ကြမ္မာရဟတ်​ (၉)

in #esteem7 years ago

ကြမ္မာရဟတ်​ (၉)

မောင်​ကြည်​ရွှင်​အဖို့ ကိုမင်း​ရွှေ၏အိမ်​မှအပြန်​ စိတ်​ထဲတွင်​ မီ၏အမှားကို တနုံ့နုံ့​တွေး၍ ခံစား​နေရပြီ။
မယ်​ပဋာ ​မြေလူးသည့်​နှယ်​ ဖြစ်​ရသည်​။

ပျော်​ရွှင်​တတ်​​သော အာဝဇ္ဇန်း​ကောင်း​သော သမ္မာဝါယမ သမ္မာအာဇီဝကျကျ ​ဘောက်​ဆူးက​လေးများသာ ​မျှော်​လင့်​ခဲ့​သော အများ၏ ယုံကြည်​မှုကို ရရှိ​နေ​သော ​မောင်​ကြည်​ရွှင်​ခမျာ မှားယွင်း​သော အသက်​​မွေးမှု ဝိသမာ​လောဘ​ဇောကြွမိခဲ့​လေသဖြင့်​ ဘယ်​သူမပြု မိမိမှုဖြင့်​ပင်​ စက်​ဘီးက​လေးဖြင့်​ ထီ​ရောင်းချခြင်းမပြုနိုင်​​တော့ပဲ အလုပ်​လည်းပျက်​ စီးပွားလည်းပျက်​ကာ အရက်​သမားလုံးလုံး ဖြစ်​သွားရ​ချေပြီ။

အရူးတစ်​​ယောက်​နှယ်​ ထင်​ရာမြင်​ရာ ​ပြောဆို​နေတတ်​​သော အမူးသမားဘဝသို့ ​ရောက်​ရရှာ​လေပြီတကား ...။

image

ဆရာတင့်​လူရဲ့ ပညာ​ပေးဝတ္တုတိုများ စုစည်းခြင်း
အပိုင်း(၁၀)ဆက်​ရန်

Coin Marketplace

STEEM 0.18
TRX 0.15
JST 0.028
BTC 63768.57
ETH 2478.16
USDT 1.00
SBD 2.54