ရွှေရောင်လွှမ်းတဲ့ရာသီလိဒ်

in INVEN Gaming6 years ago

shwe.jpg
https://steemmonsters.com/

စတင်းမွန်းစတားရဲ့ ရာသီဟောင်းတစ်ခုကတော့ ပြီးဆုံးသွားခဲ့ပါပြီ နောက်ထပ်ရာသီလိဒ် အသစ်တစ်ခုကိုလည်းယနေ့မှာ စတင်ကစားနေပါပြီ ပြီးခဲ့သော ရာသီလိဒ်မှာတော့ အကျိုးအမြတ် အတော်အတန် ရရှိခဲ့ပါတယ် လီဂမ်းကဒ်ရရှိမှုတော့ လုံးဝ မရှိခဲ့ပါဘူး လီဂမ်းပလိန်းဖြစ်ခဲ့ပါတယ် ထို့အတူ ရွှေကဒ်ရရှိမှုကတော့ တကယ့်ကို များပြားခဲ့ပါတယ် ရွှေရောင်လွှမ်းတဲ့ ရာသီလိဒ်တစ်ခုလို့တောင် ဆိုနိုင်ပါလိမ့်မယ့် ရွှေရောင်ကဒ်တွေချည့် အမြဲရနေတာဖြစ်လို့ အတော်လေး ကို ဟန်ကျ ပန်ကျဖြစ်ခဲ့ပါတယ် ရသမျှကိုတော့ စတင်းနဲ့ လဲလှယ် ထုတ်ယူလိုက်ပါတယ် အခုတလောမှာ စာရေးခြင်းကနေ အကျိုးအမြတ်ရရှိမှု နည်းပါးနေချိန်ဖြစ်လေတော့ စတင်းမွန်းစတားကနေ အကျိုးအမြတ် လှည့်ပြီးရနေလို့ ခုသာ ခံသာရှိတယ်ဘဲပြောရပါတော့မယ်

shwe1.jpg
https://steemmonsters.com/

ဒီတစ်ပါတ်မှာတော့ ဒီအီးစီရရှိမှုကလည်း နည်းလာခဲ့ပါတယ် အရင်တုန်းကလို ထောင်ချီတဲ့ ဒီအီးစီ ကဒ်တွေ မရလိုက်ပါဘူး နေ့စဉ်ကစားတာကနေတော့ ဒီအီးစီ သုံးရာဝန်းကျင်လောက် ပုံမှန်ရပါတယ် အဲ့ဒါလေးတွေကိုတော့ သုံးရက်တစ်ခါလောက် စုပြိး ရောင်းလိုက်တာပါဘဲ စတင်းဈေးကလည်း တက်တော့မလိုလို ကျတော့မလိုလိုဆိုတော့ ကိုင်ရအခက် ရောင်းရအခက်ဖြစ်စေပါတယ် အိတ်တွေကတော့ ဈေးတက်ခဲ့ပါတယ် တစ်ဒေါ်လာ နားထိ ဖင်တေ့ခဲ့တာ တွေ့ရပါတယ် အဲ့သလောက်နဲ့ မတော်လိုက်မိတော့လည်း ခုဈေးပြန်ကျတော့ လည်တည်တည်ဖြစ်နေရပြန်ပါတယ် ဒီထက်လည်း ဈေးက ထပ်မကျနိုင်တော့ဘူးလို့ ဆိုကြပါတယ် ဒါဆိုရင်တော့ ဈေးနောက်တစ်ကြိမ် အတက်ပြတာကိုဘဲ ထပ်မံစောင့်ဆိုင်းရမလိုပါဘဲ ဒိကောင်ကတော့ အခုလို အတက်အကျလေးနဲ့ ပြေးလွှားနေရမယ်ထင်ပါတယ် ဒါကြောင့် အသေကိုင်ထားတာထက် လွှတ်လိုက် ဖမ်းလိုက် လုပ်တာက အကျိုးအမြတ် ပိုနိုင်ပါလိမ့်မယ် ရေလိုက်လွဲရင်လည်း ရှိတာလေး လျှော့နိုင်တာဖြစ်လို့ သတိတော့ ထားရပါလိမ့်မယ်

shwe2.jpg
https://steemmonsters.com/

စတင်းမွန်းစတားကို ဒီရာသီလိဒ်မှာ ပြင်ဆင်မှု အနည်းငယ် လုပ်ဆောင်ထားပါတယ် စစ်အင်အားကို တစ်နိုင်တစ်ပိုင် တိုးချဲ့ထားပါတယ် အိတ်ထဲကလည်း မစိုက်ရ အကျိုးအမြတ်လည်း အကုန်ပြန်ရင်းနှီးတာမျိုးမဟုတ်ပါဘဲ ရရှိတဲ့ အကျိုးအမြတ်တွေထဲကနေ တစ်ချို့ကို စစ်အင်အားထပ်ဖြည့်ဝယ်လိုက်တာပါ ၀ယ်တယ်ဆိုပေမယ့်လည်း အကုန်တော့ ထောင့်စေ့အောင် မ၀ယ်နိုင်ပါဘူး ကိုယ့်မှာ အဓိက လိုအပ်နေတဲ့ ဟီးရိုးလိုင်းကို အားထပ်ဖြည့်လိုက်တဲ့ အခြေအနေသာဖြစ်ပါတယ် ရာသီလိဒ်တိုင်းမှာ ဒိုင်းမွန်း ရောက်ဖို့ ရုန်းကန်ရတာ တော်တော်ခက်ခဲပါတယ် ဒါကြောင့် အတင်းဖျစ်ညှစ်ကစားရတာကို အနည်းငယ်သက်သာစေအောင် စစ်အင်အားကို အားဖြည့်လိုက်တာပါ ဒါကြောင့် လာမယ့် ရာသီလိဒ်မှာတော့ ဒိုင်းမွန်းကို မှန်မှန်လေး ကစားပြီး ရောက်သွားမယ်လို့ ယူဆပါတယ်

@bobokyaw

Sort:  

This post has been rewarded by the Steem Community Curation Project. steemcurator02(#communitycuration02)