ဟာသနဲ့ပတ်သက်ပြီး ပေးအပ်တ

in #esteemapp8 years ago

ဒီတစ်ပတ်ရဲ့ Famous Prize ကဏ္ဍမှာတော့ British Comedy Awards အကြောင်းတင်ပြချင်ပါတယ်။
ဟာသအနုပညာနဲ့ပတ်သက်ပြီး ပေးအပ်တဲ့ဆုဖြစ်ပြီး ဆုပေးပွဲကို ဗြိတိန်နိုင်ငံမှာ ကျင်းပတာ ဖြစ်ပါတယ်။ ၁၉၉ဝ ခုနှစ်မှာ စတင်ကျင်းပခဲ့ပြီး London Palladium မှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
image
ပြီးခဲ့တဲ့နှစ်အတွင်းက ဟာသပညာရှင်တွေ၊ ဖျော်ဖြေတင်ဆက်မှုတွေထဲက အကောင်းဆုံးတွေကို ရွေးချယ်ပေးအပ်တာဖြစ်ပါတယ်။
၁၉၉ဝ ကနေ ၂ဝဝ၆ ခုနှစ်အတွင်း ပြုလုပ်တဲ့ ဆုပေးပွဲတွေကို ITV ကနေ တိုက်ရိုက်ထုတ်လွှင့်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ရုပ်သံက တိုက်ရိုက်ထုတ်လွှင့်မှုအပြင် ထူးခြားတဲ့ တင်ဆက်မှုတွေကိုလည်း ထပ်မံ ပြုလုပ်ခဲ့ပါတယ်။ စတင်ခါစမှာ အကောင်းဆုံး ဟာသရုပ်ရှင်ဇာတ်ကား၊ အကောင်းဆုံးဟာသသရုပ်ဆောင်မင်းသား၊ အကောင်းဆုံးဟာသ သရုပ်ဆောင်မင်းသမီးဆု စတာတွေအပါအဝင် ဆုပေါင်း ၂ဝ ကျော်ကို ပေးအပ်ခဲ့ပြီး နောက်ပိုင်း မှာတော့ ဆုပေါင်း ၁၉ ဆုအဖြစ် လျှော့ချခဲ့ပါတယ်။

Sort:  

အရမ်းကောင်းပါတယ်ဗျာ

Coin Marketplace

STEEM 0.06
TRX 0.30
JST 0.055
BTC 73722.41
ETH 2275.06
USDT 1.00
SBD 0.51