forex(or)နိုင်ငံတကာငွေကြေးရောင်းဝယ်မူ

in #future8 years ago

Forex (သို့ ) နိုင်ငံတကာငွေကြေး ရောင်းဝယ်မှူဈေးကွက်

Forex ဆိုတာ နိုင်ငံတကာ ငွေကြေးကစားသူတွေအတွက် ဈေးကွက်ပါ။ စတော့ ဈေးကွက်လိုပါပဲ။ ကွာခြားတာ က ကုမ္မဏီ ရဲ့ စတော့တွေကို ၀ယ်ရောင်းမလုပ်ပဲ နိင်ငံတကာငွေကြေးကို ၀ယ်ရောင်းလုပ်တာပါ။ ကိုယ်ကြိုက်တဲ့ နိုင်ငံရဲ့ ငွေကြေးကို အချိန်မရွေးဝယ်ထားလို့ ရပြီး အချိန်မရွေးပြန် ရောင်းထုတ်လို့ ရနိင်တဲ့ ဈေးကွက်ပါ။ အချိန်မရွေး လို့ ကျွန်တော်ဘာလို့ ပြောလဲဆိုတော့ တစ်ရက်ကို ၂၄ နာရီလုံးလုံး ရောင်းချင်ရောင်းဝယ်ချင်ဝယ်လုပ်လို့ ရတဲ့  ဈေးကွက်ပါ။ online ကနေ ခလုပ်တစ်ချက်နှိပ်လိုက်တာနဲ့  ကိုယ်ရောင်းချင်တဲ့ စက္ကန့် ၃ စက္ကန့် အတွင်း ရောင်းနိုင်ပြီး စက္ကန့်ပိုင်းအတွင်းမှာပဲ ကိုယ်ဝယ်ချင်တဲ့ နိင်ငံ ရဲ့ ငွေကြေးကို ၀ယ်နိင်ပါတယ်။ဒါမှ လဲ အချိန်နဲ့ အမျှပြောင်းလဲ နေတဲ့ ငွေကြေးဈေးကွက် အတက်အကျ ကို ကစားလို့ ရမှာလေ။ မိနစ်ပိုင်း နာရီပိုင်းအတွင်း မှာ ကိုယ်ရှိတဲ့ ငွေကြေးတော်တော်ဆုံးရှုံးနိင်သလို မိနစ်ပိုင်းအတွင်း မှာပဲ ဒေါ်လာပေါင်းများစွာ မြတ်စွန်းသွားတဲ့  ကျွန်တော့ သူငယ်ချင်းတွေ ဒုနဲ့ ဒေးပါ။ ကိုယ်မှာ က ဂျပန် ယန်းငွေ ရှိတယ်။ အမေရိကန် ဒေါ်လာကို ၀ယ်ချင် ၀ယ်လို့ ရသလို ထုတ်ချင်လဲ ထုတ်လို့ ရနိင်တဲ့ ဈေးကွက်ဖြစ်ပါတယ်။ ဒီ forex ဈေးကွက် မှာ ရင်းနှီးမြုပ်နှံဖို့ ဆိုရင် နိုင်ငံခြားဘဏ်အကောင့် တစ်ခု တော့ရှိရလိမ့်ပါမယ်။ ရှိတယ်ဆိုရင်တော့ စတင် ပြီး နိင်ငံခြားငွေကို ၀ယ်ယူမြုပ်နှံလို့ ရပါပြီ။

ကျွန်တော့ စိတ်ကြိုက်ငွေကြေးတစ်ခု ကို ပြောရမယ်ဆိုရင်တော့ အမေရိကန် ဒေါ်လာမဟုတ်ပါဘူး။ ဆွဒ်ငွေ ကို ပြောရပါလိမ့်မယ်။

