"ကိုယ် မပါစေနဲ့နော်”
လိမ္မာလိုက်တာဆိုတဲ့
စကားရဲ့ နောက်ကွယ်မှာ
အသုံးချခြင်းတွေ ကပ်ပါမလာစေနဲ့နော်
သိတတ်လိုက်တာဆိုတဲ့
ချီးမွမ်းသံတွေရဲ့ နောက်ကွယ်မှာ
အချွန်နဲ့ မ လိုက်ခြင်းတွေ ရှိမလာစေနဲ့နော်
အရမ်းချစ်တာပဲဆိုတဲ့
နှလုံးသားရဲ့ ဖွင့်ဟသံတွေနောက်မှာ
အတ္တမီးတွေ အစွန်းရောက်အောင်
မတောက်လောင်စေနဲ့နော်
တာဝန်ကျေပါတယ်ဆိုတဲ့
ဂုဏ်ယူစကားတွေနောက်မှာ
မနိုင်ဝန်တွေ ထပ်ထပ်မပေးမိစေနဲ့နော်
သနားစရာလေးပါလားလို့
ကရုဏာသံတွေနောက်မှာ
အခွင့်အရေး ယူမိသလို မဖြစ်စေနဲ့နော်
အရမ်းစိတ်ရှည်တာပဲ ဆိုတဲ့
လေးစားမှုတွေနောက်မှာ
အနိုင်ယူလိုမှုတွေ ပိုပြီးများမလာစေနဲ့နော်
အရမ်းသဘောထားကြီးတာပဲဆိုတဲ့
ချီးကျူးသံတွေနောက်မှာ
ဒဏ်ရာတွေ အထပ်ထပ် မလိမ်းကျံလိုက်ပါနဲ့နော်
လူတစ်ချို့က
အားနာတတ်သူကို အနိုင်ပိုပြီးလိုချင်နေတတ်သလို
တာဝန်ကျေတဲ့သူကို ပိုပြီးခိုင်းချင်တတ်ကြတယ်
ခွင့်လွှတ်တတ်ပြီး သဘောထားကြီးသူကို
ပိုနာကျင်အောင် လုပ်တတ်ကြသလို
အကျင့်စာရိတ္တ ရိုးသားသူတွေကို
ချီးကျူးဖို့ထက် နေရာပျောက်အောင် လုပ်ချင်တတ်ကြတယ်
ဘယ်လိုပဲဖြစ်ဖြစ်ပါ
အဲ့ဒီလူတွေထဲ ကိုယ်မပါအောင် ကြိုးစားရင်း
လူတော်လူကောင်းတွေဘက်က
ရပ်တည်ပေးပါလို့ အကြုံပြုပါရစေ။
Source
Plagiarism is the copying & pasting of others work without giving credit to the original author or artist. Plagiarized posts are considered spam.
Spam is discouraged by the community, and may result in action from the cheetah bot.
More information and tips on sharing content.
If you believe this comment is in error, please contact us in #disputes on Discord
Congratulations @steemyell! You have completed some achievement on Steemit and have been rewarded with new badge(s) :
Award for the number of upvotes
Click on the badge to view your Board of Honor.
If you no longer want to receive notifications, reply to this comment with the word
STOP