မသောက်တော့ဘူးလား

in #feeling5 years ago

အရက်ဖြတ်တယ်ဆိုတာက လွယ်ကူတဲ့ လုပ်ငန်းစဉ်တစ်ခုတော့ မဟုတ်ပါဘူး။ စိတ်ရှည်ဖို့နဲ့ ကြံ့ကြံ့ခံနိုင်ဖို့ အထူးလိုအပ်ပါတယ်။

အရက်ဖြတ်ကြတဲ့ လူတိုင်း အရက်ပြတ်သွားကြတာတော့ မဟုတ်ပါဘူး။ တစ်ချို့က နောက်တစ်ကြိမ် ပြန်သောက်ဖြစ်ကြတယ်။ ဖြတ်ရပိုခက်ခဲသွားကြတယ်။ အခြေအနေတွေ ပိုဆိုးသွားကြတယ်။ဖြတ်ကျော်ရမယ့် အဆင့်တွေ ရှိနေတာကို သိထားဖို့ လိုအပ်ပါတယ်။
အရက်ဖြတ်ရာမှာ အဓိက အကျဆုံးအချက်က သေချာ အစီအစဉ်ချထားပြီး ပြတ်ပြတ်သားသားလုပ်ဖို့ပါပဲ။ များသောအားဖြင့် အရက်ဖြတ်ကြပြီးနောက်ပိုင်း ဒါမှမဟုတ် ဖြတ်မယ်လို့ စိတ်ကူးပြီးတော့မှ ပြန်သောက်တာမျိုးက ဖြစ်နိုင်ချေများလွန်းတဲ့ ပြဿနာတစ်ရပ်ဖြစ်ပါတယ်

Coin Marketplace

STEEM 0.06
TRX 0.32
JST 0.070
BTC 72913.36
ETH 2244.23
USDT 1.00
SBD 0.49