ကိုယ့်မှာ ငွေပို ငွေလျံရှိလို့ နိုင်ငံခြားငွေကြေးဝယ်ယူစုဆောင်းလို တယ်ဆိုရင် ကျွန်တော့်အနေနဲ့ အကြံပေးလိုတာကတော့ ဆွဒ်ဇာလန်ငွေ ကိုဝယ်ယူစုဆောင်းပါလို့ ပြောချင်ပါတယ်။ ဘာကြောင့် ဆွဒ်ငွေလို့ ကျွန်တော် ပြောသလဲဆိုတော့ အချက် ၂ ချက်ရှိပါတယ်။

သမိုင်းကိုပြန်ကြည့်မယ်ဆိုရင် ဆွဒ်ဇာလန်ဆိုတာ နှစ်ပေါင်းရာနဲ့ ချီပြီး နိင်ငံရဲ့ စီးပွားရေးတည်ညိမ်တဲ့နေရာမှာ သူ့ကိုဘယ်သူမှလိုက်လို့ မမှီပါဘူး။

တစ် အချက်က တစ်ကမ္လာလုံးစစ်တွေဖြစ်ပြီး မတည်မညိမ်ဖြစ်နေတဲ့ အချိန်မှာ ဆွဒ်ဇာလန်က သူ့ ရဲ့ ကြားနေနိင်ငံရေးပေါ်လစီ ကြောင့် နိင်ငံရဲ့ ငွေကြေး နဲ့ စီးပွားရေး ကိုမထိခိုက်ခဲ့ပါဘူး။
နှစ် အချက် က အစိုးရ က ဆွဒ်ငွေ အပေါ်မှာ ရွေစံနန်း (Gold standard) 200% ထိအောင် ကို ကျောထောက်ထားခဲ့ပါတယ်။ 200% ဆိုတာအင်မတန်မှ များပါတယ်။ အမေရိကန်ဒေါ်လာ ကို အစိုးရကရွေစံနုန်း ကျောထောက်နောက်ခံထားမှူရာခိုင်နုန်းက 0% ပါ။ အမေရိကန်အစိုးရက 1929 နှစ်ကတည်းက ရွေစံနန်း ကျောထောက်ထားမှူကိုဖြတ်သိမ်းခဲ့ပါတယ်။

အမေရိကန်ဒေါ်လာကို ကြည့် မယ်ဆိုရင် အမေရိကရဲ့ နိုင်ငံတော်အကြွေးကြီးမားမှူ ၊ ကုန်ထုတ်လုပ်ငန်းမညီမျှမှူ အစရှိတဲ့ ပြသနာတွေကြောင့် အမေရိကန်ရဲ့ ငွေကြေးတန်ဖိုးဟာတဖြေးဖြေးယိမ်းယိုင်လာတဲ့အတွက် ဒေါ်လာ ၀ယ်စုတဲ့ သူများအရှူံးနဲ့ ရင်ဆိုင်နေရပါတယ်။ စာရင်းဇယားအရ အကယ်၍သင်ဟာ လွန်ခဲ့တဲ့ အနှစ် 20 တုန်းက အမေရိကန်ဒေါ်လာ 1000 တစ်ထောင် ရှိခဲ့မယ်ဆိုရင် အခုဆိုရင် အဲဒီ ဒေါ်လာတစ်ထောင် ရဲ့ (buying power) လို့ ခေါ်တဲ့ ဝယ်ယူနိင်မှူစွမ်းအား က 376 ဒေါ်လာပဲရှိတော့မှာဖြစ်ပါတယ်။ ရာခိုင်နန်းအားဖြင့်ဆိုရင် သင့်ရှိငွေရဲ့ 60% လောက်က လျော့သွားတာပေါ့။ 60% ဆိုတာနည်းနည်းနောနောဆုံးရှူံးမှူမဟုတ်ပါဘူး။ အကယ်၍ သင် က ဆွစ်ငွေ ကိုသာဝယ်ယူထားမယ်ဆိုရင် အဲဒီ တစ်ထောင် ရဲ့ ဝယ်ယူနိင်မှူစွမ်းအား က 998.94 ရှိပါတယ်။ 1% သာသာလေးပဲ လျော့ပါတယ်။ ဒါဟာတော်တော်ကြီးမားတဲ့ ကွဲပြားမှူဖြစ်ပါတယ်။ ဒီကွဲပြားမှူ တစ်ခုဟာသင့်ကို ငွေအများကြီးဝင်အောင်လုပ်ပေးနိင်သလို ၊ ငွေကြေးဖောင်းပွမှူ ကြောင့် ငွေကြေးတန်ဖိုးလျော့ကျမှူ ကို ကာကွယ်နိင်မှာဖြစ်ပါတယ်။ သင်သာဆွစ်ငွေကို ၀ယ်ယူထားပြီး အခုအချိန်မှာ ဒေါ်လာပြန်လဲမယ်ဆိုရင်ငွေအမြတ်တော်တော်များများရမှာဖြစ်ပါတယ်။ ဆွဒ်ငွေ နဲ့ ဒေါ်လာ နိင်ငံတကာငွေကြေးလဲလှယ်မှူ နုန်းက တစ်နှစ်ကို ဒေါ်လာရဲ့ တန်ဖိုးဟာပျမ်းမျှအားဖြင့် 6% လောက်ကျပါတယ်။ ဒါကြောင့် သင်သာ သင့်မှာရှိတဲ့ ငွေတန်းဖိုး ကို ထိန်းသိမ်းထားလိုတယ် ဆိုရင်ဖြင့် အကောင်းဆုံးနည်းလမ်းများကတော့ ….

