အတိတ်ကိုပြန်သတိရမိချိန်

in #feeling5 years ago

ခင်မောင်တိုး သီချင်းလေး တစ်ပုဒ်တော့ ခုတစ်လော ဓါတ်ကျနေတယ် အတိတ်ကို ခဏလောက် လည်ပြန်ကြည့်တယ်ဆိုရမလား
လွမ်း ရင်ထဲလှိုက်လို့အတိတ်ကိုလွမ်း လွမ်း ရင်ထဲရှိတဲ့ဒီဇာတ်လမ်း နွေရာသီရွက်ကြွေမြေပေါ်
ပြေးလွှားလို့နေစဉ်မှာ သူတစ်ယောက်ကိုသတိရနဲ့ တမ်းတလို့လွမ်းမိတယ်လေ
ထိုစဉ်အချိန်နွေအခါ သူရယ်တို့နှစ်ဦး ရင်းနှီးလို့ ပညာရှာရင်းနဲ့ကြောင်းကြီးရဲ့အရိပ်အောက်မှာ
ချစ်ကြသူတွေအဖြစ်ရောက်ရှိခဲ့ကြတယ်
သိပ်ချစ်သူတွေလို့အများကသတ်မှတ်ခဲ့တယ် ငယ်စဉ်ဟိုတစ်ချိန်ကတို့ရဲ့ဘဝ အတိတ်ဒီဇာတ်အလွမ်း
လွမ်း ရင်ထဲလှိုက်လို့အတိတ်ကိုလွမ်း လွမ်း ရင်ထဲရှိတဲ့ဒီဇာတ်လမ်းပြန်မြင်ယောင်သေးတဲ့
နွေလေရူးတိုက်ခတ်လို့နေစဉ်မှာ သူအကြောင်းကိုတွေးတောရင်း လွမ်းရတဲ့နေတစ်ရက်ပါလေ
ဟိုစဉ်အချိန်နွေအခါ သူရယ်တို့နှစ်ဦးရောက်ခဲ့တယ် အတူတူလျှောက်ဖူးတဲ့ လမ်းလေးရဲ့ဘေးတစ်ဖက်မှာ
ပန်းကလေးတွေအရင်အတိုင်းဖူးပွင့်လျှက် ပဲမို့တို့ရဲ့ရင်ခွင်ထဲ လွမ်းရတဲ့စိတ်ကြောင့်လေ
သီချင်းတွေက အတိတ်ကို မှတ်သားပေးတယ် ခံစားချက်တွေကို သိမ်းထားပေးတယ် မေ့နေပီထင်တဲ့ အတိတ်တွေက သီချင်းတွေနဲ့အတူ ပြန်လည်အသက်ဝင်လာတက်ပြန်တယ်

Coin Marketplace

STEEM 0.06
TRX 0.32
JST 0.070
BTC 71474.52
ETH 2179.45
USDT 1.00
SBD 0.49