ဖြစ်ရပ်မှန် Real Life

in #esteemapp6 years ago

ဂန္ဓဝင်ပန်းချီကားတစ်ချပ်ဆိုတာ
ဘုရင်မင်းမြတ်ပွဲတော်တည်နေတဲ့ မြင်ကွင်းဖြစ်ချင်မှဖြစ်မယ်...
မွတ်သိပ်တပ်မတ်တဲ့အကြည့်တွေနဲ့  ညစာစားနေတဲ့ ဒတ်ခ်ျဆင်းရဲသားမိသားစုရဲ့...
အာလူးစားပွဲ...
ဗင်းဆင့်က မှုန်ခြယ်ရေးဆွဲခဲ့ဖူးရဲ့

ဒီလိုပဲပေါ့ ''မ''ရယ်
ကျနော်ရေးမယ့် ရင်တွင်းဖြစ်ကဗျာတစ်ပုဒ်ဟာ
ဓါးခုတ်ရာတွေနဲ့ 
ခက်ထန်ခမ်းနားစေမယ်

''မ''ကို ဗီလိန်အဖြစ်နဲ့ ....

လူ့ သက်တမ်းရဲ့သုံးပုံတစ်ပုံဟာ
သုံးလို့  ကုန်ခဲ့ပြီးပြီ ''မ''ရဲ့
သူငယ်နှပ်စားဆန်ဆန်
အိပ်ရာဝင်ပုံပြင်နဲ့ ပဲတန်တယ်လို့  ''မ''ထင်နေတုန်းပဲလား

ခင်ဗျားကြီး သစ္စာမဲ့တာကျုပ်သိတယ်
ခင်ဗျားကြီး ဂုဏ်မက်တာ
ကျုပ်သိတယ်
မလွှဲသာမရှောင်သာအကွက်တွေနဲ့  အာဏာရှင်ဆန်ရက်ခဲ့တာလည်း
ကျုပ်သိတယ်

တရားဥပဒေအရတော့
''မ'' အပြစ်ကင်းမှာပါ
အချစ်ဥပဒေအရ...
ရာထူးဂုဏ်မက်တဲ့ မိန်းမပျက်လို့ 
ကျနော်ဘက်က သတ်မှတ်တယ်

''Snow''တဲ့
နှင်းစက်ကလေးပေါ့
ဖြူ စင်အေးမြခြင်းတွေနဲ့ ပေါ့

'ဘာတဲ့
''ဆောင်းဆိုသည်က အေးမြခြင်းကို သရုပ်ဆောင်သည် ငွေနှင်းဖြူ က
သန့် စင်တယ်လို့  အဓိပ္ပာယ်ကိုယူမည်''တဲ့
ဂန္ဓဝင်သီချင်း....
ဆောင်းရယ် နှင်းရယ် ကိုယ့်ချစ်သူရယ်အတူတူပါပဲဆိုတဲ့
သီချင်း...
ကျုပ်ရယ်ပြီးနားထောင်နေမိတယ်
ဂရမ်းပြာကို
ကျိုက်ခနဲ မော့ချလိုက်တယ်
''နှင်းကိုက်နာစွဲနေတဲ့ အသည်းထဲကဒဏ်ရာ
နာကျင်မှုများသက်သာလိုသက်သာငြား

''မမ''တွေကို မချစ်ရဲဘူးတဲ့
တချို့ လူငယ်လေးတွေ
အော်ကြတုန်းက
ရင့်ကျင့်တဲ့အထာနဲ့ ကျုပ်....
တုပ်တုပ်တောင်မလှုပ်ခဲ့ဘူး
ငါ့ ''မ''ကတော့ ဒီလိုမလုပ်လောက်ဘူး
ဒီလိုမယုတ်လောက်ဘူး
ယုံကြည်မှုကို နက်နိုင်သမျှနက်အောင်တူး...
အခုတော့ အဲ့ဒိကျင်းထဲမှာ ဒီကောင်ရူးနေပြီ

အေးလေ
ကျုပ်ကလည်း ခပ်ဝဝဆိုတော့
ခွေးကျဝက်ကျ ကျတာမဆန်းပါဘူး

တစ်တောင့်ကုန်ဖို့  နှစ်ပတ်အလိုမှာ အရက်ပုလင်းဟာ ယိုင်လာတယ်
အမြည်းတွေခါးလာတယ်....
မျက်လုံးတွေဝါးလာတယ်
Recorderထဲမှာ ''မ''ကိုမိုးမွှန်အောင်ဆဲထားတာတွေ
အရသာခံပြီး နားထောင်နေတယ်
မျက်လုံးကိုမှေးစင်း...
''ရက်စက်မှုအပေါင်း သရဖူဆောင်း''တဲ့ ငြီးချင်းလေးနဲ့ ...

ဟင်း... အမူးပြေမှ ချည်တိုင်ကိုလွမ်း မျက်ရည်လေးစမ်းစမ်းနဲ့ ...
နွားဖြစ်တာတောင် မျက်လုံးကန်းနေသေးတယ်

ကျိုးနေတာတောင် အထမ်းမခံတဲ့လှည်းကို
ငါလွမ်းနေမိသေးရဲ့...

အောက်သွားမရှိတဲ့
နောက်အကောင်ပြာပြာကြီးလည်း
သူသန်လှပါကြောင်းကို
ပေါင်ချိုးပြီး သက်သေပြကောင်းပြမယ်

ဒီလိုနဲ့ 
စောက်ရှက်မရှိတဲ့ကျနော့်အချစ်ကို
''မ''ရှိတဲ့အရပ်ဆီ
လွှင့်ပစ်လိုက်ပါတယ်
image
Writer by@sibobo

Coin Marketplace

STEEM 0.18
TRX 0.13
JST 0.030
BTC 58296.60
ETH 3064.91
USDT 1.00
SBD 2.26