ပေါင်းဖော်သူ

Screenshot_29.png

Image Credit To Google Search


သူတော်ကောင်းတို့နှင့်ပေါင်းဆုံခြင်းသည် တစ်ကြိမ်သာလျှင်ဖြစ်၏။ (၀ါ)

တစ်ကြိမ်သာလျှင်ဖြစ်စေကာမူ ထိုတစ်ကြိမ်မျှ ဆုံရ တွေ့ရခြင်းသည် သူတော်ကောင်းတို့နှင့် ပေါင်းဆုံတွေ့ရသော ထိုသူကို

အကျိုးမဲ့ပယ်ရှား အကျိုးများအောင် ရွက်ဆောင်စောင့်ရှောက်တတ်ပေ၏။

သူယုတ်မာတို့နှင့် အကြိမ်များစွာ ဆုံစည်းရခြင်းသည် (၀ါ) အကြိမ်များစွာ ပေါင်းဆုံရစေကာမူ

အကျိုးများအောင် မရွက်ဆောင် မစောင့်ရှောက်တတ်ချေ။


အပေါ်ကစာကိုဖတ်ကြည့်ရင်းနဲ့ သူတော်ကောင်း လို့သတ်မှတ်ထားတဲ့သူတွေနဲ့ ပေါင်းရတာ

ကိုယ့်အတွက်အကျိုးများတတ် တယ်ဆိုတာ သိလာရတယ်....................

သူတော်ကောင်းမဟုတ်တဲ့ သူယုတ်မာတွေနဲ့ ပေါင်းနေရတာက တသက်လုံးပေါင်းလဲ

အကျိုးမဖြစ် အကျိုးမဲ့သာဖြစ်ကြောင်း သိလိုက်ရတယ်..................

ဒါက မြတ်ဘုရားဟောထားခဲ့တဲ့ တရားစာတွေသာဖြစ်တယ်....................

မြတ်ဘုရားက ကယ်တင်မှာမဟုတ်ပါဘူး.................. လမ်းပဲညွှန်ပြထားတာ..................

မသွားသင့် သွားသင့်က ကိုယ်တိုင်လုပ်ရမဲ့အရာသာဖြစ်တယ်......................

မကောင်းတဲ့လမ်းသွားရင် မကောင်းတဲ့လမ်းရောက်မှာ

ကောင်းတဲ့လမ်းသွားရင် ကောင်းတဲ့လမ်းကိုရောက်မှာ

သွားတဲ့သူရဲ့အလုပ်ပဲ...................

@kingorcasteem

Coin Marketplace

STEEM 0.05
TRX 0.28
JST 0.046
BTC 64104.00
ETH 1860.02
USDT 1.00
SBD 0.42