YouTube နှင့် ထူထောင်သူများအကြောင်း

in #knowledge9 years ago (edited)

YouTube ဆိုတာ သီချင်းနဲ့ ဗီဒီယိုမျှဝေရေးဝက်ဘ်ဆိုဒ်တစ်ခုဖြစ်ပြီး အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယား ပြည်နယ်၊ ဆန်ဘရူနိုမြို့မှာ ရှိပါတယ်။
ဒီလိုမျိုးအခမဲ့ဝက်ဘ်ဆိုဒ်ကို စပြီးထူထောင်သူတွေကတော့ PayPal ကုမ္ပဏီက ဝန်ထမ်းသုံးဦးဖြစ်တဲ့ ချတ်ဟာလေး၊ စတိဗ်ချန်းနဲ့ ဂျာဝဒ်ကာရင်းတို့ပဲဖြစ်ပါတယ်။

YouTube ကို ၂၀၀၅ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာစပြီး ထူထောင်ခဲ့တာဖြစ်ပါတယ်။ ထူထောင်ပြီး တစ်နှစ်အကြာမှာ Google နဲ့ ချိတ်ဆက်နိုင်ခဲ့တယ်။

YouTube ဝက်ဘ်ဆိုဒ်ရဲ့ အဓိကအားသာချက်က သူ့ရဲ့ဝက်ဘ်ဆိုဒ်မှာ register လုပ်မထားတဲ့သူတွေလည်း ကိုယ်နှစ်သက်ရာ ဗီဒီယိုဖိုင်တွေကို အခမဲ့ကြည့်ရှုနိုင်တာပဲဖြစ်ပါတယ်။

register လုပ်ထားမယ်ဆိုရင်တော့ ဗီဒီယိုဖိုင်တွေကို တင်ပြီး ကိုယ်ပိုင်ရုပ်သံလိုင်းတစ်ခု ထူထောင်နိုင်မှာ ဖြစ်ပါတယ်။

ဒီဝက်ဘ်ဆိုဒ်ကို မထူထောင်ခင်တုန်းက စတိဗ်ချန်းရဲ့အိမ်မှာလုပ်ခဲ့တဲ့ညစာစားပွဲမှာ ဗီဒီယိုရိုက်ရင်း ဒီဗီဒီယိုကို မျှဝေဖို့ ဝက်ဘ်ဆိုဒ်ကောင်းကောင်း ရှာမတွေ့ခဲ့ချိန်ကစပြီး သူတို့သုံးဦးသား ဒီလိုမျိုး ဗီဒီယိုမျှဝေရေးဝက်ဘ်ဆိုဒ် တစ်ခု ထူထောင်ဖို့ စိတ်ကူးရခဲ့တာ ဖြစ်ပါတယ်။

အဲဒီမတိုင်ခင်ကလည်း ဆူနာမီလို ထူးခြားတဲ့ဖြစ်စဉ်တွေဖြစ်တဲ့အချိန်မှာ အဲဒါတွေကို ကြည့်ဖို့ အွန်လိုင်းမှာ ရှာပေမယ့် ဗီဒီယိုဖိုင်တင်ပေးတဲ့ဝက်ဘ်ဆိုဒ်ကို မရှိတဲ့အတွက် ဗီဒီယိုဖိုင်သီးသန့်တင်ပေးတဲ့ဝက်ဘ်ဆိုဒ် ထူထောင်ဖို့ စိတ်ကူးအစပျိုးခဲ့ကြတာပဲဖြစ်ပါတယ်။

ဒီဝက်ဘ်ဆိုဒ်ကို စပြီးထူထောင်ချိန်မှာ သူငယ်ချင်းသုံးဦးလုံးက အသက် ၃၀ စွန်းစွန်းပဲရှိပေမယ့် အခုတော့ ၁၀ နှစ်ကျော်ပြီဖြစ်လို့ အသက် ၄၀ စွန်းကုန်ကြပါပြီ။

YouTube မှာ ပထမဆုံးတင်တဲ့ဗီဒီယိုက Me at the zoo ဖြစ်ပြီး YouTube တွဲဖက်ထူထောင်သူတစ်ဦးဖြစ်တဲ့ ဂျာဝဒ်ကာရင်းက တင်ထားတာဖြစ်ပါတယ်။ ၁၈ စက္ကန့်ကြာမြင့်တဲ့ အဲဒီဗီဒီယိုကို အခုဆို ကြည့်ရှုတဲ့သူပေါင်း ၃၅ သန်း ကျော်သွားပြီဖြစ်ပါတယ်။ IMG_20170711_123827.jpg

Coin Marketplace

STEEM 0.06
TRX 0.30
JST 0.054
BTC 74257.46
ETH 2326.10
USDT 1.00
SBD 0.51