မညစ်ထေးစေနဲ

in #esteemapp8 years ago

image

မညစ်ထေးစေနဲ့

တစ်ခါတုန်းက တောထဲမှာ ဝက်နဲ့ခြင်္သေ့ တွေ့ကြတယ်။ ဝက်ကပြောတယ် " ခြင်္သေ့ သတ္တိရှိရင် ဖိုက်မလား" တဲ့။ ခြင်္သေ့ ကလည်း ဒီဝက်ကငါ့ဖိုက်မလားစိမ်ခေါ်နေတယ် "ရတယ် လာ ဖိုက်တာပေါ့" ဆိုတော့ ဝက်က ခဏနေအုံးဆိုပြီး အနားကမစင်တွင်းထဲ ဆင်းသွားပြီး အားရပါးရလူးပြီး ပြန်တက်လာတယ်။ ခြင်္သေ့ကို လာ ဖိုက်တော့မယ်တဲ့။

ခြင်္သေ့က ဝက်ရဲ့မစင်တွေနဲ့ နံစော်ညစ်ပတ်နေတဲ့ ခန္ဓာကိုယ်ကြီးကိုကြည့်ရင်း ရွံရှာစက်စုတ်တဲ့စိတ်တွေ ဖြစ်ပြီး ဒီလောက် မသတီစရာကောင်းတဲ့ဝက်နဲ့ ဖိုက်ရမယ် .... တော်ပါပြီကွာ မဖိုက်တော့ပါဘူး သွားပါအုံးမယ်ဆိုပြီး ဝက်ကိုကျောခိုင်းပြီး လှည့်ထွက်သွားတယ်တဲ့။

ဝက်က နောက်ကနေ လှမ်းအော်ပြောတယ် "ခြင်္သေ့ မင်း ငါ့ကို ကြောက်သွားပြီ.... မင်း ငါ့ကို ကြောက်သွားပြီ ...."
ခြင်္သေ့ကတော့ ဝက်ကို ပြန်တောင် လှည့်မကြည့်တော့ပါဘူး။

ဒီလိုပါပဲ လူ့လောကမှာ မစင်တွေလူးထားတဲ့လူတွေနဲ့ ပြဿနာဖြေရှင်းရပြီဆိုရင် ကိုယ်ပါ မစင်တွေပေတော့မှာမို့လို့ စွန့်ပစ်ပြီး သူတို့နဲ့ဝေးရာကို သွားလိုက်ပါတယ်။

image

ကိုယ့်ရဲ့စင်ကြယ်မှုကို ဘယ်တော့မှအဆုံးရှုံးမခံဘူး။ သူတို့က ဟိုဝက်လိုပဲ ငါ့ကြောက်သွားပြီမလားလို့ အော်နေတာတောင် ပြန်လှည့်ကြည့်ဖို့ မထိုက်တန်လို့ ပြန်လှည့်မကြည့်ပဲ ကိုယ့်လမ်းကိုယ် အေးအေးချမ်းချမ်းဆက်လျှောက်ခဲ့တယ်။

ကိုယ် အလိုချင်ဆုံး အရချင်ဆုံးက အင်မတန်သန့်ရှင်း စင်ကြယ်တဲ့ဘဝ ဖြစ်လို့ပါ။

Htet Htet Htun

photo : facebook

image

Coin Marketplace

STEEM 0.06
TRX 0.32
JST 0.064
BTC 69941.11
ETH 2164.10
USDT 1.00
SBD 0.47