ကောင်းဆိုနှစ်တံ ခံနိုင်ပါစေ

in #feeling8 years ago

မင်းက………
မျက်နှာလိုက်တတ်တယ်………
မင်းက………
ဘက်လိုက်တတ်တယ်………

မင်းက………
ကောင်းတဲ့အခြေအနေနဲ့ ကြုံ နေစဉ်………
ဆိုးတဲ့ အခြေအနေကို သတိမရဘူး………

မင်းက……
ဆိုးတဲ့ အခြေအနေနဲ့ ကြုံနေစဉ်ကျ………
ကောင်းတဲ့အခြေအနေလေး ကို တောင်းတတတ်တယ်……

မင်းက………
ကောင်းတဲ့အခြေအနေတွေချည်းပဲ………
မင်းနားမှာခေါ်ထားချင်တယ်………

ကောင်းတဲ့အခြေအနေတွေချည်းပဲ………
မင်း……လိုချင် ဖြစ်ချင်နေသ၍……
မင်း စိတ် ဘယ်တော့မှ မငြိမ်းချမ်းနိုင်ဘူး……

မင်း……စိတ်ငြိမ်းချမ်း ချင်တယ်ဆို………
သူတို့ကို ဘက်မလိုက်ပါနဲ့………
ခွဲခြား မဆက်ဆံပါနဲ့………

သူတို့က………
မင်းအသက်ရှင်နေသ၍……
မင်းနဲ့ အတူရှိနေမယ့်………
မင်းရဲ့ မိတ်ဆွေတွေပါ………

ကောင်းတာရော ဆိုးတာရောကို………
ဘာလာလာ လာခဲ့ပါ………
လက်ခံနိုင်ပါတယ်ဆိုပြီး………
မင်း…………
သူတို့ကို………
အေးအေးဆေးဆေး လက်ခံလိုက်ပါ………
မင်း အေးချမ်းပါစေ……………
😌😌😌😌😌😌😌😌
(4.5.2018) TDMN image

Coin Marketplace

STEEM 0.06
TRX 0.32
JST 0.065
BTC 71358.74
ETH 2209.41
USDT 1.00
SBD 0.50