Kyauk Myat LoPar

in #love8 years ago (edited)

အမြဲသာယာပြီးပြည့်စုံနေခြင်းဆိုတာ မရှိသလို ...
အမြဲသောကရောက် မပြည့်စုံနေခြင်းဆိုတာလည်း မရှိဘူးတဲ့.
FB_IMG_1524971786861.jpg

ဘယ်လိုဘဲဖြစ်ဖြစ် ...
ကြုံနေရတဲ့ လောကဓံ ...
ဖြစ်ပျက်မှုတွေတိုင်းမှာ ...
စိတ်ဓါတ်ဆိုတာ ခိုင်မာအောင်လေ့ကျင့်တည်ဆောက်လို့ရတာပေါ့ ...

မငြိတွယ်သင့်တာ ...
မငြိတွယ်ချင်တော့တာမှန်သမျှ ...
ဖြတ်တောက်ဖို့ ...
မငြိတွယ် (မငြိတွယ်ရင် မေ့ပစ်ဖို့ကြိုးစားစရာမလို ခံစားမှုအားလုံးအေးငြိမ်းသွားပါတယ် ) ဖို့ ...
၂၄ နာရီအတွင်း တိကနဲဖြတ်တောက်ပစ်ဖို့လား ...
' စိတ်နှလုံးသား ' တည်ငြိမ်ခိုင်မာရင့်ကျက်ရတာပေါ့ ...

အဲ့အခြေအနေရောက်ဖို့ ...
အချိန်တွေလိုမယ် ...
မျက်ရည်တွေ လိုကောင်းလိုမယ် ...
မခံနိုင်လောက်အောင် နာကျင်ချင်နာကျင်ရမယ် ကိုယ်က ချစ်ရခြင်းဟာ နာကျင်ရခြင်းဆို ဝဋ်ကြွေး တဲ့ ...
သူရဲ့ချစ်ခြင်းမှာ ကိုယ်ဘက်ကပြန်မပေးနိုင် ...
သူခံစားနေရတာမြင်စိတ်မကောင်းဖြစ်ရခြင်းဟာ ... ကိုယ့်အတွက် ... ကျိန်စာလို့ဆိုရမလား ?

ချစ်ခြင်းမေတ္တာကို ဝဋ်ကြွေး ... ကျိန်စာ ... ခေါင်းစဉ်တွေအောက် ထည့်ရက်စရာမှမဟုတ်တာလေ

တကယ်လို့များ ... ခွင့်ရှိမယ်ဆို ...
ဆုတောင်းပါရစေ ...
လူပြန်ဖြစ်ခွင့်ရမယ့် ဘဝဆက်တိုင်း ...
မချစ်တတ် မမုန်းတတ်သူ ...
ကိုယ်က တစ်ပါးသူအား မစွဲလန်း ...
တစ်ပါးသူမှလည်း ကိုယ့်အားစွဲလန်းခြင်းကင်းတဲ့သူဖြစ်သာ မွေးဖွားရပါစေသား ...
ဒါပေမယ့် ...
အရာအားလုံးကျော်ဖြတ်ပြီးချိန် ...
စိတ်နှလုံးသားကို မငြိမ်းစေတာမှန်သမျှမှာ ...
မမွေ့လျော်တတ်တော့ဘူး ...
မမွေ့လျော်ချင်တော့ဘူး ...
2016-photocontest-yosemite-w-1.jpg

ကိုယ် ... ငြိမ်းချမ်းချင်တယ် ...
သူလည်း ... ငြိမ်းချမ်းပါစေ ...

Coin Marketplace

STEEM 0.07
TRX 0.30
JST 0.056
BTC 74186.70
ETH 2327.99
USDT 1.00
SBD 0.52