ရောက်ခဲ့ပါပြီ Tongyeong နယ်မြေဆီ

in INVEN Gaming4 years ago

tt.jpg
https://playror.com/

ဒီရက်ပိုင်းကောတ့ နေရာပြောင်းရွှေ့ခြင်းကို အတော်လေး သဘောကျနေမိပါတယ် နေရာတစ်ခုကနေ အခြားနေရာသစ်တစ်ခုပြောင်းရွှေ့ရတဲ့အခါ အပြင်လောကမှာလိုဘဲ ပျော်ရွှင် ကျေနပ်ခြင်းမျိုး ခံစားရလေ့ရှိပါတယ် နယ်မြေသစ်မှာ ဘာတွေများ ရမည်လဲ ဘာတွေ အသစ်အဆန်းတွေ့ရမည်လဲ ဆိုတာက တကယ့်ကို ပျော်စရာပါ အခုလည်း နယ်မြေသစ်တစ်ခုကို ရောက်ပြန်ပါပြီ ဒီနေရာကို မနေ့တည်းကနေ ပြောင်းရွှေ့လာတာပါ ခရီးသွားကြာချိန်က ငါးနာရီကျော်လောက် ကြာမြင့်ခဲ့ပါတယ် မနေ့က ခရီးသွားခြင်းအုလပ်တစ်ခုတည်းလုပ်ခဲ့ရလို့ ဘာမှတော့ ထပ်တိုး ရလာတာမရှိသေးပါဘူး အခုနယ်မြေအသစ်မှာတော့ အလုပ်စတင်လုပ်ကိုင်ဖို့ နယ်မြေစူးစမ်းရေးလေးတွေ လုပ်ကြည့်နေရပါတယ် ဒီနယ်မြေက နယ်မြေသစ်ဖြစ်နေတော့ စမ်းတ၀ါးဝါးနဲ့ဘဲ လေ့လာရတာပါဘဲ ဘာတွေများရှာဖွေ တွေ့ရှိနိုင်မည်လဲမသိသေးပါဘူး ပါတ်ဝန်းကျင် နယ်မြေတစ်ခုလုံးကတော့ စိုက်ပျိုးရေး အချက်အချာကျတဲ့ ဒေသဖြစ်ပါလိမ့်မယ် ဘယ်နေရာကြည့်ကြည့် သစ်တောတွေ မြေနိမ့်လွင်ပြင်တွေ စိုက်ခင်းတွေနဲ့ ပြည့်နှက်နေတာပါ နယ်မြေ အခြေအနေကတော့ အေးချမ်းမယ့်သဘောပါဘဲ အလုပ်အကိုင် အခြေအနေကတော့ တောနက်ထဲကို သွားရောက်လုပ်ကိုင်ရမှာပါ ဘာတွေများရမည်လဲ

t.jpg
https://playror.com/

ဝေးလံသော တောအုပ်ထဲမှာတော့ ရှာဖွေရမယ့် နေရာသစ်တစ်ခုကိုလှမ်းမြင်ရပါတယ် Oilfield ဆိုတဲ့ mining လုပ်ကိုင်ရမယ့် နယ်မြေပါ သစ်တောရဲ့ အလယ်မှာရှိပါတယ် စခန်းချရာနေရာနဲ့ အတော်ကို အလှမ်းဝေးတာမြင်ရပါတယ် ပြီးတော့ လူသူလေးပါး အသွားအလာ နည်းပါးရာအရပ်လည်းဖြစ်တယ် တောနက်ထဲမှာလည်း ဖြစ်တဲ့အတွက် စစ်သားတွေရဲ့ လုံခြုံရေးကိုတော့ စိုးရိမ်မိပါတယ် အခုရောက်ရှိနေတဲ့ နယ်မြေစခန်းမှာက ဆေးရုံဆေးခန်းမရှိပါဘူး ဆေးရုံရှိရာ မြို့နဲ့ကလည်း အတော်လေး အလှမ်းဝေးပါတယ် ဒီနယ်မြေက နယ်မြေအစွန်အဖျားဖြစ်လို့ အထောက်အပံ့ကောင်းတွေ ရဖို့ ခက်ပါတယ် ဒါပေမယ့် ဒိနယ်မြေမှာ ရမယ့် အရာအတွက် ကြိုးစားကြည့်ရပါဦးမယ် တောထဲက မိုင်းတွင်းကို စစ်သားတွေ စေလွှတ်လိုက်ပါတယ် အလုပ်ကြာချိန်ကို ကြည့်မိတော့ အားပျက်သွားမိပါတယ် အသွားအပြန် ကြာချိန်က ကိုးနာရီတောင် ကြာမှာပါ ဒါဆိုရင်တော့ အလုပ်သိပ်မဖြစ်ပါဘူး တစ်ရက်မှာ နှစ်ကြိမ်သာ အလုပ်ဆင်းနိုင်ကြမှာပါ
စစ်သားတွေ အထိအခိုက် မဖြစ်ပါစေနဲ့လို့ ဆုတောင်းရပါလိမ့်မယ် ဒီနေ့တော့ အစမ်းသဘောနဲ့ အလုပ်လုပ်ခိုင်းလိုက်ပါပြီ မနက်ဖန်မှ အခြေအနေဘယ်လိုရှီတယ်ဆိုတာ သိရပါတော့မယ်

@bobokyaw

Sort:  

This post has been rewarded by the Steem Community Curation Project. steemcurator02(#communitycuration02)

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.033
BTC 63626.14
ETH 3107.70
USDT 1.00
SBD 3.87