ဖန်လုံးလေးထဲကလီဂမ်း

in INVEN Gaming6 years ago

lg.jpg

https://steemmonsters.com/

စတင်းမွန်းစတားမှာ လီဂမ်းကဒ်တွေ ဈေးကောင်းတယ် ဈေးတန်ပါတယ် သုံးလို့လည်း သိပ်ကောင်းတဲ့ ဟီးရိုးတွေဖြစ်ပါတယ် လေဗယ်မြင့်သူတွေအတွက် ကောင်းသလို လေဗယ်အနိမ့်သမားတွေလည်း အားကိုးစရာ ဟီးရိုးများဖြစ်ပါတယ် လီဂမ်းကဒ်တွေက ရှားပါးကဒ်အမျိုးအစားထဲမှာပါနေတဲ့အတွက် ကိုင်ထားရင်လည်း သုံးလို့ အဆင်ပြေသလို ရောင်းရင်လည်း ဈေးရပါတယ်
မနေ့ကတော့ ဖန်လုံးလေးတစ်လုံး ရပါတယ် ဖန်လုံးလေးက သူ့ချည့်တော့ အသုံးမ၀င်ပါဘူး ရွှေဆေးပုလင်းတွေ လီဂမ်းဆေးပုလင်းတွေ နဲ့ တွဲစပ်ပြီး အသက်သွင်းလိုက်ရင်တော့ အံ့မခန်းတဲ့ ဟီးရိုးအသစ်တွေထုတ်လုပ်ပေးပါတယ်
ဖန်လုံးလေးတွေရတိုင်းအမြဲတမ်း ကံစမ်းပါတယ် အများအားဖြင့်တော့ ရိုးရိုးကဒ်တွေသာ ရလေ့ရှိပါတယ် အခုလို လီဂမ်းကဒ်ရတာကတော့ ဒါနဲ့ဆိုရင် နှစ်ကြိမ်မြောက်ဖြစ်ပါတယ် ဒီတစ်ခါရတာကတော့ ဈေးအများကြီးတော့ မတန်ပါဘူး
လက်ရှိကာလပေါက်ဈေးအရဆိုရင်တော့ သုံးဒေါ်လာ ၀န်းကျင် တန်ပါတယ် လီဂမ်းကဒ်တွေက ၀ယ်မယ့်သူ များတယ် ကိုယ်တိုင်ကလည်း လီဂမ်းကဒ်စုလေ့ စုထ မရှိတာကြောင့် ရတာနဲ့ ချက်ခင်ျး ရောင်းလိုက်ပါတယ်
မှောဖန်လုံးလေးတွေ များများရရင်တော့ အခုလို ဟီးရိုးအသစ်တွေ များများစုနိုင်မယ် ရနိုင်မယ်လို့ သိရတယ် ရွှေဆေးပုလင်းတွေနဲ့ လီဂမ်းဆေးပုလင်းများများ စုမိတဲ့အချိန်ကို စောင့်ပြီး မှော်ဖန်လုံးလေးကို ခွဲသင့်ပါတယ် ဒါမှသာ ဟီးရိုး အလန်းစားတွေရဖို့ အခွင့်အရေးပိုရမှာဖြစ်ပါတယ် ရွှေဆေးပုလင်းနဲ့ လီဂမ်းဆေးပုလင်းက ၀ယ်လို့တော့ရပါတယ် နေ့စဉ် ရတဲ့ဆုကြေးကနေစုတာတော့ အကုန်အကျသက်သာပါတယ်
စတင်းမွန်းစတားကတော့ နည်းနည်းချင်းတော့ စတင်းတွေ ထွက်နေတုန်းပါဘဲ စိတ်ရှည်ရှည်တော့ စောင့်ပြီး ကစားဖို့လိုအပ်ပါသေးတယ် တန်ဖိုးများတဲ့ ကဒ်တွေကတော့ ရဖို့ အခွင့်အရေး နည်းလွန်းပေမယ့် အခုလို တန်ဖိုးအသင့်အတင့်ကဒ်လေးတွေတော့ မျှော်ပြီး ကစားနေတုန်းပါ အခြားဂိမ်းတွေကတော့ တဖြည်းဖြည်း မှေးမှိန်သွားပေမယ့် စတင်းမွန်းစတားက တဖြည်းဖြည်းချင်းကြိးထွားလာနေတယ် ဒါက ကောင်းမွန်တဲ့ တိုးတက်မှုပါဘဲ ကစားသူတွေ ကဒ်စုဆောင်းသူတွေ နောင်တစ်ချိန် အကျိုးအမြတ် ဖြစ်ထွန်းလာနိုင်တဲ့ အခြေအနေပါဘဲ
@bobokyaw

Sort:  

This post has been rewarded by the Steem Community Curation Project. steemcurator02(#communitycuration02)