My planets (@aggamun)

in #gaming7 years ago

မတွေ့တော့လည်း မတွေ့လို့ ပေါ့။ အဲ တွေ့ပြန်တော့ လည်း လုပ်စရာတွေက တောင်လိုပုံနေပြန်ရော။ ဟိုဟာ လုပ်လို့ မပြီးသေး ဒီဟာ ကလည်း လုပ်စရာ ရှိနေပြန်။ ဒီဟာ လုပ်ပြန်တော့ မပြီးခင်မှာပဲ နောက်တစ်ခုက ပေါ်လာသေး။ ဖုန်းက မီးအား ကျလာတော့ အားသွင်းဖို့ နားရပြန်ဦးမည်။ မနားလို့ တော မရဘူးလေ။ မျက်လုံး လည်း အနားပေး ဖုန်းလည်း အနားပေး ထားမှ မဟုတ်လား။ နို့မို့ဆို တစ်ချိန်လုံး ဖုန်းနဲ့ မျက်လုံးက ခွာတာ မဟုတ်ဘူး။ ကြာကြာ ဝါးချင်တဲ့ သွားက ဘာ စားစား အရိုးကို ကြည့်ရှောင်နေရတာ ပေါ့လေ။

ဒါတောင် ကစားချင်လွန်းလို့ ဖုန်းထဲ ထည့်ထားတဲ့ Clash royale နဲ့ PUBG လည်း ကောင်းကောင်း မဆော့ဖြစ်လို့ပေါ့။ တခြား trading တွေ airdrop တွေ အကုန်နားပြီး စတီးမစ်မှာ ပဲ စိတ်ကို ထည့်ထားလို့ အခုလို နားဖို့ အချိန်ရတာ။ အရင်လိုသာဆို လေ တောင် လည်နိုင်မယ် မထင်။

စတီးမစ်ကလည်း အကုန် ချိတ်နေတာ ဆိုတော့ social media လား? gaming လာ? dapp တွေလား? လုပ် မဆုံးနိုင်အောင် ရှိပါတယ်။ social media ဘက်မှာ တင် ကိုယ့်ရဲ့ အမာခံ မိတ်ဆွေ ဆရာသမား များရဲ့ ပိုစ့် တွေပဲ နည်းတာ မဟုတ်။ တစ်ချို့စာတွေက ပေါ့ပေါ့ပါးပါး ပေမယ့် ကိုယ် အတွေးနဲ့ ကိုယ်ကတော့ နယ်ချဲ့မယ်ဆို ချဲ့ လို့ရတဲ့ စာမျိုးတွေပါ။ ဒီလိုစာ မျိုးတွေကို အပေါ်ယံ ရှပ် ပြီး ဖတ်နေမယ့် အစား လုံးဝ မဖတ်ဘဲ နေလိုက်တာမှ ကောင်းဦးမယ်။ ဒါက ကိုယ့် ခံယူချက်။ ဒါကြောင့် တစ်ချို့ ပိုစ့်တွေ ment တောင် ဝင်မရေးဘူး။ ပေါ့တန် လွန်းတယ် ထင်မှာ စိုးလို့။

ဗုတ်တော့ မလွတ်တမ်း ပေးဖြစ်ပါတယ်။ ဒါကြောင့်မို့လား မသိ ကိုယ် တင်တဲ့ ပိုစ့်တိုင်း လိုလို မိတ်ဆွေ အမာခံ များရဲ့ ဗုတ်လေးတွေ တန်းစီ နေတာပဲ။ ဒါကပဲ ယခု ထိ စတီးမစ်ကို စိတ်မကုန် သေးတဲ့ အချက်တွေထဲ က အရေးကြီးတဲ့ အချက်တစ်ခုပါပဲ။ ဟုတ်တယ်လေ ကိုယ် ရေးတဲ့ တောင်ရောက်လိုက် မြောက်ရောက်လိုက် စာမျိုးကို ကိုယ့်ဘာသာ ကိုယ်တောင် မဗုတ်ဘူး အေးရော။

လောလောဆယ်တော့ planet ၃ လုံးနဲ့ လကါမလည် နိုင်လောက်အောင် အလုပ်ရှုပ်နေပါတယ်။ အခုထိတော့ planet တွေရဲ့ name ကို ပြောင်းတာ အဆင်မပြေသေးပါ ဘူး။ သူများတွေ ပြောင်းတာ ခက်ခက်ခဲခဲ ရှိပုံ မရပါဘူး။ ကိုယ့်ကျမှ ဘယ်နေရာ လာ တစ် နေပါလိမ့်။

So many thanks for reading and visiting my blog.

Have a good day to all steemians!

@aggamun

To play steemmonsters : https://steemmonsters.com?ref=aggamun

Using share2steem.io : https://share2steem.io/?ref=aggamun

My bounty post for this week : https://steemit.com/myanmar/@aggamun/together-with-you-1-steem-bounty-thng-esny-nyaa-thng-wng-atu-week-26-aggamun



Posted from my blog with SteemPress : http://steemhosting.com/aggamun/?p=278