ဆွဒ်ဇာလန် နိုင်ငံမှာရှိတဲ့ ဘဏ်မှာ အကောင့်ဖွင့် ထားပြီး ငွေစုထားခြင်း ၊
ဒါမှမဟုတ် နိင်ငံတကာငွေကြေးဈေးကွက် မှာ ဒေါ်လာ ၀ယ်မဲ့အစား ဆွဒ်ငွေကို ၀ယ်ယူစုဆောင်းထားဖြင်း၊
 ဆွဒ်ဇာလန်နိုင်ငံ ကုမ္မဏီစတော့ရှယ်ယာများဝယ်ထားခြင်း
အစိုးရ ဘွန်းစာချုပ်များဝယ်ထားခြင်း စသည့် နည်းလမ်းများဖြင့် လွယ်ကူစွာ ငွေများကို လုံခြုံစိတ်ချစွာ နှင့် တန်ဖိုးထိန်းသိမ်းခြင်းကိုလုပ်နိင်ပါကြောင်း ။

(မှတ်ချက်။ ။ ကျွန်တော်၏အမြင်ကို ရူဒေါင့်တစ်ခုမှတင်ပြခြင်းဖြစ်ပြီး သဘောထားကွဲလွဲမှူကို ကျေနပ်စွာခံယူပါသည်။)

Martin ( မောင်မာတင်)

Sort:  

Bro steemit အ​ကြောင်း​ရေးထားတဲ့စာ​တွေ အရင်​ဖတ်​သင့်​ပါတယ်
အရင်​ post တစ်​ခု cheetah ထိထားပါတယ်
Own post များ​ရေး​စေလိုပါတယ်
Introduction post အရင်​တင်​သင့်​ပါတယ်
https://www.facebook.com/profile.php?id=100005524158880
ကို လာ​မေးလို့ရပါတယ်

ဘရိုရေ tag တွဲထည့်နေရာမှာ myanmar နဲ့ထည့်ပေးပါ အဲ့မှာ myanmar tag listထဲရောက်လာမှာ

Congratulations @royalkyawhtet! You received a personal award!

Happy Birthday! - You are on the Steem blockchain for 2 years!

You can view your badges on your Steem Board and compare to others on the Steem Ranking

Vote for @Steemitboard as a witness to get one more award and increased upvotes!