အတွေးအပိုင်းစအချို့

in #life6 years ago (edited)

လူတစ်ယောက်ဟာလောကထဲရောက်လာပြီဆိုရင်
သူ့အတွက်ပထမဆုံးအတွေ့ကြုံဟာ'ငိုကြွေးခြင်း'ပါ။
ကျွန်တော့်တို့လူသားတွေအတွက်လောကကြီးဟာ
အရမ်းကျယ်ပြန့်တဲ့ပင်လယ်ပြင်ကြီးဖြစ်ပြီး
အရမ်းကိုနက်စောက်လွန်းတဲ့သမုဒ္ဒရာနက်ကြီးသဖွယ်
အန္တရယ်တွေ့စိန်ခေါ်မှုတွေအပြည့်ရှိနေပါတယ်။
ပထမဆုံးတွေ့ကြုံရတဲ့.,ငိုကြွေးခြင်း..မှာတင်လောကကြီးထဲ
ကျွန်တော်တို့စတင်ရောက်ရှိခြင်းလို့အသိပေးလိုက်တာပါ။
တစ်ဆင့်တက်ပြီး လမ်းလျှောက်တတ်တဲ့အရွယ်မှာတော့
အရာရာကိုစူးစမ်းခြင်လာပါပြီ။မီးကိုကိုင်လို့ပူမှန်းမသိသေးတဲ့
ဒီအရွယ်လေးမှာမြင်မြင်သမျှကိုလေ့လာနေပါပြီ။
အမေဘုရားကန်တော့နေတာတွေ့ရင်အလိုလိုဦးချတတ်လာပါပြီ စကားလုံးလေးမပီကလာနဲ့ သြကာသကန်တော့ချိုးကိုကန်တော့မိပါပြီ။ယဉ်ကျေးပြီးဘာသာရေးကိုင်းရှိုင်းတဲ့ပတ်ဝန်းကျင်မှာ
ကြီးပြင်းလာတဲ့ကလေးတစ်ယောက်ရဲပအပြုမူတွေပေါ့။
တစ်ခါဆန့်ကျင်ဖက် ရိုင်းစိုင်းတဲ့ပတ်ဝန်းကျင်မှာကြီး
ပျင်းလာရင်တော့ ထိုကလေးဟာ စကားပြောတတ်ချိန်မှာ
အဆဲပေါင်းစုံကိုအလိုလိုတတ်နေပါပြီ။ကျွန်တော်တို့အနေနဲ့
ကလေးတစ်ယောက်ရဲ့အပြုမူကိုအလေးမထားဘဲပေါ့ပေါ့နေမယ်ဆိုရင်ထိုကလေးဟာကြီးပြင်းလာတဲ့အခါလူကောင်းဖြစ်ဖို့ထက်လူဆိုးဖြစ်ဖို့ ရာခိုင်နှုန်းပိုများလာတတ်ပါတယ်။
ဥပမာ.အနောက်ဥရောပမှာဆိုရင် ကလေးတစ်ယောက်ကို
အလေးထားစောင့်ကြည့်ပါတယ်။
အထူးသဖြင့်စောင့်ကြည့်ခြင်းဟာကလေးအတွက်ကော
ပတ်ဝန်းကျင်အတွက်ပါ။အကျိုးသက်ရောက်ပါတယ်။
စောင့်ကြည့်ခြင်းဖြင့်ထိုကလေးရဲ့ စရိုက်ကိုသိနိုင်သိလို
ကလေးရဲ့အပြုမူကိုအမြန်သိနိုင်ပါတယ်။
ဒါကြောင့်သိပ္ပံပညာရှင်တွေဟာစမ်းသပ်မှုမပြုခင်စမ်းသပ်
ခံသူနဲ့စမ်းသပ်ပစ္စည်းကိုအရင်ဆုံးသေချာလေ့လာရပါတ
ယ်ထိုမှသာ အောင်မြင်သောစမ်းသပ်မှုဖြစ်နိုင်ပါမယ်။
ပတ်ဝန်းကျင်အတွက် မိမိကလေးဟာမည်မျှစွမ်းဆောင်နိုင်
သလဲ?ဆိုတာကိုတော့စောင့်ကြည့်ခြင်းဖြင့်အဖြေပေးနိုင်ပါ
တယ်ခင်ဗျာ။ဒါကြောင့်မိမိကလေးရဲ့လိုအပ်ချက်နဲ့အားသာချ
က်ကိုအမြဲစောင့်ကြည့်ပြီးမိဘကောင်းတစ်ဦးရဲ့စွမ်းဆောင်
ချက်ကိုပြသနိုင်ပါစေဗျာ။
@ecilia

Coin Marketplace

STEEM 0.18
TRX 0.13
JST 0.028
BTC 56758.93
ETH 3033.46
USDT 1.00
SBD 2.30