Love

in #love9 years ago

သတ္တိရှိမှချစ်ပါ
✒✒✒✒

လူတစ်ယောက်ကိုချစ်ဖို့ဆိုတာသတ္တိရှိဖို့
လိုပါတယ်။ကိုယ့်ဘဝထဲမှာသူ့ကိုနေရာပေးရဲတဲ့သတ္တိရှိမှ၊ကိုယ်ပိုင်တဲ့အချိန်တွေကိုသူ့အတွက်ဖဲ့ပေး
ရဲတဲ့သတ္တိရှိမှ၊ကိုယ့်ရဲ့ပျော်ရွှင်မှု ဝမ်းနည်းမှု
တိုင်းကိုသူနဲ့အတူမျှဝေခံစားရဲတဲ့သတ္တိရှိမှ၊
သူ့ရဲ့ဆိုးမွေ ကောင်းမွေတိုင်းကိုကိုယ်ကမငြို
မငြင်ခံယူရဲတဲ့သတ္တိရှိမှချစ်တာကအကောင်း
ဆုံးပါ။

ပြီးတော့ ကိုယ်ချစ်တဲ့သူဆီကဘာမှပြန်မ
မျှော်လင့်ဘဲ မေတ္တာနဲ့ပေါင်းစပ်ပြီးချစ်ဖို့
လည်းသတ္တိလိုပါတယ်။ကိုယ့်ချစ်သူကိုဖြူ
စင်ရိုးသားစွာတန်ဖိုးထားနိုင်ဖို့လည်းသတ္တိ
လိုတယ်။ကိုယ့်ကိုပြန်ချစ်နိုင်ပါ့မလားဆိုတဲ့
မျှော်လင့်ချက်နဲ့တစ်ဖက်သားကိုတုပ်နှောင်
မထားဖို့လည်းသတ္တိလိုပါသေးတယ်။

တကယ်တမ်းကျတော့သူ့ကိုယ်ချစ်တယ်ဆို
တာကိုယ့်ကိုယ်ကိုယ်ပေးလိုက်ရတာနဲ့အတူ
တူပါပဲ။ကိုယ့်အတွက်ချည်းနဲ့ပြည့်နေတဲ့
ကိုယ့်ဘဝထဲမှာ သူ့အတွက်သီးသန့်နေရာ
လေးတစ်ခုကျေကျေနပ်နပ်နဲ့ဖန်တီးပေး
လိုက်ရတာပါပဲ။

မနောဖြူ

Coin Marketplace

STEEM 0.06
TRX 0.32
JST 0.059
BTC 67943.95
ETH 2073.85
USDT 1.00
SBD 0.50