ပုံပြင်မှပေးသော ဘဝအတွေး

in #esteemapp8 years ago

image

ပုံပြင်မှပေးသော ဘဝအတွေး

တခါတုန်းက ရှင်ဘုရင်ကြီးတစ်ပါးဟာ သူ့ရဲ့မြင်းစီး သူရဲကောင်းတစ်ယောက်ကို မြင်းနဲ့ပတ်ပြီးစီးနိုင် သမျှ မြေနေရာအားလုံး အပိုင်စားပေးမယ်လို့ ပြောလိုက်ပါတယ်။

မြင်းစီးသူရဲကောင်းလည်း မဆိုင်းမတွဘဲ မြင်းပေါ် ကို ခုန်တက်ပြီး မြေနေရာ များနိုင်သမျှ များများ ကာမိအောင် မြင်းကို မြန်နိုင်သမျှမြန်မြန် စီးပါ တော့တယ်။ သူဟာ မြင်းကို အမြန်ဆုံးပြေးအောင် ရိုက်ရင်း မရပ်မနား စီးပါတယ်။ သူဟာ ဗိုက်ဆာချိန်တွေပင်ပန်းနွမ်းနယ် နေချိန်တွေမှာလည်း မရပ်ခဲ့ပါဘူး။ မြေနေရာ အများဆုံး ကာမိအောင်ပါ။

image

မြေနေရာကောင်း အတော်များများကို ကာမိချိန်မှာ တော့ သူဟာ အရမ်းကို အားအင်ကုန်ခမ်း နွမ်းနယ် ပြီး သေလု မျောပါး ဖြစ်နေခဲ့ပါပြီ။ အဲဒီအချိန်ကျမှ သူ့ကိုယ်သူ ပြန်မေး မိပါတယ်။

“မြေနေရာတွေ အများကြီးရဖို့ ငါ့ကိုယ်ငါ ဘာကြောင့် များ ဒီလောက်ညှင်းပန်းခဲ့ပါလိမ့်။အခုငါ သေရတော့မယ့် အချိန်မှာ ငါ့ကို မြှုပ်ဖို့ မြေနေရာ သေးသေးလေးပဲ လိုတာ ပါလား…”

photo : facebook

image

Coin Marketplace

STEEM 0.06
TRX 0.32
JST 0.065
BTC 69836.14
ETH 2149.00
USDT 1.00
SBD 0.48