လူကိုဖျက်တော့ အပိုင်း (၁၂)
လူကိုဖျက်တော့ အပိုင်း (၁၂)
မိနွယ်ကိုလည်း ချက်ရေး ပြုတ်ရေး အိမ်အလုပ်မှ လွဲ၍ မည်သည့် အလုပ်မှ လုပ်ကိုင်စေခြင်း မရှိပေ။
သူ၏ မိဘများ အိမ်၌ နေစဉ်ကထက်ပို၍ ကြော့ကြော့ ကလေးနေစေသည်။
စိတ်ချမ်းသာအောင် ထားသည်။
မိဘတို့ ၏ ဆန္ဒနှင့် ဘဝကို စွန့် ပယ်ပြီး လိုက်လာသည့်အတွက် ပိုမို ကြင်နာစွာ ဖြင့် ချစ်မြတ်နိုးစောင့်ရှောက်နေသည်။
သည်လိုနှင့် သမီးဦးလေး မိဖြူ ကို ရခဲ့သည်။
မိဖြူ သုံးနှစ်သမီး အရွယ်တွင် မောင်ငြိမ်းတို့  မိသားစု အဖို့  အိမ်ဌား ဘဝမှ အိမ်ပိုင် ဖြစ်လာခဲ့သည်။
အလုပ် နားသည့် နေ့ များတွင် မောင်ငြိမ်းက သိမ်ကြီးဈေးသို့  သွားပြီး ပုဆိုး ထမီ အင်္ကျီ စသည်တို့ ကို ဆယ်ထည်ဈေး ဖြင့် ဝယ်သည်။
ဆရာတင့်လူ၏ ပညာပေးဇာတ်လမ်းတိုများ စုစည်းခြင်း