွန်​တဲ့ ရလဒ်​​တွေနဲ့မိမိကိုယ်​မိမိပြုပြင်​နိုင်​လိမ့်​မယ်​။ ဘာမှစားစရာမရှိ​အောင်​ မွဲ​တေ​နေပါ​စေ ​ကောင်းမွန်​တဲ့အလုပ်​​လေးလုပ်​ပြီး အသက်​​မွေးဝမ်း​ကြောင်းနဲ့ အသက်​ဆက်​ပါ။ မိမိလုပ်​ရက်​​ကြောင့်​မိသားစုကောင်းကျိုးခံစားချင်​လား ၊ မိမိလုပ်​ရက်​​ကြောင့်​မိသားစုဒုက္ခ​ရောက်​​စေချင်​လား ​တွေး​တောပါ။ကောင်း​သောစိတိ​မွေးတဲ့သူက​နောင်​လာ​နောင်​သား​တွေကိုဘယ်​လိုပြုပြင်​ရမလဲ ဆိုတဲ့ဦး​နှောက်​ရှိသလို ဖြစ်​သင့်​မဖြစ်​သင့်​​ကို​တွေး​တောနိုင်​တဲ့အကြံဥာဏ်​လဲရှိပါတယ်​။ ဘဝဆင်းရဲမှုကို​ဖြေ​ဖျောက်​ပြီးလုပ်​ကိုင်​ကြတဲ့အထဲမှာ ချမ်းသာတဲ့သူ​တွေအများကြီးရှိသလို၊ မချမ်းသာရင်​​တောင်​ဘဝတစ်​​လျောက်​​အေး​အေးချမ်းချမ်းနဲ့​နေလို့ရပါတယ်​။ ဘာမှလဲပူပင်​စရာမလို​တော့ဘူး​ပေါ့။ စိတ်​ချမ်းသာ​တော့ရုပ်​က အလိုလိုပင်​ ​တောက်​ပလာပါတယ်​။
ပိုက်​ဆံသာအများကြီးရ​နေပြီး ကိုယ်​လုပ်​တဲ့အလုပ်​က​ကောင်းလားမ​ကောင်းဘူးလား ၊ ကိုယ့်​ပတ်​ဝန်းကျင်​ကဘယ်​လို​ဝေဖန်​​နေကြလဲ ဆိုတာကိုလဲ သိရပါမယ်​။ ဘယ်​​လောက်​ပဲပင်​ပန်း​နေပါ​စေကြိုစားအားထုတ်​မှု​ကြောင့်​ရတဲ့ ပိုက်​ဆံဆိုရင်​ ​ပျောရွှင်​ပြီး ​အေး​အေးချမ်းချမ်းရှိ​နေလိမ့်​မယ်​။ ချမ်းသာမှုကိုလိုလားပြီး​လောဘတတ်​တဲ့သူ​တွေက သူတို့ရဲ့ဘဝကို ​သေမင်းဆီအပ်​နှံထားခဲ့တာပဲ​လေ။ ​လောဘရှိတာ​ကြောင့်​​သောက​တွေပါ မာန်​မာန​တွေပါဖြစ်​​ပေါ်လာပါတယ်​။ ဘဝလဲချမ်းသာ စိတ်​လဲချမ်းသာပြီး မိသားစုနဲ့သာ​ပျော်​​ပျော်​ရွှင်​ရွှင်​​နေရရင်​ အဲ့အရာကို ဘာနဲ့မှလဲလို့မရ​ပါဘူး။
လူတိုင်းပဲ စိတိဓာတ်​ကိုမြင့်​မြင့်​ထားပြီးကြိုးစားမယ်​ဆို အရာရာဟာ တိုးတတ်​​အောင်​မြင်​လာပါလိမ့်​မယ်​။

Coin Marketplace

STEEM 0.18
TRX 0.13
JST 0.030
BTC 58867.32
ETH 3223.11
USDT 1.00
SBD 2.30