ကျွန်ုပ်နှင့် နွေဦးပေါက်စိတ်ရူး
ဒီနေ့အတွက်ကျွနုပ်၏စိတ်သည်အကြောင်းမရှိအကြောင်းရှာ…အကြောင်းရှာလည်းမရ အကြောင်းရှာတွေ့ပြန်လဲစိတ်မချမ်းသာဖြစ်နေသည် ထိုသို့စိတ်မချမ်းသာဖြစ်ရကိုကစိတ်ညစ်နေမိပြန်ရော
ထိုသို့ညစ်နေသောစိတ်ကိုဖြေဖြောက်စေရန်အတွက်
ကျွန်ုပ်လုပ်လေ့လုပ်ထရှိသောအလုပ်တခုကအေးချမ်းတည်ငြိမ်
တဲ့နေရာ(ပတ်ဝန်းကျင်ဆူညံမူမရှိမူတဲ့နေရာ)အပင်ကြီးတပင်အောက်ပေါ့ အဒီပင်အောက်မှာစိတ်ညစ်တာတွေချုပ်ပြီးဖြေလျော့စေတယ်
ထို့နောက်စိတ်င်ြမ်သွားရင်စိတ်ကြောင့်ဦးတည်ရာမဲ့အဖြစ်စိတ်၏ရွတ်လွင့်ခြင်းက်ုရုပ်ခန္ဓာကပါလိုက်ပါဆောင်ရွက်နေမိပြန်၏
ထ်ုနေရာတွင် ကျွနုပ်နှင့်လက်ပံပင်ပဲပေါ့ ဒဲဒီအပင်ကြီးအောက်မီနေ၍
ဟိုဟိုဒီဒီတွေးရင်း ငေးရင်းပေါ့
ထိုအချိန်နဲ့အတူတောင်လေလေးနှင့်အတူလက်ပံပွင့်ရဲရဲလေးတွေကြွေနေပါပြီ
ထို့အတူတပြိုင်နက်ဆရက်ငှက်များဆူညံစွာပျော်မြူးနေသည့်အသံကို
စိတ်ချမ်းသာဖွယ်ကြားရပြန်ပါရော
ထပ်ြးရတဲ့အသံကနွေရဲ့အစဥသြငှက်တကောင်၏အထီးကျန်ငြီးသံနှင့်အတူအထီးကျန်နေတဲ့ကျွန်ုပ်ကိုအားပေးနေသလိုခံစားရပြန်ပါတယ် အဒါတွေကနွေဦးရိုက်ခတ်ဒဏ်တွေပေါ့
ဤနေရာမှာ စိတ်ညစ်စွာခံစားနေရတဲ့ကျွန်ုပ်အတွက်အရပ်မျက်နှာကဦးတည်ချက်မရှိတိုက်ခတ်လာတဲ့လေကကျွန်ုပ်အားဖြတ်ကျော်၍တိုက်ခတ်သွားလေသည်
ထို့အတူကျွန်ုပ်အနီးနားရှိတောရိုင်းတောပန်းပင်များနှင့်မြက်ပင်ကခြောက်အဝါရောင်မွဲမွဲများကိုပါတိုးဝှေ့သွားလေသည်
အပင်ကြီးများမှရော်ရွက်ဝါများကိုပါခြွေချသွားလေသည်
ထိုအရာသည်ကားကျန်ုပ်အားမမြဲသည့်သဘောသတိပေးနေသလို
အသိစိတ်ပေးနေသလိုခံစားမိသည့်အလျောက်
အနိစ္စသဘောကိုနှလုံးသွင်းဆင်ခြင်မိကာစိတ်၏သဘောမှလည်း
လေရူးနှင့်တူသည့်သဘော အတိုက်ခံရဖြန်များလာလျှင် ရုပ်ခန္ဓာ
ကိုပင်ထိခိုက်စေနိုင်ကြောင်း တစစသိမြင်လာတော့
လုံးဝစိတ်အေးချမ်းသာစွာခံစားရတော့တယ်
အလိုနဲ့ပဲစိတ်ညစ်တာဖြေဖြောက်စေတယ်
ဤကားဂိမာန်နွေဦးအစမှာတောင်လေဖြူးဖြူးနဲ့အတူ
စိတ်ရူးထခြင်းဖြစ်ကြောင်းတည်း